UEC နှုတ်ထွက်ပေးဖို့ ပြည်မြို့မှာ တစ်ကိုယ်တော်ဆန္ဒပြ

နိုဝင်ဘာ ၂၅-၂၀၂၀
သိင်္ဂီထွန်း(VOM)

ပြည်မြို့မှာ ဒီကနေ့မနက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC အနေနဲ့ ကျင်းပပြီးခဲ့တဲ့ ၂၀၂၀ရွေးကောက်ပွဲမှာ တရားမျှတမှုလုံးဝမရှိဘူးဆိုတာ ပေါ်လွင်ထင်ရှားတဲ့အတွက် အမှန်တရားကို ဖော်ပေးဖို့၊ မလုပ်နိုင်ပါက ရာထူးကနေ နှုတ်ထွက်ပေးဖို့အတွက် တစ်ကိုယ်တော်ဆန္ဒပြတောင်းဆိုမှု ပြုလုပ်ခဲ့ပါတယ်။

“မဲမသမာမှုတွေကိုပြန်လည်စိစစ်ပေးရေးနဲ့ တရားမျှတမှုပေါ်ပေါက်ရေးအတွက် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပါတယ်။ မဲစာရင်းမမှန်ကန်ဘူး၊ မဲစာရင်းအပေါ်စစ်ဆေးပေးနိုင်ခြင်းမရှိဘူး၊ ဒီအပေါ်မှာ UEC ရဲ့အားနည်းချက်တွေတွေ့ရတယ်၊ အမှန်တရားနဲ့ တရားမျှတမှုက ယှဉ်တွဲနေတယ်၊ အမှန်တရားကို မှန်မှန်ကန်ကန် ခိုင်ခိုင်မာမာနဲ့ ဆုံးဖြတ်ပေးဖို့လိုတယ်၊ ပြတ်ပြတ်သားသားချမှတ်ပေးဖို့လိုတယ်။ ဒီလိုမပြတ်သားတဲ့အပေါ်မှာ ပြတ်သားနိုင်ဖို့ ဆန္ဒထုတ်ဖော်တောင်းဆိုရခြင်းဖြစ်တယ်၊ တကယ်လို့ မလုပ်ပေးနိုင်ဘူးဆိုရင် နှုတ်ထွက်ပေးဖို့တောင်းဆိုခြင်းဖြစ်တယ်”လို့ တစ်ကိုယ်တော်ဆန္ဒပြခဲ့တဲ့ ကိုအောင်ဝင်းနိုင်ကပြောပါတယ်။

တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ပွဲမှာ UEC နှုတ်ထွက်ပေးရေး ၊UEC အလိုမရှိ ၊ မဲလိမ် မဲခိုးအစိုးရအလိုမရှိ၊ တရားမျှတမှုမရှိသော ရွေးကောက်ပွဲအလိုမရှိ ဆိုတဲ့ စာသားပါတဲ့ ဗီနိူင်းဆိုင်းဘုတ်ကိုကိုင်ဆောင်ပြီး ပြည်မြို့အတွင်း ခြေလျင်လျှောက်ကာ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပြည် #UECနှုတ်ထွက်ပေးဖို့ #တကိုယ်တော်ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW