ကျိုက်မရော ပိန္နဲကုန်းဈေး မီးလောင်မှုဖြစ်ပွား ဈေးဆိုင်ခန်းအားလုံး ပျက်ဆီးဆုံးရှုံး

နိုဝင်ဘာ၂၁-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းကျေးရွာမှာ ဒီကနေ့ မနက်၂ နာရီခွဲခန့်က ပိန္နဲကုန်းဈေး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဈေးဆိုင်ခန်းအားလုံးနီးပါး ပျက်ဆီးဆုံးရှုံးသွားခဲ့ရတယ်လို့ ကျိုက်မရောမြို့မရဲစခန်းမှာ စခန်းမှူး ဒု-ရဲမှူး ကျော်ဇင်မင်းက ပြောပါတယ်။

” လက်တလော ကနဦးသုံးသပ်ချက်တွေအရ လျှပ်စစ်ဝါယာရှော့ ဖြစ်ပွားတယ်လို့ သိရတယ်။ ဘယ်ဆိုင်ခန်းကစပြီး မီးလောင်ကျွမ်းတယ်ဆိုတာတော့ စုံစမ်းနေဆဲပါ”လို့ ဒု-ရဲမှူး ကျော်ဇင်မင်းကပြောပါတယ်။

ပိန္နဲကုန်းဈေးအတွင်းက ဈေးဆိုင်ခန်းတစ်ခန်းမှာ ဝါယာရှော့ဖြစ်ရာကနေတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ကျွမ်းရာနေရာကို နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်တွေ ၊ နယ်မြေခံရဲတပ်ဖွဲ့၊ တပ်မတော်သားတွေ၊ လူမှုကူညီရေးအဖွဲ့ဝင်တွေ၊ ဒေသခံတွေနဲ့ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြတာဖြစ်ပါတယ်။

မီးလောင်မှုကြောင့် ဈေးဆိုင်ခန်း (၁၅၈)ခန်း မီးလောင်ပျက်ဆီးခဲ့တာကြောင့် ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ကျပ်သိန်း ၉၀၀ ကျော်ရှိတယ်လို့ ကျိုက်မရောမြို့မရဲစခန်းကနေ သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ(စုံစမ်းဆဲ)ကို ကျိုက်မရောမြို့မရဲစခန်းမှရာဇသတ်ကြီးဥပဒေပုဒ်မ-၂၈၅(မီးပေါ့ဆမှု)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Photo – ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအဖွဲ့
#voiceofmyanmar #VOM #ကျိုက်မရော #ဈေးမီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW