ကုလားတန်ဘက်စုံစီမံကိန်း နှောင့်နှေးမှု လုံခြုံရေးခြိမ်းခြောက်မှုတွေကြောင့်လို့ အိန္ဒိယပြော

ဒေလီ၊ ဒီဇင်ဘာ၂၅-၂၀၂၀
မျိုးဆက် (VOM)

မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းမှတစ်ဆင့် ကိုလ်ကတ္တားနဲ့ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်မယ့် အရှေ့မြောက် ဆက်သွယ်ရေးလမ်းကြောင်း တိုးမြှင့်မှု အကြီးစားအခြေခံအဆောက်အအုံစီမံကိန်းနှောင့်နှေးရတာဟာ လုံခြုံရေးစိုးရိမ်ပူပန်မှုတွေနဲ့ လက်လှမ်းမမှီဖြစ်မှုတွေကြောင့်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အိန္ဒိယနဲ့မြန်မာနိုင်ငံတို့အကြား ဆက်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံတွေ တိုးတက်ကောင်းမွန်လာစေဖို့ မျှော်လင့်ထားတဲ့ ကုလားတန်စီမံကိန်းဟာ မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး တရုတ်ကကျောထောက်နောက်ခံပြုထားတဲ့ ရခိုင့်တပ်မတော် (အေအေ)ရဲ့ ခြိမ်းခြောက်မှုအောက် ရောက်နေတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တောင်ပိုင်း နယ်စပ်မှာ စခန်းတွေတည်ဆောက်နေတဲ့ အေအေအပါအဝင် သူပုန်အဖွဲ့တွေကို ဘယ်လိုထောက်ပံ့နေလဲဆိုတာကို မကြာသေးမီက ထောက်လှမ်းရေး အစီရင်ခံစာတွေကို ကိုးကားပြီး India Today TV အစောပိုင်းက ဖော်ပြခဲ့ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရန်ပုံငွေနဲ့ အစောပိုင်းလုပ်ငန်းတွေလုပ်ဆောင်နေတဲ့ ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း (KMTT) နှေးကွေးနေတာနဲ့ပတ်သက်ပြီး ကျေနပ်အားရမှုမရှိဘူးလို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပါလီမန် အမြဲတမ်းကော်မတီက ထုတ်ဖော်ပြောဆိုပါတယ်။

စီမံကိန်းနဲ့ပတ်သက်တဲ့ လမ်းတည်ဆောက်မှုအခြေအနေဟာ ကျေနပ်အားရဖွယ်အခြေအနေ မရှိဘူးလို့ ကော်မတီက ဒီဇင်ဘာ ၂၁ ရက်မှာ ပါလီမန်ကိုတင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စီမံကိန်းနှောင့်နှေးရတဲ့ အဓိကအကြောင်းရင်းတွေကတော့ ဒေသတွင်း လုံခြုံရေးအခြေအနေတွေနဲ့ မီဇိုရမ်ပြည်နယ်ရှိ အိန္ဒိယ- မြန်မာနယ်စပ်မှာ လမ်းပန်းဆက်သွယ်ရေးမကောင်းတာကြောင့်လို့ စီမံကိန်းနဲ့ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်တွေကို ပြည်ထဲရေးဝန်ကြီးဌာနက ဖော်ပြခဲ့ပါတယ်။

Ref : Indiatoday
Photo: Reuters
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW