ရေနံချောင်းမြို့မှာ ၂၀၂၀ရွေးကောက်ပွဲ တရားမျှတမှုမရှိဘူးဆိုပြီး ဆန္ဒထုတ်ဖော်

နိုဝင်ဘာ၂၄-၂၀၂၀
ဂျန်ကိုးလ်(VOM)

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ကျောက်မဆင်ကျေးရွာမှာ ဒီကနေ့မနက်၈နာရီက
၂၀၂၀ ရွေးကောက်ပွဲဟာ ဥပဒေနဲ့မညီဘဲ တရားမျှတမှုမရှိတဲ့အတွက် ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့ကြတယ်လို့ ဦးဆောင်သူ ဦးကျော်ညွန့်ဝေကပြောပါတယ်။

”ဆန္ဒပြတာက ရလဒ်ကိုမကျေနပ်လို့မဟုတ်ပါဘူး၊‌ ရွေးကောက်ပွဲကြီးရဲ့ဖြစ်စဉ်အပေါ်မှာတရားမျှတမှုမရှိတာတွေ‌၊ ဥပ‌ဒေမဲ့မှုတွေ လွတ်လပ်မျှတမှုမရှိတာတွေကို ဖော်ထုတ်ဆန္ဒပြတာပါ၊ လူအင်အား၂၇ယောက်လောက်နဲ့ မနက်၈နာရီလောက်မှာ စတင်စုဝေးပါတယ်၊ ၈နာရီခွဲလောက်မှာ စတင်စီတန်းလှည့်လည်ပါတယ်၊ ၉နာရီလောက်ဟောပြောပွဲစပါတယ်”လို့ ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူ ဦးကျော်ညွန့်ဝေကပြောပါတယ်။

ဆန္ဒဖော်ထုတ်ရာမှာ ဥပဒေနှင့်မညီသော ရွေးကောက်ပွဲရလဒ်အလိုမရှိ၊ မဲခိုးမှုများစစ်ဆေးပေးရေးဒို့အရေး၊ COVIDငွေကြေး မဲဆွယ်ပေး အလိုမရှိ၊ ကြိုတင်မဲများစစ်ဆေးပေးရေးဒို့အရေး၊ ငွေကြေးဖြင့် မဲဆွယ်စည်းရုံးမှုအလိုမရှိ၊ မဲဆန္ဒရှင်စာရင်းများစစ်ဆေးပေးရေး ဒို့အရေး၊ တရားမျှတသောရွေးကောက်ပွဲဖြစ်ရေး ဒို့အရေး စတဲ့ကြွေးကြော်စာသားတွေနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။

”၅နှစ်တစ်ကြိမ်ဖြစ်တဲ့ရွေးကောက်ပွဲကြီးကို ပြည်သူ့ဆန္ဒအစစ်အမှန်ဖြစ်အောင်စည်းကမ်းရှိအောင် သန့်ရှင်းမျှတအောင် အဲ့ဒီလိုလေးတွေကို ဦးတည်တဲ့အတွက်ဆန္ဒဖော်ထုတ်တာပါ”လို့ ဦးဆောင်သူအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ရေနံချောင်းမြို့ ၊ ကျောက်မဆင်အဝင် ဇရပ်မှာစုရပ်ပြုလုပ်ကာ တွင်းကုန်း ဘုရားကုန်းလမ်းအတိုင်း ကျောက်မဆင်အားကစားကွင်းအထိ စီတန်းလမ်းလျှောက်ခြင်းလုပ်ဆောင်ခဲ့ကြပြီး လူစုခွဲခဲ့ကြတယ်လို့သိရပါတယ်။

မကွေးတိုင်း ပွင့်ဖြူမြို့နယ်၊ စကုမြို့နယ်တို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ကျင်းပပြီးခဲ့တဲ့ရွေးကောက်ပွဲကို ကျေနပ်မှုမရှိသူအချို့က ဆန္ဒဖော်ထုတ်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

Photo – ကိုစိုးသူအောင်
#voiceofmyanmar #VOM #ရေနံချောင်း

Related posts

Leave a Comment

VOM News

FREE
VIEW