ကျောက်မဲက အနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံး

ကျောက်မဲ၊ နိုဝင်ဘာ- ၂၁- ၂၀၂၀ (VoiceofMyanmar) ၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် ကျောက်မြို့အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)က အရွေးချယ်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း ဦးထိုက်ဇော်ဟာ ကျောက်မဲမြို့ နောင်ပိန်ကျေးရွာအုပ်စုက နေအိမ်ရှေ့မှာတင် သေနတ်နဲ့ ပစ်ခတ်ခံရလို့ ကွယ်လွန်သွားပါတယ်။ လက်ရှိကျောက်မဲဆေးရုံကိုရောက်နေတဲ့ ကိုထိုက်ဇော်နဲ့ ညီအကိုလိုခင်တဲ့ သူငယ်ချင်း ကိုသားဇေ ာ် ပြောပြတာက “ကျနော်တို့ ခု ဆေးရုံမှာပဲရှိပါသေးတယ်၊ ၆ နာရီ မိနစ်၅၀ လောက်က ဆုံးသွားပါတယ်၊ အလောင်းသယ်ဖို့ကို မစီစဉ်ရသေးပါဘူး၊ သူ့ရွာက သူ့အိမ်ရှေ့မှာ ပစ်ခံရတာပါ” လို့ ငိုနေရင်း ပြောပြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကတော့ “ဒါမတိုင်ကလည်း ကျောက်မဲ ရွေးကောက်ပွဲကော်မရှင်ရုံးကို သေနတ်နဲ့ ပစ်ခံရတဲ့ သတင်းထွက်လာတယ်၊ ခုလည်း သူ့အိမ်ရှေ့ကို ဆိုင်ကယ်နဲ့လာပြီးတော့ ညာဘက်ရင်အုံကို ပစ်သွားတယ်ဆိုတော့ ဒါဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့…

Read More

မြစ်ကြီးနားက စားသောက်ဆိုင်တွေကို ဆိုင်ထိုင်စနစ်ပြန်ရောင်းခွင့်ပြုမယ်

နိုဝင်ဘာ ၂၁-၂၀၂၀ ရန်အောင်ထွန်း(VOM) မြစ်ကြီးနားမြို့အတွင်းက စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကို ပါဆယ်စနစ်နဲ့ ရောင်းချရာကနေ ဆိုင်ထိုင်စားသုံးသူတွေကိုပါ ပြန်လည်ရောင်းချခွင့်ပြုတော့မယ်လို့ မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးမှူး ဒေါ်အေးအေးဆွေက ပြောပါတယ်။ ” သတ်မှတ်ချက် စစ်ဆေးပြီးတဲ့အခါ အဆင့် (A) (B) (C) သတ်မှတ်ပြီး အဆင့် (A) ရတဲ့ ဆိုင်တွေကို ပြန်ဖွင့်ခွင့် ပေးသွားမှာဖြစ်တယ်”လို့ ဒေါ်အေးအေးဆွေကပြောပါတယ်။ စားသောက်ဆိုင်တွေ ပြန်ရောင်းဖို့ ကျန်မားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်နဲ့အညီ ဆိုင်အဝင်ဝမှာ အပူချိန်တိုင်းတာ၊ လက်ဆေးရည်ထားပေးတာ၊ စားသုံးသူအတွက် နှာခေါင်းစည်း(Mask) စီစဉ်ပေးတာတွေ ပြည့်စုံရမှာ ဖြစ်ပါတယ်။ အဲ့ဒီအချက်တွေ ပြည့်စုံမှုရှိ၊မရှိ ဒီကနေ့ နိုဝင်ဘာ ၂၁ ရက်မှာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတွေက လူအဝင်အထွက်များတဲ့ အရက်ဘီယာဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်က စားသောက်ဆိုင်ပိုင်ရှင် ကိုဇေယျာထိုက်ကတော့ ”…

Read More

စားသောက်ဆိုင်တွေကို ကိုဗစ်စည်းကမ်းနဲ့အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြုဖို့ ရန်ကုန်တိုင်းအစိုးရကိုတင်ပြထား

နိုဝင်ဘာ ၂၁-၂၀၂၀ သိင်္ဂီထွန်း(VOM) ရန်ကုန်တိုင်းထဲက စားသောက်ဆိုင်တွေကို COVID-၁၉ ကျန်းမာရေးညွှန်ကြားချက်တွေနဲ့ အညီ စနစ်တကျ ပြန်လည်ဖွင့်လှစ်ခွင့်ပြုဖို့အတွက် ရန်ကုန်တိုင်းအစိုးရကို အကြံပြုစာပေးပို့ထားတယ်လို့ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။ ကိုဗစ်ကပ်ရောဂါကာလမှာ Stay at Home အဖြစ် သတ်မှတ်ထားတာဟာ ကာလကြာမြင့်လာတာနဲ့အမျှ ပိတ်ထားရတဲ့လုပ်ငန်းတွေ ရပ်တည်နိုင်ဖို့ အခက်အခဲတွေရှိနေတာကြောင့် စားသောက်ဆိုင်လုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိဖို့ တင်ပြထားတာဖြစ်တယ်လို့ သိရပါတယ်။ “စားသောက်ဆိုင်လုပ်ငန်းရှင်တွေအနေနဲ့လည်း ဆိုင်တွေပြန်ဖွင့်ဖို့ လိုလားကြပါတယ်။ ဘာကြောင့်ဆို အိမ်လခတွေ၊ ဆိုင်လခတွေ၊ ဝန်ထမ်းလခတွေ ဒါတွေကို တော်တော်လေး ပေးနေရတော့ မခံနိုင်ကြတော့ဘူး။ နောက်ထပ် ၂ လလောက်သာ ဒီအတိုင်းပေးနေရမယ်ရင် နလန်မထူနိုင်တဲ့ဆိုင်တွေ အများကြီးဖြစ်သွားနိုင်တယ်”လို့ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း(MRA)ဥက္ကဋ္ဌ ဦးနေလင်းကပြောပါတယ်။ ဆိုင်တွေ ပြန်လည်ဖွင့်ခွင့်ရခဲ့မယ်ဆိုရင် စားသောက်ဆိုင်တွေအနေနဲ့လည်း ကိုဗစ်နဲ့အတူ ယှဉ်တွဲပြီး စည်းမျဉ်း၊စည်းကမ်းတွေအားလုံးကို လိုက်နာဖို့လိုအပ်တဲ့အတွက် စားသောက်ဆိုင်ပိုင်ရှင်တွေကလည်း ပြန်လည်ဖွင့်လှစ်ခွင့်ရချင်ကြောင်းနဲ့ ဖွင့်ခွင့်ရခဲ့ရင် သတ်မှတ်စည်းကမ်းချက်တွေကို လိုက်နာမှာဖြစ်တယ်လို့ သိရပါတယ်။…

Read More

လူစုလူဝေးဖြစ်ခဲ့တဲ့ ဒဂုံဆိပ်ကမ်းရှိ မုန့်လုပ်ငန်းက ကလေးလုပ်သား ၁၀ဦးမှာ ကိုဗစ်ပိုးတွေ့ရှိ

နိုဝင်ဘာ ၂၁-၂၀၂၀ သူရိန် ၊ သိင်္ဂီထွန်း (VOM ) ကလေးတွေကို ညှင်းပန်းနှိပ်စက်တယ်ဟုဆိုကာ လူစုလူဝေးဖြစ်ပြီးပဋိပက္ခဖြစ်ခဲ့တဲ့ ရန်ကုန်တိုင်း ၊ဒဂုံဆိပ်ကမ်းမြို့နယ် (၈၇)ရပ်ကွက်က လိုတရရွှေစံလှ ပေါက်စီ နဲ့ မုန့်လုပ်ငန်းရှိ ကလေးလုပ်သား ၁၀ ဦးမှာ ကိုဗစ်ပိုး ကူးစက်ခံထားရတယ်လို့ ဒဂုံဆိပ်ကမ်းမြို့နယ် ကျန်းမာရေးဦးစီးဌာနက အတည်ပြုပြောပါတယ်။ “ဟုတ်ပါတယ် ၊ အလုပ်သမား ၂၂ ယောက်မှာ စစ်ဆေးတော့ ၁၀ ယောက်မှာ ပိုးတွေ့တာဖြစ်ပါတယ်။ ပိုးတွေ့တဲ့ ၁၀ ယောက်ကို ရိုးမ ကိုဗစ်စင်တာမှာ ပို့ဆောင်ပြီးကုသမှုခံယူစေပါတယ်။နောက် သူတိုရဲ့ ကွန်တက်ပေါ့ ၂၂ ယောက်ဆိုတော့ ၁၂ ယောက်က primary ကွန်တက်ဖြစ်သွားတယ်။ ကွန်တက်ကို မြို့နယ် CBFQ မှာ ကွာရန်တင်းထားရှိထားပါတယ်။ သူတို့ကို အနီးကပ်စောင့်ရှောက်ပေးနေတဲ့ လူမှုဝန်ထမ်းဦးစီးဌာနက ဝန်ထမ်း ၃ ဦးလည်း အတူတူ…

Read More

တပ်မတော်ဂုဏ်သိက္ခာ ထိခိုက်စေတဲ့စာသားကို တဆင့်ပြန်Shareခဲ့တဲ့ ဝေါဒေသခံတစ်ဦးကို တပ်မတော်က ၆၆(ဃ)နဲ့ အမှုဖွင့်

နိုဝင်ဘာ၂၁-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ဝေါမြို့ ဒေသခံအမျိုးသားတစ်ဦးကို တပ်မတော်ရဲ့ဂုဏ်သိက္ခာထိခိုက်တဲ့စာသားတွေကို လူမှုကွန်ရက်စာမျက်နှာ(FaceBook)ကတဆင့် ပြန်လည်ဖြန့်ဝေ(Share)ခဲ့တယ်ဆိုပြီး နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းမှာ တပ်မတော်အရာရှိတစ်ဦးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့အမှုဖွင့်ခဲ့တယ်လို့ ဝေါမြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူး ရဲစိုးကပြောပါတယ်။ ” Facebook မှာ တပ်မတော်ဂုဏ်သိက္ခာထိခိုက်စေတဲ့စာတွေ Share ရှယ်လို့ဆိုပြီး နယ်မြေခံတပ်ရင်းတစ်ခုက တပ်မတော်အရာရှိတစ်ဦးက လာအမှုဖွင့်ခဲ့တာပါ။ ဖုန်းသိမ်းဆည်း ချိတ်ပိတ်ပြီး ရဲတပ်ဖွဲ့ဌာနချုပ်တာဝန်ရှိသူတွေကို ပေးပို့စစ်ဆေးဖို့ပြင်ဆင်နေပါတယ်”လို့ ဒု-ရဲမှူး ရဲစိုးကပြောပါတယ်။ ဝေါမြို့နယ်၊ ကြာလဟာကျေးရွာမှာနေတဲ့ ဆန်စက်လုပ်သား၊ Facebook စာမျက်နှာမှာ Unay Unay နာမည်နဲ့အသုံးပြုတဲ့ နေဝင်း‌အောင်ဆိုသူဟာ Zin Min Htunအကောင့်ပိုင်ရှင်(စုံစမ်းဆဲ) ရေးတင်ထားတဲ့ Postတစ်ခုကို သိသင့်တယ်ထင်လို့ပါဆိုတဲ့ ခေါင်းစဉ်နဲ့ ပြန်လည်ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ “လွှတ်တော်ထဲ တပ်မတော်သားတွေ ဝင်ထိုင်နေပေမယ့်လည်း စစ်သားများနစ်နာမှုနဲ့အခွင့်ရေးချိုးဖောက်ခံရခြင်းကို တင်ပြ‌တောင်းဆိုခြင်းမပြုတယ့်အပြင် စစ်ရေးဗျုဟာအမှားများကိုလုပ်ခြင်းကြောင့် စစ်သားများကျဆုံးရခြင်း” စတဲ့…

Read More

ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို NLDပါတီ ဥပဒေအထောက်ကူပြုကော်မတီက အမှုဖွင့်

နိုဝင်ဘာ ၂၁-၂၀၂၀ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ NLDပါတီ ဥပဒေအထောက်အကူပြုကော်မတီအဖွဲ့ဝင်တစ်ယောက်က မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကို မနေ့ နိုဝင်ဘာ ၂၀ ရက် ညပိုင်းက ရွေးကောက်ပွဲဆိုင်ရာဥပဒေအရ ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းလိုက်တယ်လို့ သိရပါတယ်။ ” အောက်တိုဘာ ၂ ရက် မနက်ပိုင်းက ဦးသိန်းသန်းဦးရဲ့ နေအိမ်ခြံဝန်းထဲမှာ ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေး ဟောပြောပွဲလုပ်တယ်၊ အဲ့ဒီ ဟောပြောပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က လူမျိုးရေးကိုအကြောင်းပြုပြီး မဲဆွယ်စည်းရုံးတာတွေပါလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအထောက်ကူပြု ကော်မတီရဲ့တာဝန်ပေးအပ်ချက်အရ အမှုဖွင့်တိုင်တန်းခဲ့တာဖြစ်တယ်”လို့ မင်းကင်းမြို့နယ် NLDပါတီ ဥပဒေအထောက်ကူပြုကော်မတီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်ကပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ အမှုဖွင့်ခြင်းခံရသူ မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ကိုဆက်သွယ်မေးမြန်းရာမှာတော့ ” ကျွန်တော်ကတော့ မသိဘူးဗျ”လို့ ပြောပါတယ်။ အောက်တိုဘာ ၂ ရက် မနက်ပိုင်းက…

Read More

ကျိုက်မရော ပိန္နဲကုန်းဈေး မီးလောင်မှုဖြစ်ပွား ဈေးဆိုင်ခန်းအားလုံး ပျက်ဆီးဆုံးရှုံး

နိုဝင်ဘာ၂၁-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းကျေးရွာမှာ ဒီကနေ့ မနက်၂ နာရီခွဲခန့်က ပိန္နဲကုန်းဈေး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဈေးဆိုင်ခန်းအားလုံးနီးပါး ပျက်ဆီးဆုံးရှုံးသွားခဲ့ရတယ်လို့ ကျိုက်မရောမြို့မရဲစခန်းမှာ စခန်းမှူး ဒု-ရဲမှူး ကျော်ဇင်မင်းက ပြောပါတယ်။ ” လက်တလော ကနဦးသုံးသပ်ချက်တွေအရ လျှပ်စစ်ဝါယာရှော့ ဖြစ်ပွားတယ်လို့ သိရတယ်။ ဘယ်ဆိုင်ခန်းကစပြီး မီးလောင်ကျွမ်းတယ်ဆိုတာတော့ စုံစမ်းနေဆဲပါ”လို့ ဒု-ရဲမှူး ကျော်ဇင်မင်းကပြောပါတယ်။ ပိန္နဲကုန်းဈေးအတွင်းက ဈေးဆိုင်ခန်းတစ်ခန်းမှာ ဝါယာရှော့ဖြစ်ရာကနေတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ကျွမ်းရာနေရာကို နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်တွေ ၊ နယ်မြေခံရဲတပ်ဖွဲ့၊ တပ်မတော်သားတွေ၊ လူမှုကူညီရေးအဖွဲ့ဝင်တွေ၊ ဒေသခံတွေနဲ့ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြတာဖြစ်ပါတယ်။ မီးလောင်မှုကြောင့် ဈေးဆိုင်ခန်း (၁၅၈)ခန်း မီးလောင်ပျက်ဆီးခဲ့တာကြောင့် ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ကျပ်သိန်း ၉၀၀ ကျော်ရှိတယ်လို့ ကျိုက်မရောမြို့မရဲစခန်းကနေ သိရပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ(စုံစမ်းဆဲ)ကို ကျိုက်မရောမြို့မရဲစခန်းမှရာဇသတ်ကြီးဥပဒေပုဒ်မ-၂၈၅(မီးပေါ့ဆမှု)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ Photo – ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအဖွဲ့…

Read More

UEC ပြန်လည်ဖွဲ့စည်းပေးဖို့အတွက် လူ ၃၀၀ ခန့် ဆန္ဒပြ

နိုဝင်ဘာ ၂၁-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေပိုင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အလိုမရှိတဲ့အတွက် အသစ်ပြန်လည်ဖွဲ့စည်းပေးဖို့ ဒီကနေ့မနက်ပိုင်းက လူအင်အား ၃၀၀ကျော် တို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒဖော်ထုတ်ရာမှာ ဦးဆောင်ဟောပြောတဲ့ သာကေတမှ ဦးစံလှကတော့” တရားမျှတာမရှိဘူး၊ ဘက်လိုက်မှုတွေရှိတယ်။ ဒါကြောင့် အခုရှိနေတဲ့ UECကို အလိုမရှိဘူး။ အသစ်ပြန်လည်ဖွဲ့စည်းပေးစေချင်တယ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ စံ ၅ ရပ်ထားပြီး ၂၀၂၀ ရွေးကောက်ပွဲကို ကျင်းပမယ်လို့ပြောဆိုပြီး အမှန်တကယ်လုပ်ဆောင်တဲ့အခါ ကိုယ့်သဘောနဲ့ကိုယ်လုပ်ဆောင်ခဲ့တာကြောင့် မည်သည့်အတိုင်းအတာဖြင့်ယုံကြည့်ရမလဲ”လို့ ပြောပါတယ်။ အခုလိုဆန္ဒဖော်ထုတ်ရာမှာ မြို့နယ်အုပ်ချုပ်ရေးပိုင်းကို စာတင်ထားခြင်းမရှိတဲ့အတွက် ဆန္ဒဖော်ထုတ် ဦးဆောင်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တို့အကြား စကားအချေအတင်ဖြစ်ခဲ့ကြပါတယ်။ ” UECအလိုမရှိလို့ ပြောဆိုရခြင်းဟာ မြန်မာပြည်ရဲ့ အနာဂတ်မသေဖို့ဖြစ်ပြီး နိူင်ငံတော်ကိုအုပ်ချုပ်တဲ့ အစိုးရက အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးရပ်ကိုလက်ကိုင်ထားပြီး မိမိထင်ရာလုပ်ထင်ရာပြောပြီး မဲခိုး၊မဲလိမ်နေခြင်းဟာ မြန်မာနိူင်ငံအတွက်ဂုဏ်သိက္ခာကျဆင်းတယ်”လို့ ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်သူ ဒဂုံအရှေမြို့နယ်မှ ကိုတင် ထွန်းကပြောပါတယ်။…

Read More

NLD အမတ် ၃ ဦး ပြန်လွှတ်ပေးသွားမယ်လို့ အေအေအဖွဲ့ကြေညာ

နိုဝင်ဘာ ၂၁-၂၀၂၀ ထက်အောင်စိုင်း (VOM) ရွေးကောက်ပွဲမတိုင်မီ အေအေကနေ ဖမ်းဆီးသွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဝင် ကိုယ်စားလှယ်လောင်း(၃)ဦးကို အမြန်ဆုံးပြန်လွှတ်ပေးသွားမှာဖြစ်ကြောင်း အေအေဖက်က ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။ အေအေဖက်က ထုတ်ပြန်ထားချက်မှာ NLD ပါတီဝင် သုံးဦးကို အေအေ အနေနဲ့ နှိပ်စက်တာမျိုးမရှိပဲ ကောင်းမွန်စွာထိန်းသိမ်းထားကြောင်းနဲ့ နှစ်ဖက် ညှိနှိုင်းအဆင်ပြေပြီး နားလည်မှု ရရှိတဲ့အခါ သူတို့ (၃) ဦးကို အမြန်ဆုံးပြန်လွှတ်ပေးသွားမှာ ဖြစ်ကြောင်း အေအေ အနေနဲ့ ရှင်းလင်းစွာ အသိပေးပါတယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ NLD အနေနဲ့ နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ တခဲနက်ထောက်ခံအားပေးမှုဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ NLDပါတီက အပြတ်အသတ်အနိုင်ရရှိတဲ့အပေါ် ချီးကျူးဂုဏ်ပြုကြောင်း၊ တိုင်းရင်းသားပြည်သူတွေရဲ့ လိုလားတောင့်တနေတဲ့ တရားမျှတပြီး စစ်မှန်ပြည့်ဝတဲ့ ဒီမိုကရေစီပြည်ထောင်စုကို ပုံဖော်ထုဆစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။…

Read More

ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့သူ ၅ ဦးကို ငြိမ်းစုစီနဲ့ အမှုဖွင့်

နိုဝင်ဘာ ၂၁-၂၀၂၀ အေးချမ်းသူ(VOM) ကျင်းပပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းနဲ့ မဲလိမ်မဲခိုးမှုတွေ စုံစမ်းစစ် ဆေးပေးဖို့ ဆန္ဒဖော်ထုတ်ခဲ့သူ ၅ ဦးကို အင်းစိန်မြို့မရဲစခန်းက မနေ့ နိုဝင်ဘာ ၂၀ရက်နေ့ ညနေပိုင်းမှာပဲ ငြိမ်းစုစီပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ “အမှုဖွင့်ထားတယ်ဗျ၊ ၅ ဦးလုံးကို ငြိမ်းစုစီပုဒ်မ-၁၉နဲ့ပါ၊ မနေ့ညနေကပဲ ဖွင့်တာပါ”လို့ အင်းစိန်ရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ အင်းစိန်မြို့နယ်၊ အနောက်ကြိုကုန်းရပ်ကွက်ရှိ ဘောလုံးကွင်းမှာ မနေ့ နိုဝင်ဘာ၂၀ရက်နေ့ မနက်ပိုင်းက လူအင်အားနှစ်ရာခန့်ဟာ မှန်ကန်မျှတမှုမရှိတဲ့ရွေးကောက်ပွဲကော်မရှင်အလိုမရှိကြောင်း ကြွေးကြော်သံတွေနဲ့ ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီလို ဆန္ဒဖော်ထုတ်ရာမှာ အင်းစိန်မြို့နယ်ကအပြင် မှော်ဘီ၊တိုက်ကြီး၊လှိုင်သာယာမြို့နယ်တွေက ဝန်းရံသူတွေပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အင်းစိန်မြို့မရဲစခန်းမှ ဆန္ဒထုတ်ဖော်ပွဲမှာ ဦးဆောင်ဟောပြောခဲ့သူ ဦးထင်ကျော်နဲ့ ဝန်းရံသူ ဦးသိန်းဦး၊ဦးစိန်ဝင်းကြည်၊ဦးပုစိန်၊ဦးထွန်းဝေ(ခ)ညီညီတို့ကို (ပ)၁၅၂၃/၂၀၂၀၊ ငြိမ်း/စု/စီ ဥပဒေပုဒ်မ-၁၉ နဲ့ အမှုဖွင့်ထားတယ်လို့ အင်းစိန်မြို့မရဲစခန်းကနေ သိရပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို…

Read More
VOM News

FREE
VIEW