အငြင်းပွားမှု၊ ဆန္ဒပြမှုတွေနဲ့ အတိုင်အတောထူတဲ့ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်

နိုဝင်ဘာ ၂၄-၂၀၂၀ ဆွေလင်းထွန်း+နေလင်း(VOM)   ရွေးကောက်ပွဲပြီးတဲ့ နိုဝင်ဘာ ၈ ရက် ညနေကတည်းက အငြင်းပွားမှုအသံတွေ တိုင်မယ်တောတယ်ဆိုတဲ့ အသံတွေက ဟိုကဒီက ထွက်လာခဲ့ပါတယ်။ အခုဆိုရင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို ရွေးကောက်ပွဲကော်မရှင်နဲ့ ရဲစခန်းတွေမှာ တိုင်တန်းတာတွေ လုပ်ဆောင်နေကြပြီးဆက်လက်လုပ်ဆောင်ဖို့လည်း ရှိနေပါသေးတယ်။   ခုအချိန်ထိ ရရှိထားတဲ့ အချက်အလက်တွေအရ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို တိုင်တန်းမှုတွေထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အများဆုံးဖြစ်တာကို တွေ့ရပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီက သူတို့ပါတီရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ လွှင့်တင်ထားတဲ့ ပါတီဥက္ကဌ ဦးသန်းဌေးရဲ့ ပြည်သူများသို့ ပန်ကြားချက်ထဲမှာ ပြည်ခိုင်ဖြိုးက စုထောင်းထားတဲ့ ကော်မရှင်နဲ့ သက်ဆိုင်တဲ့ အမှုပေါင်း ၇၅၀ကျော်နဲ့ ရဲအရေးပိုင်တဲ့ အမှုပေါင်း ၁၁၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။   ဖြစ်စဉ်အများစုက ကြိုတင်မဲပေးပြီးသူတွေ ရွေးကောက်ပွဲနေ့မှာ ထပ်မံမဲပေးတာ၊ ကိုယ်စားမဲပေးတာ၊…

Read More

ပလက်ဝမြို့က (၄)လသားအရွယ် စစ်ရှောင်ကလေးတစ်ဦး စစ်တွေမြို့မှာ သေဆုံးမှုဖြစ်ပွား

နိုဝင်ဘာ ၂၄-၂၀၂၀ ထက်အောင်စိုင်း (VOM) စစ်တွေမြို့နယ်၊ ကျေးတောပိုက်ဆိပ်ကျေးရွာက စစ်ဘေးရှောင်စခန်းတစ်ခုမှာ ပလက်ဝမြို့နယ်ကနေ နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ လသားအရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦး မနေ့နိုဝင်ဘာ ၂၃ရက် ညနေပိုင်းက သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ကလေးဟာ (၄)လသားအရွယ်သာရှိသေးပြီး ပလက်ဝမြို့နယ်၊ ရုပ်ဝကျေးရွာကနေ စစ်တွေမြို့ရှိ စစ်ဘေးရှောင်စခန်းမှာ စစ်ရှောင်နေရင်း ကျန်းမာရေးအခြေအနေမကောင်းတာကြောင့် စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေချိန် သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ စစ်ဘေးရှောင်ကလေးငယ်ရဲ့ ဖခင်ဖြစ်သူ ဦးဦးသာထွန်းက” ဦးလေးမှာ သားလေးဆုံးသွားတာ ဟုတ်ပါတယ်။ ဆေးရုံတင်တယ် ပြီးတော့ မနေ့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ဆုံးသွားပါတယ်။ ကလေးကို ဆေးရုံပို့တဲ့အခါမှာတော့ မွေးရာပါ ဒေါင်းရောဂါကြောင့် သေဆုံးသွားတာလို့ ဆရာဝန်ကပြောပါတယ်၊ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရချိန် ကလေးကို ဆေးရုံတင်ရပြီး သေဆုံသွားတာဆိုတော့ စိတ်မကောင်းပါဘူး။ ရင်ထဲမှာလည်း ဒုက္ခဆင်းရဲပြီးမှ ဝမ်းနည်း ကြေကွဲရတာပေါ့။ ကလေးကို…

Read More

အမေရိကန်အစိုးရအပြောင်းအလဲ တရားဝင်စတင်ဖို့ ဒေါ်နယ်ထရန့် သဘောတူပြီ

ဝါရှင်တန်၊ နိုဝင်ဘာ-၂၄-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်အနေနဲ့ သမ္မတရာထူးရယူဖို့အတွက် အစိုးရအဖွဲ့အပြောင်းအလဲ တရားဝင်စတင်ဖို့ကို လက်ရှိသမ္မတဒေါ်နယ်ထရန့်က လက်ခံလိုက်ပြီဖြစ်ပါတယ်။ ဒေါ်နယ်ထရန့်ဟာ ရွေးကောက်ပွဲရှုံးနိမ့်မှုကို လက်သင့်မခံသေးဘဲ တရားရေးအရ ဆက်လက် ယှဉ်ပြိုင်သွားမယ်လို့ ကတိပြုပြောဆိုထားပေမယ့်လည်း အာဏာလွှဲပြောင်းရေးနဲ့ အစိုးရအဖွဲ့အပြောင်းအလဲကို ကြီးကြပ်ကိုင်တွယ်ရတဲ့ ဖက်ဒရယ်အေဂျင်စီအနေနဲ့ လိုအပ်တာတွေ လုပ်ဆောင်သွားရမယ်လို့ ထရန့်ကပြောပါတယ်။ အထွေထွေဝန်ဆောင်မှုဆိုင်ရာ စီမံခန့်ခွဲရေးအေဂျင်စီ D(GSA)အနေနဲ့ မစ္စတာဘိုင်ဒန်ဟာ သမ္မတရွေးကောက်ပွဲမှာ သိသာထင်ရှားစွာ အနိုင်ရနေသူဖြစ်ကြောင်း အသိအမှတ်ပြု ပြောဆိုထားပြီးဖြစ်ပါတယ်။ ဒီလိုအသိအမှတ်ပြုလိုက်တာဟာ မီချီဂန်ပြည်နယ်မှာ မစ္စတာထရန့်ကို ဂျိုးဘိုင်ဒန်က အပြတ်အသတ်အနိုင်ရရှိတယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက တရားဝင်ထုတ်ပြန်ပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ GSAက ဒီလိုထုတ်ပြန်လိုက်ပြီးနောက် မိမိတို့ဝန်ကြီးဌာနနဲ့ အမျိုးသားလုံခြုံရေးကတိကဝတ်တွေအပေါ် ပြည်သူတွေမျှော်လင့်ထားတဲ့အတိုင်း ပရော်ဖက်ရှင်နယ်ဆန်ဆန်၊ စနစ်တကျနဲ့ ထိရောက်တဲ့စွမ်းဆောင်မှုတွေနဲ့အတူ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရအဖွဲ့ကို ကူညီသွားမယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။ Ref: BBC Photo: Getty Images…

Read More

ရေနံချောင်းမြို့မှာ ၂၀၂၀ရွေးကောက်ပွဲ တရားမျှတမှုမရှိဘူးဆိုပြီး ဆန္ဒထုတ်ဖော်

နိုဝင်ဘာ၂၄-၂၀၂၀ ဂျန်ကိုးလ်(VOM) မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ကျောက်မဆင်ကျေးရွာမှာ ဒီကနေ့မနက်၈နာရီက ၂၀၂၀ ရွေးကောက်ပွဲဟာ ဥပဒေနဲ့မညီဘဲ တရားမျှတမှုမရှိတဲ့အတွက် ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့ကြတယ်လို့ ဦးဆောင်သူ ဦးကျော်ညွန့်ဝေကပြောပါတယ်။ ”ဆန္ဒပြတာက ရလဒ်ကိုမကျေနပ်လို့မဟုတ်ပါဘူး၊‌ ရွေးကောက်ပွဲကြီးရဲ့ဖြစ်စဉ်အပေါ်မှာတရားမျှတမှုမရှိတာတွေ‌၊ ဥပ‌ဒေမဲ့မှုတွေ လွတ်လပ်မျှတမှုမရှိတာတွေကို ဖော်ထုတ်ဆန္ဒပြတာပါ၊ လူအင်အား၂၇ယောက်လောက်နဲ့ မနက်၈နာရီလောက်မှာ စတင်စုဝေးပါတယ်၊ ၈နာရီခွဲလောက်မှာ စတင်စီတန်းလှည့်လည်ပါတယ်၊ ၉နာရီလောက်ဟောပြောပွဲစပါတယ်”လို့ ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူ ဦးကျော်ညွန့်ဝေကပြောပါတယ်။ ဆန္ဒဖော်ထုတ်ရာမှာ ဥပဒေနှင့်မညီသော ရွေးကောက်ပွဲရလဒ်အလိုမရှိ၊ မဲခိုးမှုများစစ်ဆေးပေးရေးဒို့အရေး၊ COVIDငွေကြေး မဲဆွယ်ပေး အလိုမရှိ၊ ကြိုတင်မဲများစစ်ဆေးပေးရေးဒို့အရေး၊ ငွေကြေးဖြင့် မဲဆွယ်စည်းရုံးမှုအလိုမရှိ၊ မဲဆန္ဒရှင်စာရင်းများစစ်ဆေးပေးရေး ဒို့အရေး၊ တရားမျှတသောရွေးကောက်ပွဲဖြစ်ရေး ဒို့အရေး စတဲ့ကြွေးကြော်စာသားတွေနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။ ”၅နှစ်တစ်ကြိမ်ဖြစ်တဲ့ရွေးကောက်ပွဲကြီးကို ပြည်သူ့ဆန္ဒအစစ်အမှန်ဖြစ်အောင်စည်းကမ်းရှိအောင် သန့်ရှင်းမျှတအောင် အဲ့ဒီလိုလေးတွေကို ဦးတည်တဲ့အတွက်ဆန္ဒဖော်ထုတ်တာပါ”လို့ ဦးဆောင်သူအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ရေနံချောင်းမြို့ ၊ ကျောက်မဆင်အဝင် ဇရပ်မှာစုရပ်ပြုလုပ်ကာ တွင်းကုန်း ဘုရားကုန်းလမ်းအတိုင်း ကျောက်မဆင်အားကစားကွင်းအထိ စီတန်းလမ်းလျှောက်ခြင်းလုပ်ဆောင်ခဲ့ကြပြီး လူစုခွဲခဲ့ကြတယ်လို့သိရပါတယ်။ မကွေးတိုင်း ပွင့်ဖြူမြို့နယ်၊…

Read More

NLD လွှတ်တော်ကိုယ်စားလှယ်လောင်း အပါအဝင် လူ ၃ ဦးကို ငွေကြေးမက်လုံးပေး မဲဆွယ်တယ်လို့စွပ်စွဲပြီး ပြည်ခိုင်ဖြိုးပါတီက အမှုဖွင့်

နိုဝင်ဘာ ၂၄-၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ သင်တောကျေးရွာမှာ NLDပါတီ လွှတ်တော်ကိုယ်စားလှယ်နဲ့ မဲရုံကိုယ်စားလှယ်တို့က ပါတီအောင်နိုင်ရေးအတွက် ငွေကြေးမက်လုံးပေးကာ မဲဆွယ်စည်းရုံးခဲ့တယ်လို့ စွပ်စွဲပြီး ပြည်ခိုဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းက မနေ့ နိုဝင်ဘာ ၂၃ ရက်ညပိုင်း ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။ ” NLD ပါတီကို မဲပေးမယ်ဆိုရင် စာသင်ကျောင်းဆောင် ဆောက်လုပ်ဖို့ ခွဲတမ်းကြေး ၅ သောင်းကျပ် ပေးဆောင်ဖို့မလိုဘဲ သူတို့ကပေးမယ်လို့ ပြောဆိုပြီး မဲဆွယ်စည်းရုံခဲ့တာကြောင့် မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇော်မိုးလွင်က တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တာဖြစ်တယ်”လို့ မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်ကိုင်းတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို ဖုန်းနဲ့ဆက်သွယ်ရာမှာတော့ ” ကျွန်တော်တို့ပါတီက ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်မှုတွေနဲ့အညီ ပြဌာန်းချက်အတိုင်း ဘောင်အတွင်းထဲကလုပ်ကိုင်တယ်၊ ရွေးကောက်ပွဲဆိုင်ရာ…

Read More

ဘာသာရေးအဆောက်အဦးကို အသုံးချမဲဆွယ်ခဲ့တဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ၄ ဦးကိုအမှုဖွင့်

နိုဝင်ဘာ ၂၄-၂၀၂၀ သူရိန်(VOM) မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် ရွေးကောက်ပွဲမဲဆွယ်ဆိုင်းဘုတ်စိုက်ထူရာမှာ ဘာသာရေးအဆောက်အဦးကို အသုံးချကာ မဲဆွယ်စည်းရုံးလှုံ့ဆော်မှုပြုလုပ်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ၄ ဦးကို အမှုဖွင့်ပြီး ဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ” မိတ္ထီလာမြို့ခံတစ်ဦးက ဘာသာရေးအဆောက်အဦးကိုအသုံးပြုပြီး မဲဆွယ်တယ်ဆိုလို့ လာအမှုဖွင့်တဲ့အတွက် စုံစမ်းပြီး တရားခံဖမ်းမိဖို့ဆောင်ရွက်နေပါတယ်”လို့ မိတ္ထီလာမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ၂၀၂၀ ခုနစ် ၊ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလမှာ စက်တင်ဘာ ၈ ရက်ကနေ နိုဝင်ဘာ ၆ ရက်အထိ မိတ္ထီလာမြို့နယ်အတွင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာမောင်သင်း ၊ ဦးအောင်ကျော်မိုး ၊ ဦးစိုးသန်း ၊ ဦးရဲထွဠ်နိုင်တို့ ကိုယ်စားလှယ် ၄ ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ မိထ္ထီလာမြို့၊ မြန်မာ့စီးပွားရေးဘဏ်အနီး ပေါက်ချောင်းရပ်ကွက်နဲ့ ကန်ကူးတံတားအနောက်ထိပ်ရှိ ပြည်ခိုင်ဖြိုးရုံးရှေ့တို့မှာ စိုက်ထူထားတဲ့ ပါတီမဲဆွယ်ဆိုင်းဘုတ်တွေမှာ အဲ့ဒီကိုယ်စားလှယ်လောင်း ၄ ဦးရဲ့ပုံတွေအပါအဝင် ပိုမိုတောက်ပသောအနာဂတ်…

Read More

မုံရွာမြို့မှာ ကိုဗစ်ဓာတ်ခွဲခန်းတည်ဆောက်ဖို့ ဝမ်ပေါင်ကုမ္ပဏီက အမေရိကန်ဒေါ်လာ (၁ ဒဿမ ၀၇၅)သန်း လှူဒါန်းမယ်

နိုဝင်ဘာ ၂၄-၂၀၂၀ မောင်တာရာ (VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ကိုဗစ်ရောဂါ ဓာတ်ခွဲစစ်ဆေးခန်း တည်ဆောက်ဖို့ မြန်မာဝမ်ပေါင်မိုင်းနင်းကော့ပါးကုမ္ပဏီလီမိတက်ကနေ အမေရိကန်ဒေါ်လာ (၁ ဒဿမ ၀၇၅)သန်း လှူဒါန်းမယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကနေ သိရပါတယ်။ ကိုဗစ်ဓာတ်ခွဲခန်းတည်ဆောက်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး မနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ တာဝန်ရှိသူတွေ၊ မြန်မာဝမ်ပေါင်မိုင်းနင်းကော့ပါးကုမ္ပဏီလီမိတက်က တာဝန်ရှိသူတွေ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ”ဝမ်ပေါင်က အမေရိကန်ဒေါ်လာ (၁ ဒဿမ ၀၇၅)သန်း ငွေသားကြီးပဲကို လှူရမယ်ဆိုရင်လည်း လှူမှာပေါ့လေ။ သူတို့ကုမ္ပဏီက ဓါတ်ခွဲကိရိယာပစ္စည်းတွေဆိုလည်း ပစ္စည်းလှူပါမယ်ပေါ့။ သူတို့တင်သွင်းထားတဲ့ဟာတွေကို ကျွန်တော်တို့က ကျန်းမာရေးဝန်ကြီးဌာနကို တင်ပြပြီးတော့ ဒါတွေက လက်ခံသလား၊ လက်မခံဘူးလားဆိုပြီး လက်ခံတယ်ဆို ကျွန်တော်တို့က ပစ္စည်းတွေကို အလှူခံလိုက်မယ်။ အဲ့ဒါတွေက…

Read More

နှာခေါင်းစည်းကောင်းမကောင်း ဘယ်လိုစစ်မလဲ

နိုဝင်ဘာ ၂၄-၂၀၂၀ ဈေးကွက်ထဲက နှာခေါင်းစည်း Mask တွေကို အလွယ်မဝယ်သင့်ပါဘူး၊ ဘယ်လိုအရည်အသွေးတွေရှိသင့်တယ်၊ ဘယ်လိုဟာမှ ကာကွယ်မှုအပြည့်ပေးနိုင်တယ်ဆိုတာတွေကို အလွယ်တကူသိဖို့ ဒါလေးခဏဖတ်ပေးပါ။ ပထမဆုံးပြင်ပ သွင်ပြင်လက္ခဏာအနေနဲ့ စစ်နိုင်တာက ပါးစပ်နဲ့နှာခေါင်းစည်းတစ်ခုဟာ အလွှာ ၃ ခုပါရှိရပါမယ်။ ၁ – အပြင်ဘက်အလွှာဟာ ရေမဝင်နိုင်တဲ့၊ ရက်တလုပ်ထားတာမဟုတ်တဲ့ (non-woven) အလွှာဖြစ်တဲ့ လူနဲ့ လူခန္ဓာကိုယ်ကနေထွက်တဲ့ အစက်အမှုန်တွေကို မဝင်ရောက်ဖို့ ကာကွယ်ပေးပါတယ်။ ၂ – အလယ်အလွှာဟာ လေစစ် (Melt Blown)အလွှာဖြစ်တယ်၊ ရောဂါပိုးမွှားဖြတ်သန်း ဝင်/ထွက်တာကို ကာကွယ်ပေးတယ်။ ၃ – အတွင်းဘက်အလွှာက ရေစုပ်ယူနိုင်တဲ့၊ ရက်လုပ်ထားတဲ့ (non-woven) အလွှာဖြစ်လို့ တပ်ဆင်သူရဲ့ ကိုယ်က ထွက်နေတဲ့ အရည်အစက်အမှုန်တွေကို စုပ်ယူပြီးတော့ ပြင်ပကိုမထွက်ဖို့ ကာကွယ်ပေးပါတယ်။ ၄ – နှာခေါင်းနေရာပေါ်မှာရှိတဲ့ သတ္ထုချောင်း(ကလစ်)က ဝတ်ဆင်သူနဲ့ အံဝင်ခွင်ကျဖြစ်နိုင်ဖို့…

Read More

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ အရက်ဆီတင်လာတဲ့ ၂၂ ဘီးယာဉ် တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွား၊ ယာဉ်မောင်းထွက်ပြေး

နိုဝင်ဘာ၂၄-၂၀၂၀ ကောင်းလက်ျာ(VOM) ရန်ကုန်-မန္တလေးအမြန်လမ်း(မန္တလေး – နေပြည်တော်)မိုင်တိုင်အမှတ် ၃၅၇/၄ ဖာလုံအနီးမှာ ဒီကနေ့မနက် ၁ နာရီခန့်က အရက်ဆီတင်ဘာတဲ့ ၂၂ဘီးတွဲကားတိမ်းမှောက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းထွက်ပြေးတိမ်းရှောင်သွားတယ်လို့ အမြန်လမ်းမီးသတ် တပ်ဖွဲ့စခန်း ကွပ်ကဲမှုရုံးကနေ သိရပါတယ်။ ” အခင်းဖြစ်ရာနေရာကို မန္တလေးတိုင်းအတွင်းက မီးသတ်တွေနဲ့ အမြန်လမ်း မီးသတ်အဖွဲ့တွေ ဝိုင်းငြိမ်းသတ်နိုင်လို့ အခင်းဖြစ်ပြီး တစ်နာရီကျော်မှာ မီးငြိမ်းသွားတယ်။ လူထိခိုက်ဒဏ်ရာ မရပေမယ့် ဒရိုင်ဘာ ထွက်ပြေးတိမ်းရှောင်နေဆဲပါ”လို့ စကားအင်း အမြန်လမ်းမီးသတ်စခန်း တာဝန်ရှိသူက ပြောပါတယ်။ အမျိုးသားတစ်ဦး(အမည်/အသက်/နေရပ်စုံစမ်းဆဲ) မောင်းလာတဲ့ အရက်ဆီတွေတင်တာတဲ့ ၂၂ ဘီးတွဲယာဉ်ဟာ မိုင်တိုင် ၃၅၇ နား အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကာထားတဲ့ သံဖရိန်ကိုဝင်တိုက်ရာကနေ တိမ်းမှောက်မှုဖြစ်ပွားပြီး အရက်ဆီပေပါနဲ့ ကားခေါင်းခန်းပိုင်းတို့ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်တဲ့နေရာကို မန္တလေးတိုင်း‌ ဒု-တိုင်း မီးသတ်ဦးစီးမှူး ဦးဆောင်တဲ့ အမရပူရမြို့နယ်မီးသတ်တပ်ဖွဲ့၊ ပြည်ကြီးတံခွန်မီးသတ်တပ်ဖွဲ့၊ စဉ့်ကိုင်ခရိုင်မီးသတ်တပ်ဖွဲ့၊…

Read More

ထောက်ပံ့ကြေးငွေမရလို့ လာရောက်တိုင်ကြားသူကို အုပ်ချုပ်ရေးမှူးရဲ့ အစ်ကိုနဲ့ လူတစ်စုက ရဲဒင်းနဲ့ခုတ်

နိုဝင်ဘာ ၂၄-၂၀၂၀ အေးချမ်းသူ(VOM) မှော်ဘီမြို့နယ်၊ ရွှေမြယာကျေးရွာမှာ ထောက်ပံ့ကြေးမရလို့ ဦးဆောင်တိုင်ကြားသူကို အုပ်ချုပ်ရေးမှူးရဲ့ အစ်ကိုဖြစ်သူနဲ့လူတစ်စုက ရဲဒင်း၊ ဒုတ်၊ သံတုတ်၊ လေးခွတို့နဲ့ ဝိုင်းဝန်း ထိုးခုတ်ခဲ့တဲ့ဖြစ်စဉ် နိုဝင်ဘာ ၂၂ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့ ရွှေမြယာကျေးရွာ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ “ကိုဝေဖြိုးက လက်သီးနဲ့ထိုးတယ်။ ဝက်ကလေးက သံဒုတ်နဲ့ရိုက်တယ်။ ဝင်းအောင်နဲ့ ဗိုက်ကြီးက လေးခွနဲ့ပစ်တယ်။ သူတို့နဲ့ပါလာတဲ့တစ်ယောက်က ရဲဒင်းနဲ့ခုတ်တာဗျ။ နာမည်တော့ မသိဘူး”လို့ ဒေသခံတစ်ဦးက VOMကိုပြောပါတယ်။ ရွှေမြယာကျေးရွာမှာနေတဲ့ ကိုမျိုးအောင်ဆိုသူဟာ နိုဝင်ဘာ ၂၂ရက်နေ့က နိူင်ငံတော်ထောက်ပံ့ကြေးငွေလေးသောင်းမရသူတွေကို စာရင်းကောက်ယူကာ တိုင်ကြားဖို့ ပြုလုပ်နေချိန် အုပ်ချူပ်ရေးမှူးရဲ့ အကိုဖြစ်သူ ကိုဝေဖြိုးတို့အဖွဲ့မှ ကိုမျိုးအောင်ဆိုသူကို ဝိုင်းဝန်းရိုက်နှက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရွှေမြယာကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေမိုးကို VOMက ဖုန်းဖြင့်ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ မှော်ဘီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းအောင်ကို ဆက်သွယ်ရာမှာတော့”ကြားပါတယ်။ ဒီလိုဗျ စုပြီးတော့သူက…

Read More
VOM News

FREE
VIEW