သီရိမာလာ ငါးဈေးမှာ ကိုဗစ်ကူးစက်မှုများလာတဲ့အတွက် ယာယီပိတ်မယ်

ဒီဇင်ဘာ ၉-၂၀၂၀
ညီသစ် (VOM)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၆ ကမ်းနားလမ်းမှာရှိတဲ့ သီရိမာလာ ငါးဈေးမှာ ကိုဗစ်ကူးစက်မှုများလာတဲ့အတွက် ဒီဇင်ဘာလ ၁၂ ရက်နေ့ကနေ ၁၈ ရက်နေ့ အထိ ယာယီ ပိတ်သိမ်းသွားမယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ရင်မြင့်က VOMကိုပြောပါတယ်။

” မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ နယ်နိမိတ်ထဲမှာရှိတဲ့ မန္တလေးကမ်းနားလမ်းက သီရိမာလာ ငါးဈေးပေါ့၊ အဲ့ဒီဈေးက အဓိက ကတော့ ရေထွက်ကုန်တွေပါ၊ ငါးတို့ ပုဇွန်တို့ကို အဓိက ရောင်းတဲ့ဈေး ပေါ့၊ ပန်းသည်တွေလည်း ရှိတယ်၊ နောက်တစ်ခုက ကုန်စိမ်းသည်တွေလည်း ရှိပါတယ် ။ အနယ်နယ်အရပ်ရပ်က အထူးသဖြင့်တော့ ရေထွက်ကုန်တွေက လက်ကားသဘောမျိုးနဲ့ ဒီဈေးကို လာပါတယ် ။ ဒီဈေးက မန္တလေးမြို့ထဲကိုလည်း ဖြန့်တယ်၊ နောက် အထက်မြန်မာနိုင်ငံ တစ်ခြားမြို့တွေကိုလည်း ဖြန့်ပါတယ် ။ ဒီဈေးမှာ ကိုဗစ်ကူးဆက်မှု အရေအတွက်များလာတာကို တွေ့တဲ့အတွက်ကြောင့်မလို့ လာမယ့်ဒီဇင်ဘာ ၁၂ ရက်နေ့ ကစပြီးတော့ ၁၈ ရက်နေ့ အထိ ယာယီပိတ်သိမ်းဖို့အတွက် ဈေးသူဈေးသားတွေရယ် ဈေးအကျိုးတော်ဆောင်တွေရယ်
ကျတော်တို့မြို့တော်စည်ပင်ဈေးဌာန ရယ် အကုန်လုံးတိုင်ပင်ဆွေးနွေးပြီးတော့မှ ဆုံးဖြတ်တာပါ ။ ဒါကို အကောင်အထည်ဖော်ခွင့်ရဖို့အတွက် တိုင်းဒေသကြီးအစိုးရကိုတော့တင်ပြထားဆဲ ဖြစ်ပါတယ်” လို့ ဦးကျော်ရင်မြင့်က ပြောပါတယ်။

အဲ့ဒီငါးဈေးမှာ ကိုဗစ် Possitive ထွက်နေတဲ့ လူဦးရေ ၅၀ လောက်ရှိတယ်လို့ ဦးကျောရင်မြင့်ရဲ့ပြောပြချက်အရ သိရပါတယ်။

မန္တလေးခရိုင်အတွင်းမှာ မနေ့ ဒီဇင်ဘာ ၈ရက်နေ့အထိ ကိုဗစ် အတည်ပြုလူနာ ၅ထောင်ကျော်အထိရှိနေပြီး သေဆုံးသူ ၇၂ ဦးအထိ ရှိနေပါတယ်။

ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် မန္တလေးခရိုင်အတွင်းကို ဒီဇင်ဘာလ ၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ Semi lockdown ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ငါးဈေး #ကိုဗစ် #ယာယီပိတ်မယ်

Related posts

Leave a Comment

VOM News

FREE
VIEW