ထိုင်းနိုင်ငံအတွင်း တကျော့ပြန် ကိုဗစ်ကူးစက်မှုကြောင့်‌ မောတောင်နယ်စပ်ဂိတ်ကို ပြန်ပိတ်

ဒီဇင်ဘာ၂၃-၂၀၂၀
ကောင်းလက်ျာ(VOM)

ထိုင်းနိုင်ငံအတွင်းမှာ အခုရက်ပိုင်း ကိုဗစ်ရောဂါကူးစက်မှု တစ်ကျော့ပြန်ဖြစ်ပွားလာတာကြောင့် မောတောင်နယ်စပ်ဂိတ်(ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်) အချို့ကို မနေ့ ဒီဇင်ဘာ၂၂ရက်နေ့ကစတင်ပြီး ပြန်လည်ပိတ်သိမ်းလိုက်တယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမား အရေးဆောင်ရွက်နေသူတွေကပြောပါတယ်။

” ထိုင်းက နယ်စပ် လူဝင်လူထွက်ပေါက်တွေက အတော်များများ ပိတ်ထားတာကြာပြီ။ ‌ထားဝယ်နဲ့ မောတောင်နယ်စပ်ဂိတ်က မြန်မာက ရေထွက်ကုန်ပို့တဲ့ဂိတ်ဖြစ်သလို မဟာချိုင်နဲ့ အဓိကကုန်သွယ်နေတာပါ။ ကုန်သွယ်မှုလုပ်ဖို့ ပြန်ဖွင့်ပေးထား‌တာကြာပြီ။ လူအဝင်ထွက် မရှိပေမယ့် ကုန်စည်ပေါက်ပါ မနေ့က ပြန်ပိတ်တာ”လို့ ရွှေ့ပြောင်းလုပ်သား အခွင့်အရေးကာကွယ်ရေးကွန်ရက်မှ ဦးမောင်ဇော်က ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်းက ဆမွတ်ဆာခွန်ခရိုင်အပါအဝင် မြန်မာရွှေ့ပြောင်း‌လုပ်သား အများစုအခြေစိုက်ရာနေရာတွေမှာ ကိုဗစ်ကူးစက်မှုမြင့်တက်လာပြီးနောက်ပိုင်း ထိုင်းအာဏာပိုင်တွေက မြန်မာ‌ရွှေ့‌ပြောင်းလုပ်သားတွေကို အပြစ်တင် ပြောဆိုမှုအချို့ရှိလာတဲ့အပြင် နယ်စပ်ထွက်ပေါက်တွေ ပိတ်ပင်မှုကိုလည်း တင်းတင်းကြပ်ကြပ်လုပ်လာတယ်လို့ မြန်မာရွေ့ပြောင်းအလုပ်သမားအချို့ရဲ့ ပြောချက်အရ သိရပါတယ်။

မောတောင်ဂိတ်လို ကုန်စည်သီးသန့်ပို့ဆောင်တဲ့ ဂိတ်တွေပါ အကုန်ပိတ်လိုက်တာ။ ထိုင်းအာဏာပိုင်တွေက သူ့နိုင်ငံထဲမှာလည်း ခရိုင်အလိုက်‌ Lock Down သတ်မှတ်ဖို့ ပြင်‌နေကြတယ်။ အရေး‌ပေါ် အစည်းဝေး လုပ်နေတယ်လို့ ခုနကပဲ ကျန်းမာရေးဝန်ကြီးက ရုပ်သံတစ်ခုကနေထုတ်ပြန်တယ်”လို့ ထိုင်းနိုင်ငံရောက် ကိုနောင်နောင်(ခ)ဦးဇင်းက ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်းမ‌ှာ ဒီဇင်ဘာ ၁၆ ရက်နေ့ကနေ ဒီကနေ့အချိန်ထိ မြန်မာရွှေ့ပြောင်းလုပ်သား ၄ သိန်းကျော်ရှိတဲ့ ဆမွတ်ဆာခွန်ခရိုင်ရှိ မြို့ပေါင်း ၃ ခုမှာ ကိုဗစ်ပိုးတွေ့လူနာ ၁၀၀၀ ကျော်ရှိနေပြီး ထိုင်းနိုင်ငံတစ်ခုလုံးရဲ့ ပို‌းတွေ့လူနာ ၂၅၀၀ ကျော်လာပြီဖြစ်တဲ့အတွက် ရောဂါပိုးတွေ့သူ အများစုဟာ မြန်မာ‌အပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ပိုးတွေ့သူ‌တွေက ထိုင်းနိုင်ငံသား နည်းနည်းပဲပါပြီး ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်တော့ ပိုဂရုစိုက်နေပုံ‌ပေါ်တယ်။ ဆမွတ်ဆာခွန်မှာဆို မိုဘိုင်မ်းတင်း‌တွေနဲ့နေရာခွဲစစ်‌နေတယ်။ လူဦး‌ရေလည်း နဂိုထက်ပိုပြီး စစ်မယ့် အနေအထားမြင်ရတယ်”လို့ ရွှေ့ပြောင်အလုပ်သမားကာကွယ်ရေးကွန်ရက် ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးသန်းဇော်ထိုက်က ရှင်းပြပါတယ်။

ထိုင်းနိုင်ငံရောက်နေတဲ့ မြန်မာအလုပ်သမားအများဆုံးတည်ရှိရာ ဆမွတ်ဆာခွန်ခရိုင်မှာ ဆာမွန်ဆာခွန်၊ ဘန်ခရော့၊ကထူးဘင်ဟူ၍မြိုနယ်သုံးခုရှိပြီး Covid-19 ပိုးတွေ့သူ အများစုရှိရာ မဟာချိုင်ရပ် ပုဇွန်ဈေးနှင့်အနီးတစ်ဝိုက် မြန်မာလုပ်သားတွေနေထိုင်တဲ့အဆောင်တွေကိုထိုင်းအစိုးရက Lock Down ချထားသလို နောက်ထပ်နေရာအချို့
လည်း ထပ်မံထုတ်ပြန်ဖွယ်မြင်တွေ့နေရတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာအချို့က ပြောပါတယ်။

Photo – Wikipedia
#voiceofmyamar #VOM #ထိုင်း #နယ်စပ်ဂိတ်အချို့ #ပြန်ပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW