နျူကလီးယားအစီအစဉ် တိုးမြင့်လုပ်ဆောင်မယ့် ဥပဒေကြမ်း အီရန်ပါလီမန်အတည်ပြု

တီဟီရန်၊ ဒီဇင်ဘာ ၃-၂၀၂၀
မျိုးဆက် (VOM)

အီရန်ထိပ်တန်းနျူကလီးယာပညာရှင် လုပ်ကြံသတ်ဖြတ်ခံရမှုကို တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံနျူကလီးယား အစီအစဉ်တွေကို တိုးမြှင့်လုပ်ဆောင်ဖို့ အစိုးရကိုတိုက်တွန်းထားတဲ့ ဥပဒေကြမ်းတစ်ရပ်ကို အီရန်လွှတ်တော်အမတ်တွေက ပါလီမန်မှာအတည်ပြုလိုက်ပါတယ်။

အဲ့ဒီဥပဒေကြမ်းအပေါ် အီရန်အစိုးရကတော့ ထောက်ခံမှုမရှိပါဘူး။ ဒါပေမယ့်ကွန်ဆာဗေးတစ်တွေရဲ့ တောင်းဆိုမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပိုမိုခက်ခဲတဲ့ အခြေအနေနဲ့ အီရန်အစိုးရရင်ဆိုင်နေရဖွယ်ရှိပါတယ်။

သဘောထားတင်းမာသူတွေဦးဆောင်တဲ့ အီရန်ပါလီမန်က အဲဒီဥပဒေကြမ်းကို ဒီဇင်ဘာ ၁ ရက်မှာ အတည်ပြုခဲ့ပြီး အီရန်အစိုးရအနေနဲ့ ယူရေနီယံသန့်စင်မှုအဆင့်ကို ပိုမိုမြင့်မားစွာလုပ်ဆောင်ဖို့နဲ့ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ)ရဲ့ ကြားဖြတ်စစ်ဆေးမှုတွေကို ဆိုင်းငံ့ထားဖို့ တိုက်တွန်းထားပါတယ်။

ဥပဒေကြမ်းပါ ပြဌာန်းချက်တွေဟာ အဓိကဥရောပနိုင်ငံတွေနဲ့ ရုရှားတို့အပါအဝင် ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ ၂၀၁၅ နျူကလီးယားသဘောတူစာချုပ်ကို ချိုးဖောက်နေပါတယ်။

နျူကလီးယားသဘောတူစာချုပ်ကို ထိန်းသိမ်းလိုတဲ့ သဘောထားအလယ်အလတ်ရှိတဲ့ သမ္မတရူဟာနီရဲ့ အီရန်အစိုးရက လွှတ်တော်အမတ်တွေလုပ်ဆောင်မှုကို ဝေဖန်ခဲ့ပြီး ဥပဒေကြမ်းကြောင့် ရလဒ်ကောင်းတွေ မရရှိနိုင်ဘူးလို့ဆိုပါတယ်။

အဲဒီဥပဒေကြမ်းဟာ အီရန်ဘာသောရေးခေါင်းဆောင် ခါမေနီကခန့်အပ်တဲ့ အဖွဲ့ဝင်တွေပါဝင်တဲ့ နိုင်ငံတော်ကောင်စီက အတည်ပြုဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။

Ref : NHK
Photo:Getty Images
#voiceofmyanmar #VOM #တီဟီရန်

Related posts

Leave a Comment

VOM News

FREE
VIEW