တပ်မတော်နဲ့ နိုင်ငံတော်ကို အားကိုးချင်တယ်ဆိုတဲ့ ရခိုင်ကစစ်ဘေးဒုက္ခသည်တွေ

ဒီဇင်ဘာ ၁၆-၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးကြရတဲ့အထဲမှာ မြောက်ဦးမြို့နယ်က ပြည်သူတွေလည်းပါဝင်ပြီး အပြစ်မဲ့ပြည်သူ သောင်းနဲ့ချီ စစ်ဘေးရှောင်ဘဝကို ရောက်ခဲ့ကြရပါတယ်။

ပြည်တွင်း စစ်ရေပဋိပက္ခတွေအတွင်းမှာ ကျေးရွာတွေမီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် ရွာလုံးကျွတ်နီးပါး မီးလောင်တိုက်ထဲပါသွားတဲ့ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာက ဒေသခံတွေဟာလည်း လက်ရှိမှာ စစ်ပွဲတွေရပ်နေပေမယ့် နေအိမ်တွေ မီးရှို့ခံရတဲ့အထဲပါသွားလို့ နေရပ်ပြန်ဖို့ ခက်ခဲနေကြတယ်လို့ ပြောပါတယ်။

မြောက်ဦးမြို့နယ်၊ အောက်သားကန်ကျေးရွာက စစ်ဘေးသင့်ပြည်သူတစ်ဦးဖြစ်တဲ့ ဒေါ်ကြည်ကြည်ဌေးကတော့ ” လက်ရှိမှာ တိမ်ညိုစစ်ဘေးရှောင်စခန်းမှာ ခိုလုံနေရတယ်၊ စစ်ပွဲတွေရပ်နေပေမယ့် နေအိမ်တွေမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှု ဒဏ်တွေကြောင့် ပျက်စီးမှုတွေရှိနေလို့ မပြန်နိုင်သေးဘူး၊ ဒေသတည်ငြိမ်အေးချမ်းပြီး လုံးဝငြိမ်းချမ်းသွားမှ ရွာပြန်ဖို့ ဆန္ဒရှိတယ်၊ ပြည်သူတွေအနေနဲ့ တပ်မတောနဲ့ နိုင်ငံတော်ကို အားကိုးချင်တယ်”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ (၂) သိန်း (၃) သောင်းနီးပါးရှိကြောင်း အရပ်ဖက်စာရင်းတွေအရသိရပြီး အဲ့ဒီအထဲက တချို့ဟာ နေရပ်ကိုယာယီသဘောပြန်တာရှိပေမယ့် အပြီးတိုင်ပြန်တာမရှိသေးဘူးလို့ သိရပါတယ်။

မြောက်ဦးမြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေ (၂) သောင်းကျော်ရှိပြီး အမျိုးသား (၁၁၀၁၀) နဲ့ အမျိုသမီး (၁၂၄၈၈) ဦး၊ အိမ်ထောင်စုပေါင်း (၅၆၃၅) စုရှိကြောင်း ကရုဏာလှိုင်း အရပ်ဖက်အဖွဲ့အစည်းဆီကနေ သိရပါတယ်။

#voiceofmyanmar #VOM #မြောက်ဦး #စစ်ဘေးရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW