မဲလိမ်မဲခိုးမှုတွေဖော်ထုတ်ဖို့ လွတ်လပ်သောကော်မရှင်ဖွဲ့စည်းပေးရေး ဆန္ဒပြတောင်းဆို

ဒီဇင်ဘာ ၃-၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာဘောလုံးကွင်းမှာ ဒီကနေ့မနက်ပိုင်းက
မဲလိမ်မဲခိုးမှုတွေဖော်ထုတ်ဖို့အတွက် လွတ်လပ်သောကော်မရှင်ဖွဲ့စည်းပေးရေး ဆန္ဒဖော်
ထုတ်ခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ကြသူတွေဟာ အင်အား၂၀ခန့်နဲ့ ဝန်းရံသူ ၅၀ခန့်ရှိပြီး “မဲလိမ်မဲခိုးဖော်ထုတ်ပေးရေး(ဒို့အရေး)”၊ “လွပ်လပ်မျှတသော စီစစ်ရေးကော်မရှင်ဖွဲ့စည်းပေးရေး(ဒို့အရေး)” “ပြည်သူ့ဆန္ဒအမှန်ဖော်ထုတ်ပေးရေး(ဒို့အရေး)”၊ “တရားမျှတမှုမရှိသောရွေးကောက်ပွဲရလဒ်အလိုမရှိ ” စတဲ့ စာသားတွေပါဆိုင်းဘုတ်တွေကိုင်ကာ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူ ဦးသန်းနိူင်ဦးက “ပြည်သူ့ဆန္ဒအမှန်ရရှိရေးအတွက် မဲလိမ်မှုမဲခိုးမှုတွေကို စုံစမ်းစစ်ဆေးပေးဖို့၊ လွတ်လပ်ပြီးတရားမျှတဲ့ ကော်မရှင်ဖွဲ့စည်းပေးဖို့ ရည်ရွယ်ချက်နဲ့ဆန္ဒပြတာပါ”လို့ ပြောပါတယ်။

မကြာသေးခင်ရက်ပိုင်းကလည်း ရန်ကုန်တိုင်းအတွင်း အင်းစိန်၊တောင်ဒဂုံ၊ဆူးလေ၊ဒလ၊
ရွှေပြည်သာမြို့တို့မှာ ရွေးကောက်ပွဲရလဒ်ကို ကျေနပ်မှုမရှိတဲ့သူတွေနဲ့ပြည်ခိုင်ဖြိုးပါတီတို့မှ ဆန္ဒဖော်ထုတ်တာတွေပြုလုပ်ခဲ့ကြပြီး ဦးဆောင်သူတွေလည်း တရားစွဲဆိုခံရကာ အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ရွေးကောက်ပွဲ #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW