ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့သူ ၅ ဦးကို ငြိမ်းစုစီနဲ့ အမှုဖွင့်

နိုဝင်ဘာ ၂၁-၂၀၂၀
အေးချမ်းသူ(VOM)

ကျင်းပပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းနဲ့ မဲလိမ်မဲခိုးမှုတွေ စုံစမ်းစစ်
ဆေးပေးဖို့ ဆန္ဒဖော်ထုတ်ခဲ့သူ ၅ ဦးကို အင်းစိန်မြို့မရဲစခန်းက မနေ့ နိုဝင်ဘာ ၂၀ရက်နေ့ ညနေပိုင်းမှာပဲ ငြိမ်းစုစီပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

“အမှုဖွင့်ထားတယ်ဗျ၊ ၅ ဦးလုံးကို ငြိမ်းစုစီပုဒ်မ-၁၉နဲ့ပါ၊ မနေ့ညနေကပဲ ဖွင့်တာပါ”လို့ အင်းစိန်ရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

အင်းစိန်မြို့နယ်၊ အနောက်ကြိုကုန်းရပ်ကွက်ရှိ ဘောလုံးကွင်းမှာ မနေ့ နိုဝင်ဘာ၂၀ရက်နေ့ မနက်ပိုင်းက လူအင်အားနှစ်ရာခန့်ဟာ မှန်ကန်မျှတမှုမရှိတဲ့ရွေးကောက်ပွဲကော်မရှင်အလိုမရှိကြောင်း ကြွေးကြော်သံတွေနဲ့ ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီလို ဆန္ဒဖော်ထုတ်ရာမှာ အင်းစိန်မြို့နယ်ကအပြင် မှော်ဘီ၊တိုက်ကြီး၊လှိုင်သာယာမြို့နယ်တွေက ဝန်းရံသူတွေပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အင်းစိန်မြို့မရဲစခန်းမှ ဆန္ဒထုတ်ဖော်ပွဲမှာ ဦးဆောင်ဟောပြောခဲ့သူ ဦးထင်ကျော်နဲ့ ဝန်းရံသူ ဦးသိန်းဦး၊ဦးစိန်ဝင်းကြည်၊ဦးပုစိန်၊ဦးထွန်းဝေ(ခ)ညီညီတို့ကို (ပ)၁၅၂၃/၂၀၂၀၊ ငြိမ်း/စု/စီ ဥပဒေပုဒ်မ-၁၉ နဲ့ အမှုဖွင့်ထားတယ်လို့ အင်းစိန်မြို့မရဲစခန်းကနေ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကျေနပ်မှုမရှိလို့ မနေ့ နိုဝင်ဘာ ၂၀ရက်က အင်းစိန်မြို့နယ်အပြင် ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ အမျိုးသမီးတစ်ဦးတည်း တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခြင်း နဲ့ ညနေပိုင်း ဒလမြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီဝင်တွေက ဆန္ဒထုတ်ဖော်တာတွေ ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #အင်းစိန် #UECဆန္ဒပြသူ #အမှုဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW