ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးကိုမဲပေးဖို့ တပ်တွင်းမှာဖိအားရှိကြောင်း ရေးခဲ့သူ အလုပ်နဲ့ ထောင်ဒဏ် ၉ လ ချခံရ

ပခုက္ကူ- ဒီဇင်ဘာ- ၄- ၂၀၂၀
နေလင်းဖြူ(VOM)

ပခုက္ကူတပ်မ(၁၀၁) လက်အောက်ခံတပ်ရင်းမှာ ပြည်ခိုင်ဖြိုးကိုမဲပေးဖို့ တပ်တွင်းမှာဖိအားရှိကြောင်း လူမူကွန်ယက်စာမျက်နှာမှာ ရေးတင်ခဲ့တဲ့ မသဉ္စာသန်းမင်းကို တပ်မတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)အရ ပခုက္ကူခရိုင်တရားရုံးက ဒီကနေ့ မနက်မှာ အလုပ်နဲ့ထောင်ဒဏ် ၉ လ ချမှတ်လိုက်ပါတယ်။

“ကျွန်မအဖေက စစ်သားဖြစ်နေလို့ USDP ကို မဲပေးရမယ်တဲ့။ ကျွန်မကတော့ NLD ကို မဲပေးတော့ ကျွန်မအဖေရာထူးကို ခြိမ်းခြောက်နေပါတယ်ရှင့်။ အခု စာလည်းတင်လို့ဆိုပြီး အရေးယူမလား မသိဘူးရှင့်”လို့ မသဉ္စာသန်းမင်း က သူ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

မသဉ္ဇာသန်းမင်ဟာ အမှတ် ၂၃၅ ခြေလျင်တပ်ရင်းက အရာခံဗိုလ်သန်းမင်းရဲ့ သမီးဖြစ်ပြီး ရွေးကောက်ပွဲကျင်းပဖို့ လပိုင်းအလိုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို မဲပေးရေးအတွက် ဖိအားပေးခံရတယ်လို့ သူ့မရဲ့ Facebook အကောင့်မှာ ရေးတင်ခဲ့တာဖြစ်ပါတယ်။

” ဒီအမှုက အမြင့်ဆုံး ၂ နှစ်ရှိတယ် တရားခံက မိန်းကလေးဖြစ်တာကတစ်ကြောင်း သူပြုလုပ်တာမှားပါတယ်လို့ တရာခွင်မှာ ထွက်ဆိုတောင်းပန်ခဲ့လို့ ခြုံငုံသုံးသပ်ပြီး ပြစ်ဒဏ်လျောပေါ့လိုက်တာဖြစ်တယ်လို့” မသဉ္ဇာသန်းမင်းရဲ့ ရှေ့နေ ဒေါ်ချိုချိုမာ က ပြောပါတယ်။

မသဉ္ဇာသန်းမင်းကို တပ်မတော်ဂုဏ်သိက္ခာညှိုးနွမ်းစေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ် ၉ လ ကျခံခဲ့ရတာဖြစ်ပြီး ၆၈ (က)၊ ပုဒ်မ ၆၆ (ဃ) ဆက်သွယ်ရေးဥပဒေပုဒ်မတွေကိုတော့ ပလပ်လိုက်ပြီဖြစ်ပါတယ်။

#VOM #voiceofmyanmar #တပ်မတော်ဂုဏ်သိက္ခာညှိုးနွမ်းစေမှု #၅၀၅(က) #၆၆(ဃ) #၆၈(က)

zawgy

ေ႐ြးေကာက္ပြဲမွာ ျပည္ခိုင္ၿဖိဳးကိုမဲေပးဖို႔ တပ္တြင္းမွာဖိအားရွိေၾကာင္း ေရးခဲ့သူ အလုပ္နဲ႔ ေထာင္ဒဏ္ ၉ လ ခ်ခံရ

ပခကၠဴ- ဒီဇင္ဘာ- ၄- ၂၀၂၀
ေနလင္းျဖဴ(VOM)

ပခုကၠဴတပ္မ(၁၀၁) လက္ေအာက္ခံတပ္ရင္းမွာ ျပည္ခိုင္ၿဖိဳးကိုမဲေပးဖို႔ တပ္တြင္းမွာဖိအားရွိေၾကာင္း လူမူကြန္ယက္စာမ်က္ႏွာမွာ ေရးတင္ခဲ့တဲ့ မသၪၥာသန္းမင္းကို တပ္မေတာ္အၾကည္ညိဳပ်က္ေစမႈ ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (က)အရ ပခုကၠဴခ႐ိုင္တရား႐ုံးက ဒီကေန႔ မနက္မွာ အလုပ္နဲ႔ေထာင္ဒဏ္ ၉ လ ခ်မွတ္လိုက္ပါတယ္။

“ကြၽန္မအေဖက စစ္သားျဖစ္ေနလို႔ USDP ကို မဲေပးရမယ္တဲ့။ ကြၽန္မကေတာ့ NLD ကို မဲေပးေတာ့ ကြၽန္မအေဖရာထူးကို ၿခိမ္းေျခာက္ေနပါတယ္ရွင့္။ အခု စာလည္းတင္လို႔ဆိုၿပီး အေရးယူမလား မသိဘူးရွင့္”လို႔ မသၪၥာသန္းမင္း က သူ႔လူမႈကြန္ယက္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

မသၪၨာသန္းမင္ဟာ အမွတ္ ၂၃၅ ေျခလ်င္တပ္ရင္းက အရာခံဗိုလ္သန္းမင္းရဲ႕ သမီးျဖစ္ၿပီး ေ႐ြးေကာက္ပြဲက်င္းပဖို႔ လပိုင္းအလိုမွာ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီကို မဲေပးေရးအတြက္ ဖိအားေပးခံရတယ္လို႔ သူ႔မရဲ႕ Facebook အေကာင့္မွာ ေရးတင္ခဲ့တာျဖစ္ပါတယ္။

” ဒီအမႈက အျမင့္ဆုံး ၂ ႏွစ္ရွိတယ္ တရားခံက မိန္းကေလးျဖစ္တာကတစ္ေၾကာင္း သူျပဳလုပ္တာမွားပါတယ္လို႔ တရာခြင္မွာ ထြက္ဆိုေတာင္းပန္ခဲ့လို႔ ၿခဳံငုံသုံးသပ္ၿပီး ျပစ္ဒဏ္ေလ်ာေပါ့လိုက္တာျဖစ္တယ္လို႔” မသၪၨာသန္းမင္းရဲ႕ ေရွ႕ေန ေဒၚခ်ိဳခ်ိဳမာ က ေျပာပါတယ္။

မသၪၨာသန္းမင္းကို တပ္မေတာ္ဂုဏ္သိကၡာညႇိဳးႏြမ္းေစမႈ ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (က)နဲ႔ ေထာင္ဒဏ္ ၉ လ က်ခံခဲ့ရတာျဖစ္ၿပီး ၆၈ (က)၊ ပုဒ္မ ၆၆ (ဃ) ဆက္သြယ္ေရးဥပေဒပုဒ္မေတြကိုေတာ့ ပလပ္လိုက္ၿပီျဖစ္ပါတယ္။

#VOM #voiceofmyanmar #တပ္မေတာ္ဂုဏ္သိကၡာညႇိဳးႏြမ္းေစမႈ #၅၀၅(က) #၆၆(ဃ) #၆၈(က)

 

Related posts

Leave a Comment

VOM News

FREE
VIEW