နှင်းဆီပါတီဥက္ကဋ္ဌကို စွဲဆိုထားတဲ့ လဝကအမှုကို တရားရုံးက ရုပ်သိမ်း

မန္တလေး၊ နိုဝင်ဘာ- ၂၅-၂၀၂၀

ရှိုင်းအောင်(VOM)

 

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို လဝက အက်ဥပဒေ ပုဒ်မ -၁၃(၁) နဲ့ စွဲဆိုထားတဲ့အမှုမှာ တရားခံရဲ့ ထုချေချက်အရ အမှုရဲ့ နယ်မြေ စီရင်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး အငြင်းပွားတဲ့အတွက် အမှုကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ  ဆက်လက် စစ်ဆေးခြင်းမရှိတော့လို့ ပလပ် လိုက်ပါတယ်။

 

တခြားမြို့နယ်မှာ ပြောင်းလည်း စွဲဆိုဖို့အတွက် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ အရ အမှုရုပ်သိမ်းခွင့် တင်ပြလျှောက်ထားလာတာကြောင့် ဒီအမှုကို စိစစ် ရုပ်သိမ်းခွင့်ပြုပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄(က) အရ စွဲချက်မတင်မီ ပြန်လွှတ်လိုက်တာ ဖြစ်တယ်လို့ ချမ်းအေးသာစံမြို့နယ် တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောပါတယ်။

 

 

“ဆိုလိုချင်တဲ့ အဓိပ္ပာယ်က ဒီအမှုကို ဒီတရားရုံးက စီရင်ပိုင်ခွင့်မရှိကြောင်း အငြင်းပွားတဲ့အတွက် ဥပဒေအရာရှိက စီရင်ပိုင်ခွင့်ရှိတဲ့ တခြား တရားရုံး တစ်ခုခုကို ပြောင်းလဲတရားစွဲဆိုဖို့အတွက် အမှုရုပ်သိမ်းခြင်းဖြစ်ပါတယ်။ အဲ့ဒါကြောင့် တရားရုံးက လက်ခံခဲ့ခြင်းဖြစ်ပါတယ်။ ဒီအမှုနဲ့ ပါတ်သက်ပြီးတော့ တရားခံကို လွှတ်လိုက်တယ်ဆိုတဲ့ ပုံစံမဟုတ်ပါဘူး တခြားတရားရုံးမှာ စွဲဆိုဖို့အတွက် ဒီအမှုကို ပိတ်လိုက်တဲ့ သဘောမျိုးသာဖြစ်တယ်”လို့ ပြောပါတယ်။

 

ဦးကျော်မြင့်ဟာ ထောင်ပြေးမှု ပုဒ်မ -၂၂၄ နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့က ထောင် ဒဏ် ၂ နှစ် ကျခံခဲ့ပါတယ်။ ဒါ့အပြင် ၁၉၄၇ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး (လတ်တလောပြဌာန်း ချက်)အက်ဥပဒေပုဒ်မ-၁၃ (၁) နဲ့ပါ ထပ်မံတရားစွဲဆိုခံထားရတဲ့ အမှုကိုတော့ မြို့နယ်ဥပဒေအရာရှိက အမှုကို ပြန်လည်ရုပ်သိမ်းပေးဖို့ တင်ပြခဲ့တဲ့အတွက် ချမ်းအေးသာစံမြို့နယ် တရားရုံးက အမှုကို ဖျက်သိမ်းပေးလိုက်တာ ဖြစ်ပါတယ်။

 

ဦးကျော်မြင့်ဟာ ၁၉၉၉ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်က အိုးဘိုထောင်မှာ အကျဉ်းကျနေတုန်း အကျဉ်းထောင်ပြင်ပ ဆေးကုသခွင့်ရတဲ့အချိန်မှာ ထွက်ပြေးခဲ့တဲ့အတွက် ထောင် ပြေးမှုပုဒ်မ- ၂၂၄ နဲ့ ၂၀၂၀ခုနှစ် စက်တင် ဘာ ၂၉ ရက် ညပိုင်းမှာ နေပြည်တော်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ နောက်ထပ်ချမှတ်လိုက်တဲ့ ထောင်ဒဏ် ၂နှစ်အပြင် အရင်က လက်ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုလည်း ပေါင်းစည်ကျ

ခံရမှာပါ။

 

ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP)ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ၁၂၊ ပုဒ်မခွဲ(ခ)အရ နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ထားခြင်းကနေ ပယ်ဖျက်လိုက်တဲ့အပြင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ၊ နည်းဥပဒေ၂၇အရ ပါတီကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ အောက်တိုဘာ ၁၇ရက်နေ့ ညပိုင်းက ကြေငြာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

 

လက်ရှိ အမှုကို ပိတ်သိမ်းလိုက်တဲ့အခါမှာ ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို စွဲဆိုထားတဲ့ အမှု လက်ကျန်မရှိတော့ဘူးလို့ မြို့နယ်တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောပါတယ်။

 

#voiceofmyanmar #VOM #မန္တလေး #ဦးကျော်မြင့်

zawgy

ႏွင္းဆီပါတီဥကၠ႒ကို စြဲဆိုထားတဲ့ လဝကအမႈကို တရား႐ုံးက ႐ုပ္သိမ္း

မႏၲေလး၊ ႏိုဝင္ဘာ- ၂၅-၂၀၂၀
ရႈိင္းေအာင္(VOM)

ႏွင္းဆီပါတီဥကၠ႒ ဦးေက်ာ္ျမင့္ကို လဝက အက္ဥပေဒ ပုဒ္မ -၁၃(၁) နဲ႔ စြဲဆိုထားတဲ့အမႈမွာ တရားခံရဲ႕ ထုေခ်ခ်က္အရ အမႈရဲ႕ နယ္ေျမ စီရင္ပိုင္ခြင့္နဲ႔ ပတ္သက္ၿပီး အျငင္းပြားတဲ့အတြက္ အမႈကို မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ တရား႐ုံးမွာ ဆက္လက္ စစ္ေဆးျခင္းမရွိေတာ့လို႔ ပလပ္ လိုက္ပါတယ္။

တျခားၿမိဳ႕နယ္မွာ ေျပာင္းလည္း စြဲဆိုဖို႔အတြက္ ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၄၉၄ အရ အမႈ႐ုပ္သိမ္းခြင့္ တင္ျပေလွ်ာက္ထားလာတာေၾကာင့္ ဒီအမႈကို စိစစ္ ႐ုပ္သိမ္းခြင့္ျပဳၿပီး ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၄၉၄(က) အရ စြဲခ်က္မတင္မီ ျပန္လႊတ္လိုက္တာ ျဖစ္တယ္လို႔ ခ်မ္းေအးသာစံၿမိဳ႕နယ္ တရားသူႀကီး ဦးေက်ာ္မ်ိဳးဝင္းက ေျပာပါတယ္။

“ဆိုလိုခ်င္တဲ့ အဓိပၸာယ္က ဒီအမႈကို ဒီတရား႐ုံးက စီရင္ပိုင္ခြင့္မရွိေၾကာင္း အျငင္းပြားတဲ့အတြက္ ဥပေဒအရာရွိက စီရင္ပိုင္ခြင့္ရွိတဲ့ တျခား တရား႐ုံး တစ္ခုခုကို ေျပာင္းလဲတရားစြဲဆိုဖို႔အတြက္ အမႈ႐ုပ္သိမ္းျခင္းျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ တရား႐ုံးက လက္ခံခဲ့ျခင္းျဖစ္ပါတယ္။ ဒီအမႈနဲ႔ ပါတ္သက္ၿပီးေတာ့ တရားခံကို လႊတ္လိုက္တယ္ဆိုတဲ့ ပုံစံမဟုတ္ပါဘူး တျခားတရား႐ုံးမွာ စြဲဆိုဖို႔အတြက္ ဒီအမႈကို ပိတ္လိုက္တဲ့ သေဘာမ်ိဳးသာျဖစ္တယ္”လို႔ ေျပာပါတယ္။

ဦးေက်ာ္ျမင့္ဟာ ေထာင္ေျပးမႈ ပုဒ္မ -၂၂၄ နဲ႔ ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၁၂ ရက္ေန႔က ေထာင္ ဒဏ္ ၂ ႏွစ္ က်ခံခဲ့ပါတယ္။ ဒါ့အျပင္ ၁၉၄၇ ခုႏွစ္ လူဝင္မႈ ႀကီးၾကပ္ေရး (လတ္တေလာျပဌာန္း ခ်က္)အက္ဥပေဒပုဒ္မ-၁၃ (၁) နဲ႔ပါ ထပ္မံတရားစြဲဆိုခံထားရတဲ့ အမႈကိုေတာ့ ၿမိဳ႕နယ္ဥပေဒအရာရွိက အမႈကို ျပန္လည္႐ုပ္သိမ္းေပးဖို႔ တင္ျပခဲ့တဲ့အတြက္ ခ်မ္းေအးသာစံၿမိဳ႕နယ္ တရား႐ုံးက အမႈကို ဖ်က္သိမ္းေပးလိုက္တာ ျဖစ္ပါတယ္။

ဦးေက်ာ္ျမင့္ဟာ ၁၉၉၉ခုႏွစ္၊ ဇန္နဝါရီ ၁၉ ရက္က အိုးဘိုေထာင္မွာ အက်ဥ္းက်ေနတုန္း အက်ဥ္းေထာင္ျပင္ပ ေဆးကုသခြင့္ရတဲ့အခ်ိန္မွာ ထြက္ေျပးခဲ့တဲ့အတြက္ ေထာင္ ေျပးမႈပုဒ္မ- ၂၂၄ နဲ႔ ၂၀၂၀ခုႏွစ္ စက္တင္ ဘာ ၂၉ ရက္ ညပိုင္းမွာ ေနျပည္ေတာ္ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။ ေနာက္ထပ္ခ်မွတ္လိုက္တဲ့ ေထာင္ဒဏ္ ၂ႏွစ္အျပင္ အရင္က လက္က်န္ရွိတဲ့ ျပစ္ဒဏ္ေတြကိုလည္း ေပါင္းစည္းက်ခံရမွာပါ။

ညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီ(UDP)ကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္း ဥပေဒ ပုဒ္မ၁၂၊ ပုဒ္မခြဲ(ခ)အရ ႏိုင္ငံေရးပါတီအျဖစ္မွတ္ပုံတင္ထားျခင္းကေန ပယ္ဖ်က္လိုက္တဲ့အျပင္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းနည္းဥပေဒမ်ား၊ နည္းဥပေဒ၂၇အရ ပါတီကိုလည္း ဖ်က္သိမ္းလိုက္တယ္လို႔ ေအာက္တိုဘာ ၁၇ရက္ေန႔ ညပိုင္းက ေၾကျငာခ်က္ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

လက္ရွိ အမႈကို ပိတ္သိမ္းလိုက္တဲ့အခါမွာ ခ်မ္းေအးသာစံၿမိဳ႕နယ္တရား႐ုံးမွာ ႏွင္းဆီပါတီဥကၠ႒ ဦးေက်ာ္ျမင့္ကို စြဲဆိုထားတဲ့ အမႈ လက္က်န္မရွိေတာ့ဘူးလို႔ ၿမိဳ႕နယ္တရားသူႀကီး ဦးေက်ာ္မ်ိဳးဝင္းက ေျပာပါတယ္။

#voiceofmyanmar #VOM #မႏၲေလး #ဦးေက်ာ္ျမင့္

 

 

Related posts

Leave a Comment

VOM News

FREE
VIEW