ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း အမှိုက်မီးရှို့ခြင်းပြုလုပ်ပါက အရေးယူခံရမယ်

နိုဝင်ဘာ ၂၅-၂၀၂၀ သိင်္ဂီထွန်း(VOM) ရန်ကုန် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်တွေအတွင်း အမှိုက်တွေ စုပုံမီးရှို့ခွင့်မရှိကြောင်း၊ ပြုလုပ်ပါက ဥပဒေအရအရေးယူခံရမှာဖြစ်လို့ အမှိုက်ကားခေါ်ယူစနစ် On call ဆောင်ရွက်ဖို့ စည်ပင်သာယာရေးကော်မတီက ပြောဆိုလိုက်ပါတယ်။ ရပ်ကွက်နေပြည်သူတွေက ရပ်ကွက်အတွင်း အမှိုက်စုပုံမီးရှို့ခြင်းခြင်းကြောင့် မြို့နယ်အတွင်း လေထုညစ်ညမ်းခြင်းကို ဖြစ်ပေါ်စေသလို၊ မီးဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်တွေကိုလည်း ပေါ်ပေါက်လာစေနိုင်တာကြောင့် မီးရှို့တာတွေမလုပ်ဖို့ သတိပေးပြောဆိုတာဖြစ်တယ်လို့ သိရပါတယ်။ “မီးရှို့ခွင့်က ရှိကိုမရှိတာ။ အမှိုက်က စွန့်ပစ်ရမယ့်နေရာမှာပဲ သွားစွန့်ပစ်ရမှာပေါ့။ သွားမစွန့်ပစ်ဘူးဆိုရင် on call စနစ်နဲ့ပြုလုပ်ရမယ်။ on call စနစ်အတွက်က ဝန်ဆောင်ခပေးရတယ်။ ဥပမာ ကားလေးတစ်စီးဆို ၃၅၀၀၀ ပေးရတယ် ၊ကားကြီးဆို ၇၀၀၀၀ ကျတာပေါ့ ဒါကတော့ကားကြီးခေါ်တာပေါ့။ ဒါက on call ခေါ်တာပေါ့။” လို့ တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးလင်းကပြောပါတယ်။ ရပ်ကွက်တွေအတွင်း အမှိုက်ပုံပြီး မီးရှို့ဖျက်ဆီးမှုတွေမဖြစ်စေဖို့…

Read More

UEC နှုတ်ထွက်ပေးဖို့ ပြည်မြို့မှာ တစ်ကိုယ်တော်ဆန္ဒပြ

နိုဝင်ဘာ ၂၅-၂၀၂၀ သိင်္ဂီထွန်း(VOM) ပြည်မြို့မှာ ဒီကနေ့မနက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC အနေနဲ့ ကျင်းပပြီးခဲ့တဲ့ ၂၀၂၀ရွေးကောက်ပွဲမှာ တရားမျှတမှုလုံးဝမရှိဘူးဆိုတာ ပေါ်လွင်ထင်ရှားတဲ့အတွက် အမှန်တရားကို ဖော်ပေးဖို့၊ မလုပ်နိုင်ပါက ရာထူးကနေ နှုတ်ထွက်ပေးဖို့အတွက် တစ်ကိုယ်တော်ဆန္ဒပြတောင်းဆိုမှု ပြုလုပ်ခဲ့ပါတယ်။ “မဲမသမာမှုတွေကိုပြန်လည်စိစစ်ပေးရေးနဲ့ တရားမျှတမှုပေါ်ပေါက်ရေးအတွက် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပါတယ်။ မဲစာရင်းမမှန်ကန်ဘူး၊ မဲစာရင်းအပေါ်စစ်ဆေးပေးနိုင်ခြင်းမရှိဘူး၊ ဒီအပေါ်မှာ UEC ရဲ့အားနည်းချက်တွေတွေ့ရတယ်၊ အမှန်တရားနဲ့ တရားမျှတမှုက ယှဉ်တွဲနေတယ်၊ အမှန်တရားကို မှန်မှန်ကန်ကန် ခိုင်ခိုင်မာမာနဲ့ ဆုံးဖြတ်ပေးဖို့လိုတယ်၊ ပြတ်ပြတ်သားသားချမှတ်ပေးဖို့လိုတယ်။ ဒီလိုမပြတ်သားတဲ့အပေါ်မှာ ပြတ်သားနိုင်ဖို့ ဆန္ဒထုတ်ဖော်တောင်းဆိုရခြင်းဖြစ်တယ်၊ တကယ်လို့ မလုပ်ပေးနိုင်ဘူးဆိုရင် နှုတ်ထွက်ပေးဖို့တောင်းဆိုခြင်းဖြစ်တယ်”လို့ တစ်ကိုယ်တော်ဆန္ဒပြခဲ့တဲ့ ကိုအောင်ဝင်းနိုင်ကပြောပါတယ်။ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ပွဲမှာ UEC နှုတ်ထွက်ပေးရေး ၊UEC အလိုမရှိ ၊ မဲလိမ် မဲခိုးအစိုးရအလိုမရှိ၊ တရားမျှတမှုမရှိသော ရွေးကောက်ပွဲအလိုမရှိ ဆိုတဲ့ စာသားပါတဲ့ ဗီနိူင်းဆိုင်းဘုတ်ကိုကိုင်ဆောင်ပြီး ပြည်မြို့အတွင်း ခြေလျင်လျှောက်ကာ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ #voiceofmyanmar…

Read More

သန့်စင်ဆေးသုံးပစ္စည်းတွေကို ကက်တမင်းမူးယစ်ဆေးဆိုပြီး ထိုင်းရဲ မှားဖမ်းမိ

ဘန်ကောက်၊ နိုဝင်ဘာ-၂၅-၂၀၂၀ မျိုးဆက် (VOM) ထိုင်းနိုင်ငံမှာဒေါ်လာ တစ်ဘီလီယံတန်ဖိုးရှိ ကက်တမင်းမူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်ဆိုတာဟာ နားလည်မှုလွဲခြင်းသာဖြစ်တယ်လို့ ထိုင်းတရားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဓါတ်ခွဲခန်းစမ်းသပ်ချက်တွေအရ ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေဟာ သန့်စင်ဆေးရေအဖြစ်အသုံးပြုတဲ့ ထရိုင်ဆိုဒီယမ်ဖော့စဖိတ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ နည်းပညာဆိုင်ရာအမှားတစ်ခုကြောင့် ကွင်းဆင်းစစ်ဆေးဖမ်းဆီးမှုမှုအတွင်း ကနဦးမှားယွင်းပြောဆိုမှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ တရားရေးဝန်ကြီး ဆွမ်ဆက်သက်ဆူသင်က ပြောပါတယ်။ အဲဒီစ္စည်းတွေကို အခုလအစောပိုင်းမှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံးသော ကက်တမင်းမူးယစ်ဆေး အမြောက်အမြား ဖမ်းဆီးရမိမှုအဖြစ်ကြေညာခဲ့ပါတယ်။ ကက်တမင်းတွေကို မေ့ဆေးအဖြစ် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြပေမယ့် စိတ်အာရုံလွင့်မျောမှုကို ဖြစ်စေတာကြောင့် စိတ်အပန်းဖြေမူးယစ်ဆေးအဖြစ်လည်း အသုံးပြုမှုတွေရှိနေပါတယ်။ Ref : BBC Photo:Reuters #voiceofmyanmar #VOM #ဘန်ကောက်

Read More

ညောင်ဦးဧရာဝတီမြစ်ထဲမှာ လင်းပိုင်တစ်ကောင်တွေ့ရပြီး ရှော့တိုက်ငါးဖမ်းသူတွေနဲ့ ထိတွေ့မှာ ဒေသခံတွေစိုးရိမ်

နိုဝင်ဘာ ၂၅-၂၀၂၀ ရန်အောင်ထွန်း(VOM) မန္တလေးတိုင်း ၊ ညောင်းဦးခရိုင် ၊ တောင်ဘီအရှေ့ရွာဆိပ်ကမ်းမှာ နိုဝင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းက ဧရာဝတီလင်းပိုင်တစ်ကောင်တွေ့ရှိခဲ့ရတဲ့အတွက် ရှော့တိုက်ငါးဖမ်းသူတွေနဲ့ တွေ့မှာကို စိုးရိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မျက်မြင်တွေ့လိုက်တဲ့ တောင်ဘီအရှေ့ရွာဒေသခံ ကိုမော်ကြီးကတော့ “ ဒီမှာက ရှော့တိုက်ငါးဖမ်းတာတွေရှိတယ်၊ တချို့က ရှော့ပါမှ ငါးရမယ့်ထင်နေကြတာတွေရှိတယ် ၊ ဘတ်ထရီတွေဘာတွေက ပိုက်အောက်မှာထားကြတာ၊ နေ့မှာမလုပ်ဘူး ညဘက်တွေလုပ်ကြတာ၊ စက်လှေ ၅ စီးလောက်မှာ ၃ စီးလောက်က ရှော့တွေပါနေတာ၊ ဒီရှော့တွေက ငါးကြီးလေ ပိုထိလေပဲလေ၊ တွေ့တဲ့နေ့က မြင်လိုက်တဲ့ ငါးဖမ်းသမားတွေကတော့ အခုအကောင်ကြီးလို့ ကြောက်ကြတယ်၊ ကျနော်ရသလောက်တော့ ပြောတယ် ဒီအကောင်တွေက ရှော့တိုက်ရင်သေတယ်နော် မရဘူးလို့ ပြောတာတော့လုပ်တယ်“လို့ ပြောပါတယ်။ သူတို့တွေ့ရတဲ့ ဧရာဝတီလင်းပိုင်ဟာ ပိဿာအချိန် ၃၀ ဝန်းကျင်ရှိပြီး နိုဝင်ဘာလ ၂၄…

Read More

ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ဒုတိယမြောက်အစီရင်ခံစာ အိုင်စီဂျေသို့ မြန်မာတင်သွင်း

သည်ဟိဂ်၊ နိုဝင်ဘာ-၂၅-၂၀၂၀ မျိုးဆက် (VOM) မြန်မာနိုင်ငံက ရိုဟင်ဂျာအသိုင်းအဝိုင်းကိုကာကွယ်ဖို့ တရားရုံးရဲ့ အမိန့်နဲ့အညီ အိုင်စီဂျေသို့ ဒုတိယမြောက် အစီရင်ခံစာတစ်ရပ်ကို မြန်မာနိုင်ငံက တင်သွင်းလိုက်ပါတယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုကနေ ကာကွယ်ပေးဖို့ အိုင်စီဂျေက မြန်မာနိုင်ငံကို အမိန့်ချထားပြီး ဒီကိစ္စနဲ့ပတ်သက်တဲ့ ဒုတိယမြောက်အစီရင်ခံစာကို မြန်မာအစိုးရ ကိုယ်စားလှယ်က နိုဝင်ဘာ ၂၃ ရက်မှာ တရားရုံးကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီအစီရင်ခံစာကို အခုချိန်မှာ လူသိရှင်ကြား ထုတ်ပြန်သွားမှာမဟုတ်သေးဘူးလို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Global Justice Center ကပြောပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို လူမျိုးတုန်းသတ်ဖြတ်နေမှုတွေကနေ ကာကွယ်ဖို့ သို့မဟုတ် အပြစ်ပေးဖို့အတွက် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း အိုင်စီဂျေမှာ အမှုဖွင့်ခဲ့တာ့ဖြစ်ပါတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေအနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေ မကျူးလွန်စေဖို့၊ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ သက်သေအထောက်အထားအားလုံးကို မှတ်တမ်းပြုသိမ်းဆည်းဖို့နဲ့…

Read More

မူးယစ်ဆေးသယ်လာတဲ့ကားကို ပစ်ခတ်ဖမ်းဆီးခဲ့ရ

နိုဝင်ဘာ ၂၅-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဘန့်‌ဘွေးကုန်းကျေးရွာအနီး ဗောဓိတစ်ထောင်ဘုရားရှေ့မှာ ဒီကနေ့မနက် ၇ နာ ရီခွဲခန့်က မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ ကားတစ်စီးကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ ပြစ်မှုကျုးလွန်သူက တောင်ငူကပါ။ သတင်းအရ ကားကိုရပ်တန့်ခိုင်းတာ မရပ်ဘဲထွက်ပြေးလို့ သေနတ်နဲ့နှစ်ချက်ပစ်ရတဲ့အပြင် ကားချင်းတိုက်ပြီး ဖမ်းဆီးခဲ့ရပါတယ်။ မူးယစ်ဆေးဝါး အပြား တစ်သောင်းကျော်နဲ့ ဖမ်းမိခဲ့တာပါ”လို့ ပေါင်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ သထုံခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနမှတာဝန်ရှိသူတွေအဖွဲ့က မူးယစ်ဆေးသတင်းအရ ပေါင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ၊ မဟာဗောဓိစေတီရှေ့ကားလမ်းပေါ်မှာ စောင့်ဆိုင်းနေချိန် သထုံဘက်မြို့ကနေ မောင်းလာတဲ့ Hiace အဖြူရောင်ယာဉ်ကို ရပ်တန့်စစ် ဆေးဖို့ပြုလုပ်တာကို မောင်းပြေးခဲ့တာဖြစ်ပါတယ်။ တာဝန်ရှိသူတွေက ကားကိုသေနတ်နဲ့ ၂ ချက်ပစ်ခတ်ကာ ကားချင်းတိုက် ဖမ်းဆီးခဲ့ရပြီးယာဉ်ပေါ်ကို စစ်ဆေးရှာ‌ဖွေရာမှာတော့ တောင်ငူမြို့နယ်၊ ပြည်တော်သာတိုက်တန်းမှာနေထိုင်တဲ့ တေဇာသက်နိုင် (၃၇ နှစ်)ဆိုသူကို…

Read More

စစ်ကိုင်းတိုင်းမှာ ၁၅ ရက်အတွင်း သားဖြစ်သူကနေ ဖခင်ဖြစ်သူကို ပြန်သတ်တဲ့ လူသတ်မှု ၃ မှုဖြစ်ပွား

နိုဝင်ဘာ ၂၅-၂၀၂၀ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်းထဲမှာ နိုဝင်ဘာ ၁၁ ရက်ကနေ ၂၅ ရက်နေ့အထိ ၁၅ ရက်တာ ကာလအတွင်း သားဖြစ်သူကနေ ဖခင်ဖြစ်သူကို ပြန်သတ်တဲ့ လူသတ်မှုဖြစ်စဉ် ၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မနေ့ နိုဝင်ဘာ ၂၄ ရက်နေ့မနက်က ကနီမြို့နယ်၊ ကနဲကျေးရွာအုပ်စု၊ ကျွန်းဖျားကျေးရွာမှာ မူးယစ်သောက်စားထားတဲ့ အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ယောက်က အသက် ၆၅ နှစ်အရွယ် ဖခင်ဖြစ်သူရဲ့ ဦးခေါင်းနောက်စေ့ နေရာနဲ့ မျက်နှာရှေ့ နဖူးနေရာကို ကွန်ကရစ် ဘိလပ်အုတ်ခဲနဲ့ ထုသတ်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီအမှုနဲ့ပတ်သက်ပြီး ကနီမြို့မရဲစခန်းက ရဲဝန်ထမ်းတစ်ယောက်က “ကျေး ရွာခွဲ တာဝန်ခံ ဦးဌေးအောင်က တရားလိုလုပ်ပြီး တိုင်တယ်၊ သားကနေ အဖေကိုပြန်သတ်တဲ့အမှုဖြစ်တယ်၊ (ပ)၂၄၉/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂ အရ.အရေးယူထားတယ်”လို့ ပြောပါတယ်။…

Read More

နှင်းဆီပါတီဥက္ကဋ္ဌကို စွဲဆိုထားတဲ့ လဝကအမှုကို တရားရုံးက ရုပ်သိမ်း

မန္တလေး၊ နိုဝင်ဘာ- ၂၅-၂၀၂၀ ရှိုင်းအောင်(VOM)   နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို လဝက အက်ဥပဒေ ပုဒ်မ -၁၃(၁) နဲ့ စွဲဆိုထားတဲ့အမှုမှာ တရားခံရဲ့ ထုချေချက်အရ အမှုရဲ့ နယ်မြေ စီရင်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး အငြင်းပွားတဲ့အတွက် အမှုကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ  ဆက်လက် စစ်ဆေးခြင်းမရှိတော့လို့ ပလပ် လိုက်ပါတယ်။   တခြားမြို့နယ်မှာ ပြောင်းလည်း စွဲဆိုဖို့အတွက် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ အရ အမှုရုပ်သိမ်းခွင့် တင်ပြလျှောက်ထားလာတာကြောင့် ဒီအမှုကို စိစစ် ရုပ်သိမ်းခွင့်ပြုပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄(က) အရ စွဲချက်မတင်မီ ပြန်လွှတ်လိုက်တာ ဖြစ်တယ်လို့ ချမ်းအေးသာစံမြို့နယ် တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောပါတယ်။     “ဆိုလိုချင်တဲ့ အဓိပ္ပာယ်က ဒီအမှုကို ဒီတရားရုံးက စီရင်ပိုင်ခွင့်မရှိကြောင်း အငြင်းပွားတဲ့အတွက်…

Read More

ကောလဟလတွေနဲ့ သတင်းအမှားတွေကို သတိထားဖို့အချက်များ

  ” Covid-19 ကာလမှာ ကောလဟလတွေနဲ့ သတင်းအမှားတွေကို သတိထားဖို့ အရမ်းအရေးကြီးပါတယ်..” 🔘 ကိုဗစ် ၁၉ နှင့်ပတ်သက်၍ အများပြည်သူ စိုးရိမ်ထိတ်လန့်စေသည့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုရ (ဒေသန္တရအမိန့်) 🔘 လူမှုကွန်ယက်စာမျက်နှာတွင် လူများ၏ အကြောက်တရားကို အခြေခံပြီး စိတ်ဝင်စားမှု များများရအောင် လုပ်ကြံဖန်တီးဖြန့်ဝေသည့် သတင်းအမှားများ ယခုလို ကပ်ရောဂါဘေးကာလတွင် အများအပြား ရှိနေတာကြောင့် ဖန်တီးဖြန့်ဝေသူများကို အရေးယူနိုင်မည့် ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားပါသည်။ 🔘 သတင်းမှားများမှ ရောဂါကာကွယ်ရေးအသိလွဲမှားကာ ရောဂါကူးစက်ခံရနိုင်တာကြောင့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုဘဲ မိမိနှင့် ပတ်ဝန်းကျင်ကို COVID 19 ဘေးမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ သတင်းတစ်ပုဒ်ကို မျှဝေတော့မယ်ဆိုလျှင် ☑️ သတင်းရေးသူကို စိစစ်ပါ။ ☑️ ခေါင်းစဉ်တစ်ခုတည်းကိုပဲ မဖတ်ပါနဲ့။ ☑️ သတင်းကို အစအဆုံးဖတ်ပါ။ ☑️…

Read More

မှုခင်းရှုထောင့် သတင်းထောက်ကဒ်ကိုင်ဆောင်တဲ့ အမျိုးသမီးတစ်ဦးဆီကနေ မူးယစ်ဆေးဝါးတွေဖမ်းဆီရမိ

နိုဝင်ဘာ ၂၅-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်မှာ မနေ့ အောက်တိုဘာ ၂၄ ရက်နေ့က မှုခင်းရှုထောင့်သတင်းဌာန တာဝန်ခံကဒ်ပြားကိုင်ဆောင်ထားသူ အသက် ၄၁ အရွယ် အမျိုးသမီး တစ်ဦးဆီကနေ မူးယစ်ဆေးဝါးတွေဖမ်းဆီးရရှိခဲ့တယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးဉာဏ်မြင့်ကျော်က VOMကို ပြောပါတယ်။ အဲ့ဒီအမျိုးသမီးဆီကနေ စိတ်ကြွဆေးပြား ၁၄၀ ပြား ၊ ဘိန်းဖြူ ၄၄၅ ဂရမ် စုစုပေါင်း ကာလတန်ဖိုး ၃၁၁ သိန်းကျော်ကို သူ့ရဲ့ နေအိမ်ကနေ ရှာဖွေဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး သတင်းထောက်ကဒ်ကိုင်ဆောင်ထားတာဖြစ်လို့ ရန်ကုန်ရှုထောင့် သတင်းရုံးချုပ်ကို ပြည်နယ်ရဲတပ်ဖွဲ့က ဆက်သွယ်မေးကြည့်ထားတယ်လို့ ပြောပါတယ်။ “ အဲ့ဒီ ရှုထောင့်သတင်းဌာန ဆိုတာကို ဆက်သွယ်ခဲ့တယ်၊ သူတို့ကတော့ သတင်းထောက်အဖြစ်က ထုတ်ထားပြီးပြီလို့ ပြောတယ်“လို့ ရဲမှူးကြီးဉာဏ်မြင့်ကျော်က ပြောပါတယ်။ မှုခင်းရှုထောင့်သတင်းထောက်တွေကို တရားဝင်သတင်းသမားအဖွဲ့အစည်း မဟုတ်ကြောင်း ၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက…

Read More
VOM News

FREE
VIEW