ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို NLDပါတီ ဥပဒေအထောက်ကူပြုကော်မတီက အမှုဖွင့်

နိုဝင်ဘာ ၂၁-၂၀၂၀
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ NLDပါတီ ဥပဒေအထောက်အကူပြုကော်မတီအဖွဲ့ဝင်တစ်ယောက်က မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကို မနေ့ နိုဝင်ဘာ ၂၀ ရက် ညပိုင်းက ရွေးကောက်ပွဲဆိုင်ရာဥပဒေအရ ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းလိုက်တယ်လို့ သိရပါတယ်။

” အောက်တိုဘာ ၂ ရက် မနက်ပိုင်းက ဦးသိန်းသန်းဦးရဲ့ နေအိမ်ခြံဝန်းထဲမှာ ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေး ဟောပြောပွဲလုပ်တယ်၊ အဲ့ဒီ ဟောပြောပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က လူမျိုးရေးကိုအကြောင်းပြုပြီး မဲဆွယ်စည်းရုံးတာတွေပါလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအထောက်ကူပြု ကော်မတီရဲ့တာဝန်ပေးအပ်ချက်အရ အမှုဖွင့်တိုင်တန်းခဲ့တာဖြစ်တယ်”လို့ မင်းကင်းမြို့နယ် NLDပါတီ ဥပဒေအထောက်ကူပြုကော်မတီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်ကပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ အမှုဖွင့်ခြင်းခံရသူ မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ကိုဆက်သွယ်မေးမြန်းရာမှာတော့ ” ကျွန်တော်ကတော့ မသိဘူးဗျ”လို့ ပြောပါတယ်။

အောက်တိုဘာ ၂ ရက် မနက်ပိုင်းက မင်းကင်းမြို့နယ်ထဲမှာ ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံး ဟောပြောရာမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က
“၂၀၁၀ ရွေးကောက်ပွဲမှာ မိမိတို့ပါတီက လူမျိုးခွဲ ၃ ယောက် ထည့်ခဲ့သည်မှာ မှားခဲ့ကြောင်း ၊ မည်သို့ စီမံခဲ့ရကြောင်း၊ ၎င်းအား ပြစ်တင်ဝေဖန်ခဲ့တဲ့ပါတီက အဲ့ဒီဘာသာဝင် ၄၂ ယောက် ထည့်ထားသည်ကို ပြည်သူများသိကြပါသလား”လို့ ဟောပြောခဲ့တယ်လို့ တိုင်တန်းသူဘက်က စွပ်စွဲထားတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် မင်းကင်းမြို့နယ် NLD ပါတီ ဥပဒေအထောက်ကူပြုကော်မတီအဖွဲ့ဝင် ဦးမောင်ငွေက တရားလိုပြုလုပ်ပြီး မင်းကင်းမြို့မရဲစခန်းမှာ တိုင်တန်းခဲ့တဲ့အတွက် (ပ)၂၃၂ /၂၀၂၀၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ-၅၈(ဂ) အရ အမှုရေးဖွင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မင်းကင်း #ပြည်ခိုင်ဖြိုးကိုယ်စားလှယ် #NLDပါတီအမှုဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW