စစ်ကိုင်းတိုင်းမှာ ၁ လအတွင်း ယာဉ်တိုက်မှုကြောင့် လူ ၃၅ ယောက် သေဆုံးပြီး ၁၃၅ ယောက်ဒဏ်ရာရ

ဒီဇင်ဘာ ၃-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃၇ မြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ တစ်လထဲ ယာဉ်တိုက်မှု ၁၀၂ မှုဖြစ်ပွားခဲ့တယ်လို့ အမှတ် ၁၇ ယာဉ်ထိန်းရဲတပ်ဖွဲ့ မုံရွာတပ်ဖွဲ့ခွဲရုံးကနေ သိရပါတယ်။

” ဘာကြောင့် ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားရသလဲဆိုတာ စနစ်တကျ မှတ်တမ်း ရယူပြီး အလာတူ ကိစ္စ ထပ်မံ မဖြစ်ပွားဖို့ လုပ်ဆောင်နေပါတယ် နိုဝင်ဘာလက ယာဉ်မတော်တဆမှု ၁၀၂ မှုရှိတယ် ၊ ယာဉ်မဆင်မခြင်းမောင်းလို့ဖြစ်တာက ၆ မှု ၊ ယာဉ်ချို့ယွင်းတာကြောင့်က ၁ မှု ၊ သာမာန် ဒဏ်ရာရတဲ့ အမှုက ၂၃ မှု ၊ ပြင်ထန်ဒဏ်ရာရတဲ့ အမှုက ၃၉ မှု ၊ လူသေဆုံးမှုက ၃၃ မှုဖြစ်တယ်”လို့ အမှတ်-၁၇ ယာဉ်ထိန်းရဲတပ်ဖွဲ့ မုံရွာတပ်ဖွဲ့ခွဲ ယာယီ ဒု-တပ်ဖွဲ့ခွဲမှုး ဒုရဲမှူး ကျော်ဇေယျကပြောပါတယ်။

ယာဉ်တိုက်မှုဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေတဲ့ Save Monywa အဖွဲ့တာဝန်ခံ ဦးအောင်နေမျိုးကလည်း “ယာဉ်အသုံးပြုသူ အရေးအတွက် များလာတာနဲ့အမျှ လမ်းတွေကိုလည်း အဆင့်မြှင့်တင်ပေးဖို့လိုတယ် ၊ လွန်ခဲ့တဲ့ နှစ် ၁၀၀ ဝန်းကျင်က စိုက်ထားတဲ့ လမ်းဘေးသစ်ပင်တွေက အခုဆို လမ်းပေါ်ရောက်နေပြီ ယာဉ်အသုံးပြုသူတွေအတွက် အဲ့ဒီသစ်ပင်တွေက အလွန်အန္တရာယ်များတယ်၊ သစ်ပင်တိုက်ပြီး သေဆုံးသွားရတဲ့သူတွေ အများအပြားရှိတယ်၊ လမ်းဘေးသစ်ပင်တွေ စနစ်တကျဖြစ်အောင် ပြင်ဆင်လိုက်မယ်ဆိုရင် ယာဉ်မတော်တဆဖြစ်တာတွေ လျော့နည်းသွားမယ်”လို့ ပြောပါတယ်။

အဲ့ဒီ ယာဉ်မတော်တဆမှု ဖြစ်စဉ်တွေကြောင့် ယာဉ်အသုံးပြုသူ အမျိုးသား ၁၀၄ ယောက်နဲ့ အမျိုးသမီး ၃၁ ယောက်ဟာ ဒဏ်ရာရတဲ့သူတွေဖြစ်ပြီး အဲ့ဒီထဲက လူအများစုက ကိုယ်အင်္ဂါအစိတ်အပိုင်းတွေပျက်စီးလို့ ဆေးကုသမှု ရက်ရှည်ခံယူနေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် အမျိုးသား ၃၁ ယောက်နဲ့ အမျိုးသမီး ၄ ယောက်ဟာ ယာဉ်တိုက်မှုဖြစ်ပွားတဲ့နေရာမှာပဲ အသက်သေဆုံးသွားကြတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #ယာဉ်မတော်တဆ #သေဆုံးဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW