မူးယစ်ဆေးသယ်လာတဲ့ကားကို ပစ်ခတ်ဖမ်းဆီးခဲ့ရ

နိုဝင်ဘာ ၂၅-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဘန့်‌ဘွေးကုန်းကျေးရွာအနီး ဗောဓိတစ်ထောင်ဘုရားရှေ့မှာ ဒီကနေ့မနက် ၇ နာ ရီခွဲခန့်က မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ ကားတစ်စီးကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

ပြစ်မှုကျုးလွန်သူက တောင်ငူကပါ။ သတင်းအရ ကားကိုရပ်တန့်ခိုင်းတာ မရပ်ဘဲထွက်ပြေးလို့ သေနတ်နဲ့နှစ်ချက်ပစ်ရတဲ့အပြင် ကားချင်းတိုက်ပြီး ဖမ်းဆီးခဲ့ရပါတယ်။ မူးယစ်ဆေးဝါး အပြား တစ်သောင်းကျော်နဲ့ ဖမ်းမိခဲ့တာပါ”လို့ ပေါင်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သထုံခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနမှတာဝန်ရှိသူတွေအဖွဲ့က မူးယစ်ဆေးသတင်းအရ ပေါင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ၊ မဟာဗောဓိစေတီရှေ့ကားလမ်းပေါ်မှာ စောင့်ဆိုင်းနေချိန် သထုံဘက်မြို့ကနေ မောင်းလာတဲ့ Hiace အဖြူရောင်ယာဉ်ကို ရပ်တန့်စစ်
ဆေးဖို့ပြုလုပ်တာကို မောင်းပြေးခဲ့တာဖြစ်ပါတယ်။

တာဝန်ရှိသူတွေက ကားကိုသေနတ်နဲ့ ၂ ချက်ပစ်ခတ်ကာ ကားချင်းတိုက် ဖမ်းဆီးခဲ့ရပြီးယာဉ်ပေါ်ကို စစ်ဆေးရှာ‌ဖွေရာမှာတော့ တောင်ငူမြို့နယ်၊ ပြည်တော်သာတိုက်တန်းမှာနေထိုင်တဲ့ တေဇာသက်နိုင် (၃၇ နှစ်)ဆိုသူကို WYအမှတ်သားပါ မူးယစ်ဆေးဝါး ၁၀၉၅၀ ပြားနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ပေါင်မြို့မရဲစခန်းကနေ သိရပါတယ်။

မှုးယစ်ဆေးဝါးအမှုနဲ့ပတ်သက်ပြီး တေဇာသက်နိုင်ကို ပေါင်မြို့မရဲစခန်းမှ မယ
(ပ)၃၄/၂၀၂၀၊ မူးယစ်‌ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲ‌စေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၀(က)နဲ့ အမှုဖွင့်အရေးယူဖို့ ပြင်ဆင်‌နေတယ်လို့ သိရပါတယ်။

Photo – ဝရဇိန်
#voiceofmyanmar #VOM #ပေါင်မြို့ #မူးယစ်မှု #သေနတ်နဲ့ပစ်ဖမ်း

Related posts

Leave a Comment

VOM News

FREE
VIEW