အမေရိကန်အစိုးရအပြောင်းအလဲ တရားဝင်စတင်ဖို့ ဒေါ်နယ်ထရန့် သဘောတူပြီ

ဝါရှင်တန်၊ နိုဝင်ဘာ-၂၄-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်အနေနဲ့ သမ္မတရာထူးရယူဖို့အတွက် အစိုးရအဖွဲ့အပြောင်းအလဲ တရားဝင်စတင်ဖို့ကို လက်ရှိသမ္မတဒေါ်နယ်ထရန့်က လက်ခံလိုက်ပြီဖြစ်ပါတယ်။

ဒေါ်နယ်ထရန့်ဟာ ရွေးကောက်ပွဲရှုံးနိမ့်မှုကို လက်သင့်မခံသေးဘဲ တရားရေးအရ ဆက်လက် ယှဉ်ပြိုင်သွားမယ်လို့ ကတိပြုပြောဆိုထားပေမယ့်လည်း အာဏာလွှဲပြောင်းရေးနဲ့ အစိုးရအဖွဲ့အပြောင်းအလဲကို ကြီးကြပ်ကိုင်တွယ်ရတဲ့ ဖက်ဒရယ်အေဂျင်စီအနေနဲ့ လိုအပ်တာတွေ လုပ်ဆောင်သွားရမယ်လို့ ထရန့်ကပြောပါတယ်။

အထွေထွေဝန်ဆောင်မှုဆိုင်ရာ စီမံခန့်ခွဲရေးအေဂျင်စီ D(GSA)အနေနဲ့ မစ္စတာဘိုင်ဒန်ဟာ သမ္မတရွေးကောက်ပွဲမှာ သိသာထင်ရှားစွာ အနိုင်ရနေသူဖြစ်ကြောင်း အသိအမှတ်ပြု ပြောဆိုထားပြီးဖြစ်ပါတယ်။

ဒီလိုအသိအမှတ်ပြုလိုက်တာဟာ မီချီဂန်ပြည်နယ်မှာ မစ္စတာထရန့်ကို ဂျိုးဘိုင်ဒန်က အပြတ်အသတ်အနိုင်ရရှိတယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက တရားဝင်ထုတ်ပြန်ပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

GSAက ဒီလိုထုတ်ပြန်လိုက်ပြီးနောက် မိမိတို့ဝန်ကြီးဌာနနဲ့ အမျိုးသားလုံခြုံရေးကတိကဝတ်တွေအပေါ် ပြည်သူတွေမျှော်လင့်ထားတဲ့အတိုင်း ပရော်ဖက်ရှင်နယ်ဆန်ဆန်၊ စနစ်တကျနဲ့ ထိရောက်တဲ့စွမ်းဆောင်မှုတွေနဲ့အတူ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရအဖွဲ့ကို ကူညီသွားမယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

Ref: BBC
Photo: Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW