အမေရိကန်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ဒီဇင်ဘာလမှာ စတင်နိုင်

ဝါရှင်တန်၊ နိုဝင်ဘာ-၂၃-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံတာတွေကို ဒီဇင်ဘာ ၁၁ ရက်မှာ စတင်သွားနိုင်တယ်လို့ အမေရိကန် ကာကွယ်ဆေးအစီအစဉ်အကြီးအကဲက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကာကွယ်ဆေးတစ်မျိုးကို ခွင့်ပြုလိုက်ပြီဆိုတာနဲ့ ၂၄ နာရီအတွင်း ကာကွယ်ဆေးထိုးမယ့်နေရာတွေကို ပို့ဆောင်ဖို့ စီစဉ်ထားတယ်လို့ ဒေါက်တာမွန်ဆက်ဖ်ဆလာဝီက ပြောပါတယ်။

အမေရိကန်နိုင်ငံတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေတဲ့အချိန်မှာ ကာကွယ်ဆေး ထိုးနှံ့မည့်အစီအစဉ်နဲ့ ပတ်သက်ပြီး ဒေါက်တာမွန်ဆက်ဖ်ဆလာဝီက အခုလိုမှတ်ချက်ပြုပြောဆိုလိုက်တာဖြစ်ပါတယ်။

နိုင်ငံတစ်ဝန်းမှာ ဗိုင်းရပ်စ်ကူးစက်မှု ၁၂ သန်းကျော်ရှိနေပြီး သေဆုံးသူ ၂၅၅၀၀၀ ဦးသေဆုံးသွားပြီဖြစ်တယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ မှတ်တမ်းထုတ်ပြန်ချက်တွေ ဖော်ပြထားပြီး ဒါဟာကမ္ဘာပေါ်မှာ ကူးစက်မှုအမြင့်ဆုံးဖြစ်ဖြစ်ပါတယ်။

အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer နဲ့ မိတ်ဖက် BioNTech ကုမ္ပဏီတို့ဟာ သူတို့ရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အမေရိကန်မှာ အရေးပေါ်အသုံးပြုခွင့်အတွက် နိုဝင်ဘာ ၂၀ ရက်မှာ လျှောက်ထားခဲ့ကြပါတယ်။

Ref: BBC
Photo: AFP
#voiceofmyanmar #VOM #ဝါရှင်တန် #ကိုဗစ်ကာကွယ်ဆေး #ဒီဇင်ဘာမှာစတင်နိုင်

Related posts

Leave a Comment

VOM News

FREE
VIEW