သပိတ်ကျင်းမှာ ကားတိမ်းမှောက်လို့ ကားကြုံစီးလာတဲ့လမ်းလုပ်သား ၄ ဦးသေ ၊ ၂၀ ဒဏ်ရာရ

နိုဝင်ဘာ ၂၁ -၂၀၂၀
ကိုတိုးကြီး (VOM)

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် မန္တလေး – ဗန်းမော်သွားကားလမ်း ကျောက်ကြီး ကုန်းဆင်းနေရာမှာ မနေ့ နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းက ကရိမ်းကားတစ်စီး တိမ်းမှောက်ခဲ့ရာ လူ ၄ ဦးသေဆုံးပြီး ၂ ဒါဇင်နီးပါး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

” သေဆုံးသူက (ကျား) ၃ ၊ (မ) ၁ ဖြစ်တယ် ၊ ဒဏ်ရာရသူ အယောက် ၂၀ ကိုတော့ နီးစပ်ရာ လူမှုကူညီရေး အဖွဲ့တွေက သပိတ်ကျင်းဆေးရုံကို ပို့ဆောင်ပေးနေပါတယ်”လို့ သုခချမ်းသာ လူမှုကူညီရေးအသင်းက စေတနာ့ ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

အဲ့ဒီ တိမ်းမှောက်ရာ ကားပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ လမ်းလုပ်သားတွေဟာ ရွှေဘိုမြို့နယ် ကံကြီးကျေးရွာကဖြစ်ကြပြီး လမ်းလုပ်ဖို့ သွားရာက ခရီးသည်တင် ယာဥ်လိုင်းတွေ ပြေးဆွဲတာ မရှိတာကြောင့် အခုလို ကရိမ်း ပက်လက်ကားနဲ လမ်းကြုံလိုက်ပါခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင်ယာဥ်တိမ်းမှောက်တဲ့နေရာကို နယ်မြေခံ တပ်မတော်သားတွေ မီသတ်တပ်ဖွဲ့တွေ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေး စေတနာ့ဝန်ထမ်းတွေ လာရောက်ပြီး ဒဏ်ရာရ လူနာတွေကို အရေးပေါ် ကူညီကယ်ဆယ်ပေးခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သပိတ်ကျင်း #ကားမှောက်

ဓာတ်ပုံ သုခချမ်းသာ လူမှုကူညီရေး အဖွဲ

zawgyi

သပိတ္က်င္းမွာ ကားတိမ္းေမွာက္လို႔ ကားႀကဳံစီးလာတဲ့လမ္းလုပ္သား ၄ ဦးေသ ၊ ၂၀ ဒဏ္ရာရ

ႏိုဝင္ဘာ ၂၁ -၂၀၂၀
ကိုတိုးႀကီး (VOM)

မႏၲေလးတိုင္း သပိတ္က်င္းၿမိဳ႕နယ္ မႏၲေလး – ဗန္းေမာ္သြားကားလမ္း ေက်ာက္ႀကီး ကုန္းဆင္းေနရာမွာ မေန႔ ႏိုဝင္ဘာ ၂၀ ရက္ ညေနပိုင္းက ကရိမ္းကားတစ္စီး တိမ္းေမွာက္ခဲ့ရာ လူ ၄ ဦးေသဆုံးၿပီး ၂ ဒါဇင္နီးပါး ဒဏ္ရာရခဲ့တယ္လို႔ သိရပါတယ္။

” ေသဆုံးသူက (က်ား) ၃ ၊ (မ) ၁ ျဖစ္တယ္ ၊ ဒဏ္ရာရသူ အေယာက္ ၂၀ ကိုေတာ့ နီးစပ္ရာ လူမႈကူညီေရး အဖြဲ႕ေတြက သပိတ္က်င္းေဆး႐ုံကို ပို႔ေဆာင္ေပးေနပါတယ္”လို႔ သုခခ်မ္းသာ လူမႈကူညီေရးအသင္းက ေစတနာ့ ဝန္ထမ္းတစ္ေယာက္က ေျပာပါတယ္။

အဲ့ဒီ တိမ္းေမွာက္ရာ ကားေပၚမွာ စီးနင္းလိုက္ပါလာတဲ့ လမ္းလုပ္သားေတြဟာ ေ႐ႊဘိုၿမိဳ႕နယ္ ကံႀကီးေက်း႐ြာကျဖစ္ၾကၿပီး လမ္းလုပ္ဖို႔ သြားရာက ခရီးသည္တင္ ယာဥ္လိုင္းေတြ ေျပးဆြဲတာ မရွိတာေၾကာင့္ အခုလို ကရိမ္း ပက္လက္ကားနဲ လမ္းႀကဳံလိုက္ပါခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ယာဥ္တိမ္းေမွာက္တဲ့ေနရာကို နယ္ေျမခံ တပ္မေတာ္သားေတြ မီသတ္တပ္ဖြဲ႕ေတြ ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ လူမႈကူညီေရး ေစတနာ့ဝန္ထမ္းေတြ လာေရာက္ၿပီး ဒဏ္ရာရ လူနာေတြကို အေရးေပၚ ကူညီကယ္ဆယ္ေပးခဲ့တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #သပိတ္က်င္း #ကားေမွာက္

ဓာတ္ပုံ သုခခ်မ္းသာ လူမႈကူညီေရး အဖြဲ႕

 

Related posts

Leave a Comment

VOM News

FREE
VIEW