ထိုင်းနိုင်ငံက ဒီကနေ့ ကိုဗစ်ပိုတွေ့လူနာတွေထဲမှာ ရွှေ့ပြောင်းမြန်မာလုပ်သားတွေပါဝင်နေ

ဒီဇင်ဘာ ၂၂-၂၀၂၀
ကောင်းလက်ျာ(VOM)

ထိုင်းနိုင်ငံမှာ Covid-19 ကူးစက်မြန်ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားလာချိန် ဒီကနေ့မနက် စစ်ဆေးချက်တွေအရ ပိုးတွေ့လူနာ ၄၂၇ ဦးအနက် ၁၆ ဦးဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

” ဒီကနေ့စစ်ဆေးချိန် ပိုးတွေ့လူနာ၂၄၇ဦး ရှိတယ်။ အဲ့ဒီအထဲမှာဥရောပနိုင်ငံအချို့က လူတွေနဲ့ နိုင်ငံခြားပြန်တွေလည်းပါတယ်။ ပိုးတွေ့လူနာထဲမှာ သူ့နိုင်ငံသားက နည်းနည်းပဲပါတော့ ပြည်ပအလုပ်
သမားတွေကို ပိုဂရုထားနေတယ်။ ဆမွတ်ဆာခွန်မှာဆို ဒီကနေ့ မိုဘိုင်မ်းတင်း ၂ နေရာခွဲစစ်တယ်။ လူဦး‌ရေကို နဂိုကထက်ပိုပြီးစစ်မယ့်အနေထားပဲ”လို့ ရွှေ့ပြောင်းအလုပ်သမားကာကွယ်ရေးကွန်ရက် (MWRN)က ဦးသန်းဇော်ထိုက်က ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများစုအခြေစိုက်ရာ ဆမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်ရပ်၊ ပုစွန်ဈေး နဲ့ စက်ရုံအလုပ်ရုံ လုပ်သားတွေကို ဒီဇင်ဘာ ၁၇ ရက်ကနေ ဒီဇင်ဘာ၂၂ ရက်အထိ စစ်ဆေးချက်အရ Covid- 19 ပို‌း တွေ့လူနာ ၁၀၆၂ ဦးရှိတဲ့အပြင် ဒီကနေ့ထပ်တိုးလူနာ၂၀၀ ကျော်ကလည်း မဟာချိုင်ဒေသတစ်ခုထဲက ဖြစ်‌နေတယ်လို့ MWRNကနေ စုံစမ်းသိရပါတယ်။

မဟာချိုင်ရပ်ရှိ ပုစွန်ဈေးနဲ့ စက်ရုံ‌တွေက လုပ်သားတွေကို ထိုင်းအစိုးရက ကိုဗစ်ပိုးရှိ၊မရှိ အခမဲ့စစ်ဆေးပေးနေ‌ပေမယ့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဆီက တစ်ကျော့ပြန်ကူးစက်တယ်လို့ ထိုင်း
အာဏာပိုင်တွေက ယူဆထားကြောင်း ဒေသခံမြန်မာအလုပ်သမားတွေပြောပြချက်အရ သိရပါတယ်။

လက်တစ်လောမှာ ထိုင်းနိုင်ငံ၊ ဆမွတ်ဆာခွန်ခရိုင်အတွင်းက မြို့ပေါင်း ၃ ခုကို အဝင်အထွက်တင်းကြပ်ထားတဲ့အပြင်ပိုးတွေ့လူနာများတဲ့ မဟာချိုင်ရပ် ပုဇွန်ဈေး နဲ့အနီးတစ်ဝိုက် အဆောင်တွေကိုလည်း ထိုင်း အစိုးရအဖွဲ့က Lock Down ချထားတာဖြစ်ပါတယ်။

ဆမွတ်ဆာခွန်ခရိုင်တစ်ခုထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၄ သိန်းခန့်ရှိတယ်လို့ မြန်မာရွေ့ပြောင်းအလုပ်သမားအခွင့်ရေးဆောင်ရွက်နေသူတွေဆီကနေ သိရပါတယ်။

ထိုင်းနိုင်ငံတစ်ခုလုံးမှာ ဒီကနေ့အချိန်ထိ ကိုဗစ်ရောဂါပိုးတွေ့သူ ၅၇၁၆ ဦးထိရှိ‌နေပြီး အများစုက ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်အချို့မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Photo – သန်းဇော်ထိုက်
#voiceofmyanmar #VOM #မဟာချိုင်

Related posts

Leave a Comment

VOM News

FREE
VIEW