ဒီဇင်ဘာ ၂၆-၂၀၂၀ သိင်္ဂီထွန်း(VOM) ပြည်မြို့က ပုဂ္ဂလိကဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ လူနာတစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ရတာကြောင့် အဲ့ဒီဆေးရုံကို မနေ့ ဒီဇင်ဘာ ၂၆ရက်နေ့ကစပြီး ၇ ရက် ပိတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ပိုးတွေ့ လူနာဟာ မြန်အောင်မြို့ကဖြစ်ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ဦးနှောက်သွေးယိုစိမ့်ပြီး လေဖြတ်ရောဂါနဲ့ ပုဂ္ဂလိကဆေးရုံကိုတက်ရောက်လာတာဖြစ်ကြောင်း ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ရန်ကုန်ဆေးရုံကြီး ပြောင်းရွှေ့ကုသဖို့ သွားရောက်ခဲ့ချိန် ကိုဗစ်ရှိ၊မရှိ စစ်ဆေးခဲ့ရာကနေ ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလူနာ ဆေးရုံကို စတင်ရောက်ချိန်ကနေ ပြန်လည်ဆင်းသွားချိန်အထိ ထိတွေ့ခဲ့တဲ့ ဆရာဝန် ၊ သူနာပြု၊ သူနာပြုအကူ၊ အလုပ်သမားတွေကို CCTV က တဆင့် ပြန်လည်စစ်ဆေးခဲ့ပြီး ထိတွေ့ခဲ့တဲ့ (Primary contact ) ၂၅ ဦးကို ကွာရန်တင်းစင်တာ ပို့ဆောင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ “လူနာရောက်လာချိန်မှာ သွေးပေါင်ချိန်…
Read MoreDay: December 26, 2020
ရန်ကုန်တိုင်းမှာ ၁၄ ရက်အတွင်း ကိုဗစ်ပိုးမတွေ့ရင် Stay at Home ဖြေလျော့မယ့်
ဒီဇင်ဘာ ၂၇-၂၀၂၀ ယဉ်ပပထွန်း(VOM) ရန်ကုန်တိုင်းမှာရှိတဲ့ မြို့နယ်/ ကျေးရွာတွေမှာ ၁၄ ရက်အတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိမှု မရှိဘူးဆိုရင် Stay at Home ကို ဖြေလျော့ပေးသွားမှာဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနမှူး ဒု-ညွှန်ချုပ် ဒေါက်တာထွန်းမြင့်ကပြောပါတယ်။ ” ကျွန်တော်တို့ကတော့ Stay Home ရန်ကုန်တိုင်းက ၄၅ မြို့နယ်ရှိတာ ၄၄ မြို့နယ်က Stay at Home မြို့နယ်တွေရှိတယ်။ ကျွန်တော်တို့ စဉ်းစားနေတာရှိပါတယ်။ ၁၄ ရက်အတွင်း ပိုးမတွေ့ရှိတဲ့ ရပ်ကွက်တွေ ကျေးရွာတွေ Stay at Home အဖြစ်ကနေ ဖြေလျော့ပေးမယ်။ ဖြေလျော့ပေးလိုက်ရင် အလုပ်တွေလည်း ပြန်လည်လုပ်ကိုင်နိုင်မယ်လေ။ ရန်ကုန်တောင်ပိုင်းခရိုင်မှာ ကျေးလက်ဒေသတွေများတယ်။ ကျေးရွာအုပ်စုမှာ တစ်ရွာဖြစ်လိုက်လို့ တစ်အုပ်စုလုံး လော့ခ်ဒေါင်းလုပ်ရတယ်ဆိုတာ ဒီခြေအနေကလည်း မဖြစ်သင့်ဘူးလေ။ ဒါတွေကြောင့် ၁၄ ရက်အတွင်းမှာ ပိုးမတွေ့ရှိတဲ့…
Read Moreရန်ကုန်ကနေ ရှမ်းပြည်နယ်ကို လေကြောင်းနဲ့လာရောက်သူ ၂ ဦးမှာ ကိုဗစ်ပိုးတွေ့ရှိ
ဒီဇင်ဘာ ၂၇-၂၀၂၀ သိင်္ဂီထွန်း(VOM) ရန်ကုန်ကနေ ရှမ်းပြည်နယ်ကို လေယာဉ်နဲ့ လိုက်ပါလာခဲ့တဲ့ ခရီးသည် ၂ ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိထားတယ်လို့ ရှမ်းပြည်နယ်အရှေ့ပိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ ရှမ်းပြည်နယ်၊ တောင်ကြီးနဲ့ ကျိုင်းတုံမြို့ကို လေယာဉ်နဲ့လာရောက်သူတွေထဲက ၂ ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ရကြောင်းကို ဒီဇင်ဘာလ ၂၄ ရက်နဲ့ ၂၅ ရက် ဆေးစစ်ချက်ရလဒ်တွေအရ သိရှိရတာဖြစ်တယ်လို့ သိရပါတယ်။ “မှန်ပါတယ် ၊ကျနော်တို့ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေလုပ်နေပါတယ်။ ကျိုင်းတုံက ၁၉ ရက်နေ့စာရင်းထဲမှာပေါ့။ ကျနော့်အမြင်ကတော့ ဘယ်အရာမှ ၁၀၀ ရာခိုင်နှုန်း အာမခံချက်ဆိုတာမရှိပါဘူး။ ရွှေမှာတောင် တစ်ရာ ရာခိုင်နူန်း အခေါက်ရွှေဆိုတာမရှိပါဘူး။ ဓာတ်ခွဲစမ်းသပ်မှုတွေမှာလည်း တစ်ရာ ရာခိုင်နူန်းအပြည့်တွေ့ချင်မှတွေ့ပါလိမ့်မယ်။ ဒါကြောင့် ရောဂါကူးစက်မှုကိုကာကွယ်ဖိူ့အတွက် ကျနော်တို့ထောင့်စုံဘက်စုံကနေဆောင်ရွက်တာပါ”လို့ ရှမ်းပြည်နယ်အရှေ့ပိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်ကပြောပါတယ်။ ကိုဗစ် ပိုးတွေ့ရှိသူတွေဟာ အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးဖြစ်ပြီး အမျိုးသမီးဟာ ဒီဇင်ဘာ ၁၉ ရက်နေ့က…
Read Moreကနီမြို့နယ်က ရဲ ၂ ယောက် ကားတိုက်ခံရလို့ ၁ ယောက်သေ
ဒီဇင်ဘာ ၂၆-၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဘုတလင် – ကနဲ သွားကားလမ်း မိုင်တိုင်အမှတ် ၂၃/၂၄ကြားမှာ မနေ့ ဒီဇင်ဘာ ၂၅ရက် ည ၁၀ နာရီကျော်အချိန်က အရှိန်မထိန်းနိုင်တဲ့ကားတစ်စီးဟာ ရဲ ၂ ယောက်စီးလာတဲ့ ဆိုင်ကယ်ကို ဝင်ရောက်တိုက်မိတာကြောင့် ရဲ ၁ ယောက်သေဆုံးပြီး ကျန် ရဲ ၁ ယောက် ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။ ” ကားက တရုတ်နိုင်ငံထုတ် မီနီလိုက်ထရပ်ကားဖြစ်တယ်၊ ရဲစီးလာတဲ့ ဆိုင်ကယ်က နံပါတ်မပါဘူး ရာမဟာ အမျိုးအစား ကလစ်ဆိုင်ကယ်ဖြစ်တယ် “လို့ အခင်းဖြစ်ပွားတဲ့နေရာကို သွားရောက်ကူညီပေးခဲ့သူ စေတနာ့ ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။ အဲ့ဒီ ယာဉ်တိုက်မှုဖြစ်ပွားတဲ့ ရဲဝန်ထမ်း ၂ ယောက်ဟာ ကနီမြို့နယ် ဝင်းမနား နယ်မြေရဲစခန်းမှာ တာဝန်ထမ်းဆောင်းနေတဲ့ ရဲတပ်သားအဆင့်ရှိသူတွေ…
Read Moreမလေးရှားကနေ ထိုင်းကိုခိုးဝင်တဲ့ မြန်မာလုပ်သားတွေ အဖမ်းခံရ
ဘန်ကောက်၊ ဒီဇင်ဘာ-၂၆-၂၀၂၀ မျိုးဆက် (VOM) ထိုင်းနိုင်ငံထဲကို ဆန်ဂိုင်ကိုလော့မြစ်ကိုဖြတ်ပြီး တရားမဝင် ဝင်ရောက်ခဲ့တဲ့ မလေးရှားနိုင်ငံက ငါးဖမ်းလှေတွေမှာ အလုပ်လုပ်ကိုင်ခဲ့ကြတဲ့ မြန်မာလုပ်သား ၁၁ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ သူတို့မှာ တရားဝင်ခရီးသွားထောက်ခံချက် စာရွက်စာတမ်းတွေမပါရှိဘူးလို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ သူတို့မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရခြင်းရှိ၊မရှိ စစ်ဆေးမှာဖြစ်ပြီး လက်ရှိအချိန်ထိ ဘယ်သူမှ ဖျားနာတာမျိုးမရှိဘူးလို့ ပြောပါတယ်။ မလေးရှားကနေ ခိုးဝင်လာတဲ့မြန်မာလုပ်သားတွေကို ဆန်ဂိုင်ကိုလော့ခရိုင်မှူး Rungruang Thimabut ဦးဆောင်တဲ့အဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဆိပ်ခံတံတားတစ်စင်းကတစ်ဆင့် ဝင်ရောက်လာတဲ့ မြန်မာလုပ်သားအဖွဲ့ကို ဒေသခံတစ်ဦးကတွေ့ရှိပြီးနောက် သူတို့ကို တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခဲ့တာလို့ ဆန်ဂိုင်ကိုလော့ခရိုင်မှူးက ပြောပါတယ်။ မြန်မာလုပ်သားတွေဟာ မလေးရှားနိုင်ငံက ငါးဖမ်းလှေတွေမှာ အလုပ်လုပ်ကိုင်ခဲ့ကြတယ်လို့ သူကဆိုပါတယ်။ မလေးရှားနိုင်ငံမှ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ နှံ့မှုတွေကြောင့် အလုပ်အကိုင်ပွဲစားတွေဟာ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းနိုင်ငံအတွင်း မှောင်ခိုခိုးသွင်းမှုတွေရှိနေတယ်လို့…
Read Moreကိုဗစ်ကာလမှာဖွင့်နေတဲ့ KTV ဆိုင်ကို ရဲကဖမ်း
ဒီဇင်ဘာ ၂၆-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင်လမ်းအနီး Sunday KTVနဲ့ စားသောက်ဆိုင်ကို ကိုဗစ်စည်းကမ်းချက် ဖောက်ဖျက်ပြီး ဖွင့်လှစ်ခဲ့တာကြောင့် ဒီကနေ့မနက် ၁ နာရီခန့်က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သထုံမြို့မရဲစခန်းကနေ သိရပါတယ်။ ” လက်တစ်လောမှာ မန်နေဂျာ၊ ဝိတ်တာ၊ ကောင်မလေးတွေနဲ့ လာရောက်စားသောက်သီဆိုသူတွေကို ဖမ်းဆီးထားတယ်။ သူတို့အားလုံးကို ဘေးစီမံအက်နဲ့အမှုဖွင့်မှာ၊ ညွန်ကြားချက်စောင့်နေပါတယ်”လို့ သထုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးက ပြောပါတယ်။ အဲ့ဒီ KTV နဲ့စားသောက်ဆိုင်ဟာ Covid-19 ကာလ ညွှန်ကြားချက်တွေကို လိုက်နာမှုမပြုဘဲ ဆိုင်ဖွင့်လှစ်ထားတယ်ဆိုတဲ့ သတင်းအရ တာဝန်ရှိသူတွေဝင်ရောက် စစ်ဆေးခဲ့ရာ အသက် ၅၂နှစ်အရွယ် မန်နေဂျာ တစ်ဦး ၊ အသက် ၂၇နှစ်အရွယ် ဝိတ်တာခေါင်းဆောင်တစ်ဦး ၊ အသက် ၂၇နှစ်အရွယ် ဝိတ်တာတစ်ဦး၊ အမျိုးသမီး ၈ ဦး၊ လာရောက်သီ ဆိုသူ…
Read Moreကျိုက်ထိုက ဟိုတယ်နဲ့တည်းခိုခန်းတွေ ပြန်ဖွင့်ခွင့် စာထွက်ပေမယ့် ကျိုက်ထီးရိုးပြန်မဖွင့်နိုင်သေး
ဒီဇင်ဘာ ၂၆-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲက ဟိုတယ်၊မိုတယ်နဲ့တည်းခိုခန်းတွေကို ပြန်ဖွင့်ခွင့်စာထွက်ပေမယ့်လည်း အထင် ကရဖြစ်တယ့် ကျိုက်ထီးရိုးစေတီကိုတော့ ပြန်မဖွင့်နိုင်သေးဘူးလို့ သိရပါတယ်။ ကျိုက်ထိုမြို့နယ် ဟိုတယ်နဲ့ခရီးသွားလာရေးညွန်ကြားမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းနုဆိုသူရဲ့ လက်မှတ်နဲ့ Covid-19 ရောဂါကြောင့် အခုနှစ်ဩဂုတ်လ ၉ ရက်က ပိတ်ထားရတဲ့ ဟိုတယ်၊ မိုတယ်၊ Inn နဲ့ တည်းခိုခန်းတွေကို၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာပြန်လည်ပြီး ဧည့်သည်လက်ခံခွင့်ပေးသွားမယ်လို့ ရေးသားထားပေမယ့် ကျိုက် ထီးရိုးစေတီကိုေတာ့ ပြန်မဖွင့်နိုင်ဘူးလို့ တာဝန်ရှိသူတွေက ငြင်းဆိုထားပါတယ်။ ” ပြန်ဖွင့်ခွင့်ပေးမယ်ဆိုတာ အတည်ပြုချက် မရှိပါဘူး။ ကောလဟတွေထုတ်နေကြပုံရပါတယ်။ ကျိုက်ထီရိုးပြန်ဖွင့်မယ်ဆိုတာလည်း မဟုတ်ပါဘူး”လို့ မွန်ပြည်နယ် အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောပါတယ်။ လက်တစ်လော ကျိုက်ထိုမြို့နယ်အတွင်း ဟိုတယ်၊ မိုတယ်တွေ ပြန်ဖွင့်ခွင့်ပေးထားတယ်ဆိုတဲ့ အမိန့်ညွန်ကြားချက် တစ်စုံတစ်ရာမှ ရောက်ရှိခြင်းမရှိသေးသလို ခရစ္စမတ်ကာလ ကျိုက်ထီရိုးတောင်တက်…
Read Moreကိုဗစ်ကာလ ထောက်ပံ့ကြေးနဲ့ပတ်သက်ပြီး တိုင်ကြားစာ ၂ သိန်းကျော်ရှိ
ဒီဇင်ဘာ ၂၆-၂၀၂၀ သိင်္ဂီထွန်း (VOM) ကိုဗစ်ကာလမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စုတွေကို ထောက်ပံ့ငွေ ပေးအပ်တာနဲ့ပတ်သက်ပြီး တိုင်ကြားမှုအနေနဲ့ နိုဝင်ဘာလ ၁၆ ရက်ကနေ ဒီဇင်ဘာလ ၁၇ ရက်အထိကို တိုင်ကြားစာ ၂ သိန်းကျော်ရှိခဲ့တယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနကနေ သိရပါတယ်။ အလုပ်အကိုင် အဆင်မပြေမှုနဲ့ ထောက်ပံ့မှုစာရင်းမှာ မပါဝင်ခြင်းကြောင့် ထောက်ပံ့ကြေးရယူလိုတဲ့အတွက် တိုင်ကြားတဲ့ကိစ္စဟာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ထောက်ပံ့ကြေး အပြည့်အဝမရရှိလို့ တိုင်ကြားခြင်း ၊ထောက်ပံ့မှုတွေ ပွင့်လင်းမြင်သာမှုမရှိလို့ တိုင်ကြားခြင်း၊ အရင်ကထောက်ပံ့မှုမှာပါဝင်ပြီး အခုထောက်ပံ့မှုမှာ ပါဝင်မှုမရှိလို့ တိုင်ကြားခြင်းအပါအဝင် တင်ပြတဲ့ အိမ်ထောင်စုအတိုင်း မဟုတ်ဘဲ ချန်လှပ်ထားမှုကြောင့် တိုင်ကြားတာတွေဖြစ်တယ်လို့ သိရပါတယ်။ “သက်ဆိုင်ရာ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးတွေ၊ရပ်မိ/ ရပ်ဖတွေနဲ့ ဌာနဆိုင်ရာ ကိုယ်စားလှယ်တွေပါဝင်တဲ့ စိစစ်ရေးအဖွဲ့တွေက တိုင်ကြားစာတွေကို စိစစ်တဲ့အခါမှာ မှန်ကန်တဲ့တိုင်ကြားစာပေါင်း က (၁၇၆၅၁၀) စောင်ရှိပြီး မှန်ကန်မှုမရှိတဲ့…
Read Moreဗြိတိန်က ကူးစက်မြန်ဗိုင်းရပ်စ် စင်ကာပူ၊ ဂျပန်နဲ့ ပြင်သစ်နိုင်ငံတို့မှာ ကူးစက်ပျံ့နှံ့နေ
စင်ကာပူ၊ ဒီဇင်ဘာ-၂၆-၂၀၂၀ မျိုးဆက် (VOM) ဗြိတိန်မှာဖြစ်ပွားနေတဲ့ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ စင်ကာပူ၊ ဂျပန်နဲ့ ပြင်သစ်နိုင်ငံတို့မှာပါ ကူးစက်မှုတွေဖြစ်ပေါ်နေပါတယ်။ ကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ် ပထမဆုံးကူးစက်ခံရသူ တစ်ဦးကို စင်ကာပူနိုင်ငံမှာ တွေ့ရှိခဲ့တယ်လို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ကူးစက်ခံရသူဟာ ၁၇ နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး ဗြိတိန်နိုင်ငံမှာသြဂုတ်လကတည်းက ပညာသင်ကြားနေကာ ဒီဇင်ဘာ ၆ ရက်မှာ စင်ကာပူနိုင်ငံကို ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံမှာလည်း ဗြိတိန်က ကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူကို ပထမဆုံးတွေ့ရှိခဲ့တယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။ ဗြိတိန်မှဝင်ရောက်လာသူတွေကို ဒီဇင်ဘာ ၂၅ ရက်စပြီး နယ်စပ်ထိန်းချုပ်မှုတွေ မတိုးမြှင့်မီ ဒီဇင်ဘာ ၁၈ ရက်မှ ၂၁ ရက်အတွင်းဝင်ရောက်လာသူ ၅ ဦးထဲက အသက် ၆၀ ကျော်အမျိုးသားတစ်ဦးမှာ ဗိုင်းရပ်စ်သစ်ကူးစက်ခံနေရတာကို တွေ့ရှိခဲ့တယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီး နိုရီဟီဆာတာမူရာက ပြောပါတယ်။ ပြင်သစ်နိုင်ငံမှာလည်း ကူးစက်မြန်ဗိုင်းရပ်စ်မျိုးစိတ်သစ်ကူးစက်ခံရသူ တစ်ဦးကို…
Read Moreအမ်းမှာ စိတ်ဝေဒနာသည် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ
ဒီဇင်ဘာ ၂၆-၂၀၂၀ ထက်အောင်စိုင်း(VOM) ကျောက်ဖြူခရိုင်၊ အမ်းမြို့မှာ အသက် (၁၆) နှစ်အရွယ် စိတ်ရောဂါဝေဒနာခံစားနေရတဲ့ အမျိုးသမီးငယ်တစ်ဦး အဓ္ဓမပြုကျင့်ခံရတဲ့ဖြစ်စဉ် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ရက်နေ့ကဖြစ်ပွားခဲ့ပါတယ်။ အဲဒီ အမျိုးသမီးငယ်ရဲ့အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ သဇင်ဥပဒေဆိုင်ရာအထောက်အကူပြုအဖွဲ့က အထက်တန်းရှေ့နေ ဦးကျော်ဆန်းနိုင်က ” ကျနော်သိရတာကတော့ အဲ့ဒီ မိန်းကလေးက အသိမိတ်ဆွေတစ်ယောက်အိမ်မှာ ဗီဒီယို သွားကြည့်တယ်။ အဲ့ဒီက အပြန်လမ်းမှာ အရက်မူးနေတဲ့ လူနှစ်ယောက်က ပါးစပ်ပိတ်ပြီး ဖမ်းခေါ်သွားတယ်လို့ သိရတယ်။ အဲ့ဒီ တရားခံ (၂) ယောက်မှာတော့ တစ်ယောက်ဖမ်းမိထားပါတယ်။ ကျန်တဲ့ တစ်ယောက်က ထွက်ပြေးလွှတ်မြောက်နေတယ်” လို့ ပြောပါတယ်။ ပြစ်မှုကျူးလွန်တဲ့ တရားခံတွေဟာ အမ်းမြို့ရဲ့ တစ်ဖက်ကမ်း ကမ်ဒိတ်ကျေးရွာက အသက် (၂၂) နှစ်အရွယ် မိုးထက်ယံဆီ (ခ) သက်ပြင်းနဲ့ အသက် (၂၅) နှစ်အရွယ် မောင်သောင်းဖေ တို့ဖြစ်ပြီး…
Read More