ဆွေးနွေးမှုအဆင့်တခုရောက်ရင် AA ကို အကြမ်းဖက်အဖွဲ့အဖြစ်က ပယ်ဖျက်ပေးမယ်

နိုဝင်ဘာ-၂၇-၂၀၂၀
ဆွေလင်းထွန်း(VOM)

အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ ရက္ခိုင့်တပ်တော်(AA) နဲ့ ဆွေးနွေးနိုင်ရေးအတွက် လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကတဆင့် ဆောင်ရွက်နေပြီး ဆွေးနွေးမှုအဆင့်တခုရောက်ရင် အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ပယ်ဖျက်ပေးမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည်တော်မှာ ဒီနေ့ပြုလုပ်ခဲ့တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်ပြောခဲ့တာ ဖြစ်ပါတယ်။

“အရင်ကလည်း ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေနွေးရာမှာ ကြိုတင်ညှိနှိုင်းဆွေးနွေးပြီးတော့ အဆင့်တခုရောက်မှ မတရားအသင်းတွေ၊ အကြမ်းဖက်အဖွဲ့တွေအဖြစ်ကနေ ဥပဒေနဲ့အညီပယ်ဖျက်ပေးခဲ့တဲ့ သာဓကတွေ ရှိတယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေ ကြေညာခဲ့ခြင်းဟာလည်း သူတို့ရဲ့ လုပ်ဆောင်ချက်တွေအပေါ် မူတည်တာပဲ ဖြစ်ပြီးတော့ကျ အကြမ်းဖက်အဖွဲ့အစည်း မဟုတ်ဘူးဆိုတာကိုလည်း ဖြစ်ပေါ်တိုးတက်လာတဲ့ လုပ်ဆောင်ချက်တွေ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်မှုတွေအပေါ်မှာ ကြည့်ရမှာ ဖြစ်တယ်လို့” ပြောပါတယ်။

ရခိုင်ပြည်နယ်က ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲပြန်လုပ်ပေးဖို့ နိုဝင်ဘာ ၁၂ရက်မှာ AA အဖွဲ့က အစိုးရနဲ့ တပ်မတော်ကို မေတ္တာရပ်ခံပြီးနောက်ပိုင်း ရခိုင်ဒေသမှာ AA နဲ့ ထိတွေ့တိုက်ပွဲမရှိခဲ့ဘူးလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

တပ်မတော်အနေနဲ့ မြို့ရွာတွေနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို ဆောင်ရွက်နေတာဖြစ်ပြီး အဲ့လိုဆောင်ရွက်မှုတွေကို မထိခိုက်ရင် တိုက်ပွဲဖြစ်စရာ အကြောင်းမရှိဘူးလို့ ဆက်ပြောပါတယ်။

နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) လက်မှတ်ရေးထိုးနိုင်ရေးအတွက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ကို မတရားအသင်းအဖြစ်နဲ့ ABSDF၊ RCSS နဲ့ KNU ကိုတော့ အကြမ်းဖက်အဖွဲ့အဖြစ်ကနေပါ သမ္မတအမိန့်နဲ့ ပယ်ဖျက်ပေးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၁ရက် မှာလည်း မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်ပါတီတို့ကို မတရားအသင်းနဲ့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတာကနေ ပယ်ဖျက်ပေးခဲ့ဖူးပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးဖို့အတွက် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီတရပ်ကိုလည်း ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့က တပ်မတော်ဘက်ကနေ ဖွဲ့စည်းခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

zawgy

ေဆြးေႏြးမႈအဆင့္တခုေရာက္ရင္ AA ကို အၾကမ္းဖက္အဖြဲ႕အျဖစ္က ပယ္ဖ်က္ေပးမယ္

ႏိုဝင္ဘာ-၂၇-၂၀၂၀
ေဆြလင္းထြန္း(VOM)

အစိုးရက အၾကမ္းဖက္အဖြဲ႕အျဖစ္ ေၾကညာထားတဲ့ ရကၡိဳင့္တပ္ေတာ္(AA) နဲ႔ ေဆြးေႏြးႏိုင္ေရးအတြက္ လူပုဂၢိဳလ္ေတြ၊ အဖြဲ႕အစည္းေတြကတဆင့္ ေဆာင္႐ြက္ေနၿပီး ေဆြးေႏြးမႈအဆင့္တခုေရာက္ရင္ အၾကမ္းဖက္အဖြဲ႕အျဖစ္ကေန ပယ္ဖ်က္ေပးမယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဥကၠဌ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေနျပည္ေတာ္မွာ ဒီေန႔ျပဳလုပ္ခဲ့တဲ့ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕ သတင္းစာရွင္းလင္းပြဲမွာ ထည့္ေျပာခဲ့တာ ျဖစ္ပါတယ္။

“အရင္ကလည္း ၿငိမ္းခ်မ္းေရးအတြက္ ညႇိႏႈိင္းေဆြေႏြးရာမွာ ႀကိဳတင္ညႇိႏႈိင္းေဆြးေႏြးၿပီးေတာ့ အဆင့္တခုေရာက္မွ မတရားအသင္းေတြ၊ အၾကမ္းဖက္အဖြဲ႕ေတြအျဖစ္ကေန ဥပေဒနဲ႔အညီပယ္ဖ်က္ေပးခဲ့တဲ့ သာဓကေတြ ရွိတယ္။ အၾကမ္းဖက္အဖြဲ႕အစည္းေတြ ေၾကညာခဲ့ျခင္းဟာလည္း သူတို႔ရဲ႕ လုပ္ေဆာင္ခ်က္ေတြအေပၚ မူတည္တာပဲ ျဖစ္ၿပီးေတာ့က် အၾကမ္းဖက္အဖြဲ႕အစည္း မဟုတ္ဘူးဆိုတာကိုလည္း ျဖစ္ေပၚတိုးတက္လာတဲ့ လုပ္ေဆာင္ခ်က္ေတြ ၿငိမ္းခ်မ္းေရးအတြက္ ေဆာင္႐ြက္မႈေတြအေပၚမွာ ၾကည့္ရမွာ ျဖစ္တယ္လို႔” ေျပာပါတယ္။

ရခိုင္ျပည္နယ္က ေ႐ြးေကာက္ပြဲမက်င္းပႏိုင္ခဲ့တဲ့ ၿမိဳ႕နယ္ေတြမွာ ေ႐ြးေကာက္ပြဲျပန္လုပ္ေပးဖို႔ ႏိုဝင္ဘာ ၁၂ရက္မွာ AA အဖြဲ႕က အစိုးရနဲ႔ တပ္မေတာ္ကို ေမတၱာရပ္ခံၿပီးေနာက္ပိုင္း ရခိုင္ေဒသမွာ AA နဲ႔ ထိေတြ႕တိုက္ပြဲမရွိခဲ့ဘူးလို႔လည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

တပ္မေတာ္အေနနဲ႔ ၿမိဳ႕႐ြာေတြနဲ႔ ျပည္သူေတြရဲ႕ လုံၿခဳံေရးကို ေဆာင္႐ြက္ေနတာျဖစ္ၿပီး အဲ့လိုေဆာင္႐ြက္မႈေတြကို မထိခိုက္ရင္ တိုက္ပြဲျဖစ္စရာ အေၾကာင္းမရွိဘူးလို႔ ဆက္ေျပာပါတယ္။

ႏိုင္ငံလုံးဆိုင္ရာပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးစာခ်ဳပ္(NCA) လက္မွတ္ေရးထိုးႏိုင္ေရးအတြက္ ၂၀၁၅ ခုႏွစ္ ေအာက္တိုဘာ ၁၂ ရက္မွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၈ဖြဲ႕ကို မတရားအသင္းအျဖစ္နဲ႔ ABSDF၊ RCSS နဲ႔ KNU ကိုေတာ့ အၾကမ္းဖက္အဖြဲ႕အျဖစ္ကေနပါ သမၼတအမိန႔္နဲ႔ ပယ္ဖ်က္ေပးခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီ ၁၁ရက္ မွာလည္း မြန္ျပည္သစ္ပါတီနဲ႔ လားဟူဒီမိုကရက္တစ္ပါတီတို႔ကို မတရားအသင္းနဲ႔ အၾကမ္းဖက္အဖြဲ႕အျဖစ္ ေၾကညာထားတာကေန ပယ္ဖ်က္ေပးခဲ့ဖူးပါတယ္။

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ေဆြးေႏြးဖို႔အတြက္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ဦးေဆာင္တဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေကာ္မတီတရပ္ကိုလည္း ၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာ ၉ ရက္ေန႔က တပ္မေတာ္ဘက္ကေန ဖြဲ႕စည္းခဲ့ပါေသးတယ္။

#voiceofmyanmar #VOM #တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕

 

 

Related posts

Leave a Comment

VOM News

FREE
VIEW