ဗြိတိန်က ကူးစက်မြန်ဗိုင်းရပ်စ်မျိုးစိတ်သစ် ကလေးငယ်တွေကို ပိုမိုကူးစက်နိုင်

လန်ဒန်၊ ဒီဇင်ဘာ၂၂-၂၀၂၀ မျိုးဆက်(VOM) ဗြိတိန်မှာ အလျှင်အမြန် ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ ယခင်မျိုးစိတ်တွေနဲ့ မတူပဲ ကလေးသူငယ်တွေမှာ ကူးစက်နိုင်ခြေပိုမိုမြင့်မားတယ်လို့ သိပ္ပံပညာရှင်တွေက ဒီဇင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။ ဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ ဗြိတိန်တောင်ပိုင်းမှာ အလျင်အမြန်ကူးစက်မှုတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းမှာ အလားတူကူးစက်လာနိုင်တယ်လို့ ဗိုင်းရပ်စ်မျိုးစိတ်သစ်ကို ခြေရာခံလေ့လာနေတဲ့ ဗြိတိန်အစိုးရရဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ခြိမ်းခြောက်မှုအကြံပေးအဖွဲ့မှ သိပ္ပံပညာရှင်တွေက သူတို့ရဲ့ နောက်ဆုံးတွေ့ရှိချက်တွေကို သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ ဗြိတိန်မှာ လက်ရှိကူးစက်နေတဲ့ အခြားဗိုင်းရပ်စ်တွေထက် ကူးစက်မှုနှုန်း ပိုမိုမြန်ဆန်တာဟာ သေချာကြောင်း အောက်စဖို့တက္ကသိုလ်မှ ကူးစက်ရောဂါဆိုင်ရာပါမောက္ခ ပီတာဟော်ဘီက ပြောပါတယ်။ ဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ ကလေးငယ်တွေကို ကူးစက်ဖို့ပိုမိုမြင့်မားတဲ့ စွမ်းရည်ရှိတဲ့ အရိပ်လက္ခဏာရှိတယ်လို့ လန်ဒန်တော်ဝင်ကောလိပ်မှ ပါမောက္ခနဲ့ ကူးစက်ရောဂါပညာရှင် နေးလ်ဖာဂူဆန်ကလည်းဆိုပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ကျိုးကြောင်းဆီလျော်မှုတစ်စုံတစ်ရာကို မိမိတို့မဖော်ထုတ်နိုင်သေးပေမယ့် ရရှိထားတဲ့ အချက်အလက်တွေမှာ မြင်တွေ့နိုင်ကြောင်း၊ ရှေ့ဆက်ဘယ်လိုဆက်ဖြစ်မယ်ဆိုတာ သိရှိနိုင်ဖို့…

Read More

ကုန်တင်ရေယာဉ်လှိုင်းပုတ်လို့ စက်လှေ ၁ စီးနစ်မြုပ်၊ လူ ၂ ယောက် ပျောက်ဆုံးနေ

ခန္တီး ၊ဒီဇင်ဘာ ၂၂ ၊ ၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ အနောက်ကောက်တောင်ကျေးရွာ၊ နန်မဆိုင်း ချောင်းဝအနီး ချင်းတွင်းမြစ်ထဲမှာ မနေ့ ဒီဇင်ဘာ ၂၁ ညနေပိုင်းက ကုန်တင်ရေယာဉ်မောင်းလာချိန် လှိုင်းလုံးတွေရိုက်ပုတ်မှုကြောင့် စက်လှေ ၁ စီးနစ်မြုပ်ပြီး လူ၂ ယောက် ရေနစ်ပျောက်ဆုံးနေတယ်လို့ အနောက်ကောက်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။ ” စက်လှေပေါ်မှာ လူ ၈ ယောက် လိုက်ပါလာတယ်၊ ကလေး ၃ ယောက် နဲ့ လူကြီး ၅ ယောက်ဖြစ်တယ် “လို့ အနောက်ကောက်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဆန်းက ပြောပါတယ်။ အနောက်ကောက်တောင်ကျေးရွာမှာနေတဲ့ ဦးအောင်မြင့်ဦးဆိုသူဟာ အသက် ၅ နှစ်အရွယ်နဲ့ ၁၀ နှစ်အရွယ် သား ၂ ယောက်နဲ့အတူ အသက် ၁၂ နှစ်အရွယ် သမီး…

Read More

ရသေ့တောင်က စစ်ဘေးရှောင်စခန်းတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့

ဒီဇင်ဘာ ၂၂-၂၀၂၀ ထက်အောင်စိုင်း (VOM) ရသေ့တောင်မြို့နယ်၊ မေယုမြစ်ကမ်း အနောက်ဖက်က စေတီပြင်တိုက်နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတစ်ခု မနေ့ ဒီဇင်ဘာ ၂၁ရက်နေ့ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။ စေတီပြင်ကျေးရွာ စစ်ဘေးရှောင်စခန်းမှာ ဝါး၊ ဓနိတွေနဲ့ အသစ်ဆောက်လုပ်ထားတဲ့ (၅) ခန်းတွဲ အဆောင်တစ်ခုရဲ့ ထမင်းချက်မီးဖိုကနေပြီး မီးလောင်မှုစတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” မီးက အကြီးအကျယ်လောင်တာတော့ မဟုတ်ဘူး။ ပေါ့ဆမီးကြောင့် နည်းနည်းလေး လောင်သွာတာ။ မီးလောင်တာနဲ့ပတ်သက်ပြီး စခန်းကတာဝန်ရှိတဲ့လူတွေကိုတော့ ရုံးကိုတွေ့ဖို့ ခေါ်ထားတယ်။ နောက်ဒီလို မဖြစ်အောင်ပေါ့။ မီးသတ်တပ်ဖွဲ့ကလည်း ရက်ပိုင်းလောက်ကပဲ ဆောင်းရာသီကာလ နဲ့ လာမယ့်နွေရာသီတွေမှာ စစ်ဘေးရှောင်စခန်းတွေအတွင်း မီးလောင်မှုအန္တရာယ် ကြိုတင်ကာကွယ်ဖို့ သတိပေးတာတွေရှိတယ်”လို့ စေတီပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးထွန်းလှိုင်က ပြောပါတယ်။ မီးလောင်မှုဖြစ်ပွားတာကို ချက်ချင်းသိရတဲ့အတွက် အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် စစ်ဘေးရှောင်တွေ တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ပေမယ့် အဲ့ဒီအဆောင်က…

Read More

ကပ်ဘေးကာလရဲ့ ခြောက်သွေ့တဲ့ ခရစ္စမတ်

ဒီဇင်ဘာ ၂၁-၂၀၂၀ ယဉ်ပပထွန်း၊ ကောင်းလကျ်ာ၊ ညီသစ်၊ ရန်အောင်ထွန်း ကိုဗစ် ၁၉ ရောဂါကပ်ဘေးရဲ့ ဒုတိယလှိုင်းကို ဖြတ်သန်းနေရတဲ့ ကာလအတောအတွင်း သေဆုံးသူ ၂၄၀၀ ကျော်နဲ့ အတည်ပြုလူနာ ၁၁၀၀၀၀ ကျော် ရှိလာခဲ့ပြီး၊ ရောဂါပိုးတွေ့လူနာတွေ များပြားထူထပ်တဲ့ ဒေသတွေကို stay home နယ်မြေများအဖြစ် သက်ဆိုင်ရာက သတ်မှတ်ထားသလို၊ တဖက်မှာလည်း ဖြေလျှော့မှုတွေ လုပ်လာပါတယ်။ ဖြေလျှော့မှုတွေထဲမှာ ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးကာလအတွင်း ခရစ်ယာန် ဘာသာဝင်တွေအတွက် ဘုရားကျောင်းတွေမှာ လူ ၃၀ အထိ စုဝေး ဝတ်ပြုခွင့်ပေးထားပြီး၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် မကြာခင်ရက်ပိုင်းအတွင်း ကျရောက်မယ့် ခရစ္စမတ်ပွဲတော်ကို လုံးဝ မကျင်းပတော့မယ့် ခရစ်ယာန် ဘုရားကျောင်းတွေ ရှိသလို အများစုက အွန်လိုင်းနဲ့…

Read More

သီလရှင်ဆရာကြီးတစ်ပါး ကြိုဆွဲချသေဆုံး

ဒီဇင်ဘာ ၂၁-၂၀၂၀ ကိုတိုးကြီး (VOM) တနသ်ာရီတိုင်း၊ မြိတ်မြို့၊ တက္ကသိုလ်ရပ် မြရိပ်ညိုလမ်းက လူနေအိမ်တစ်လုံးရဲ့ ရေချိုးခန်းထဲမှာ ဒီကနေ့ နေ့လယ်ပိုင်းက သီလရှင်ဆရာကြီးတစ်ပါး ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ မြိတ်မြို့မရဲစခန်းကနေ သိရပါတယ်။ ” သေဆုံးသူ သီလရှင်ဆရာကြီးက အသက် ၅၈ နှစ်ရှိပြီဖြစ်တယ်၊ အရင်က သာကေတရပ်ကွက် ဘေးမဲ့ကျောင်းမှာ သီတင်းသုံးတယ်၊ ကျန်းမာရေးမကောင်းတာကြောင့် လွန်ခဲ့တဲ့ ၄ / ၅ လလောက်ကစပြီး သူ့ရဲ့ ဆွမ်းဒကာအိမ်မှာပြောင်းပြီး သီတင်းသုံးနေခဲ့တာဖြစ်တယ်လို့ ကနဦးသိရတယ်”လို့ မြိတ်မြို့မရဲစခန်းက တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။ သီလရှင်ဆရာကြီး သေဆုံးတာနဲ့ ပတ်သက်ပြီး မြိတ်မြို့မရဲစခန်းက သေမှုသေခင်းဖွင့် စစ်ဆေးနိုင်ဖို့ ရုပ်အလောင်းအား မြိတ်မြို့ ပြည်သူ့ဆေးရုံကြီး အအေးတိုက်သို့ ပို့ဆောင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို ပို့ဆောင်စစ်ဆေးရာမှာ ဓာတ်ခွဲစစ်ဆေးချက်အရ သေဆုံးသူမှာ ကိုဗစ်-၁၉ ရောဂါ Positive ဖြစ်နေတယ်လို့…

Read More

လူသေဆုံးတဲ့ ယာဉ်တိုက်မှုကြောင့် လူမှုကယ်ဆယ်ရေးအဖွဲ့ယာဉ်မောင်းကို လိုင်စင်မဲ့ယာဉ်လက်ဝယ်တွေ့ရှိမှုနဲ့ အမှုဖွင့်

ဒီဇင်ဘာ ၂၁-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင်လမ်းပေါ်မှာ ဒီဇင်ဘာ၂၀ ရက် ညနေပိုင်းက လူတစ်ဦးသေဆုံး ခဲ့ရတဲ့ ယာဉ်မတော်တဆမှုဖြစ်စဉ်က ပရဟိတလူနာတင်ယာဉ်မောင်းနင်သူကို လိုင်စင်မဲ့မော်တော်ယာဉ် လက်ဝယ်တွေ့မှုနဲ့ အမှုဖွင့်ထားတယ်လို့ သထုံမြို့မရဲစခန်းမှစုံသိရှိရပါတယ်။ ” လူမှုကယ်ဆယ်ရေးယာဉ်က ကျန်းမာရေးဝန်ထမ်းတွေတင်လာပြီးမောင်းလာတာပါ။ ဆိုင်ကယ်က ရုတ်တရက်ထွက်လာချိန် တိုက်မိတာဖြစ်ပါတယ်၊ ဆိုင်ကယ်သမားက ဆေးရုံမှာ ဆုံးသွားပါတယ်။ ဆိုင်ကယ်သမား မှားတာဖြစ်လို့သေဆုံးသူကို လူသေမှုနဲ့အမှုဖွင့်သလို ပရဟိတယာဉ်မောင်းနင်သူကို လိုင်စင်မဲ့ယာဉ်လက်ဝယ်တွေ့မှုနဲ့ အရေးယူရပါတယ်”လို့ သထုံမြိုမရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လူနာတင်ယာဉ်ဟာ ကျိုက်ထိုမြို့ဘက်ကနေ ဘားအံဘက်ကို မောင်းလာချိန် ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင် ၁၄၇/၅ နားအရောက်မှာ အသက်(၇၃ နှစ်)အရွယ် အမျိုးသားကြီး မောင်းနှင်လာတဲ့ ဆိုင်ကယ်က လမ်းယာဘက်ခြမ်းကနေ ချိုးကွေ့လိုက်ချိန် တိုက်မိခဲ့တာဖြစ်တယ်လို့ သထုံမြို့မရဲစခန်းကနေ သိရပါတယ်။ အဲ့ဒီလူနာတင်ယာဉ်ဟာ ရန်ကုန်မှာ ယာယီတာဝန်ထမ်းဆောင်ပြီး ပြန် လာတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို…

Read More

ကောလာဟလနဲ့ သတင်းတုသတင်းမှား ဖြစ်တည်မှု၊ရင်းမြစ်နဲ့လားရာ

ဆွေလင်းထွန်း(VOM)     ၂၀၂၀ ရွေးကောက်ပွဲကျင်းပပြီးစီးလို့ ရွေးကောက်ပွဲအနိုင်ရပါတီက အစိုးရဖွဲ့ဖို့ ပြင်ဆင်နေတဲ့ ကာလမှာပဲ လူမှုကွန်ယက်ပေါ်မှာ ကောလာဟလ၊ သတင်းတု၊ သတင်းမှားတွေကို လူတစုက ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေကြပါတယ်။   အများဆုံးတွေ့ရတဲ့ သတင်းတု၊ သတင်းမှားတွေကတော့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းမှားတွေပဲဖြစ်ပါတယ်။ သတင်းမှားတွေကို လူမှုကွန်ယက်ပေါ်မှာ အကောင့်တုတွေနဲ့ ဖြန့်ဝေကြတာဖြစ်ပါတယ်။ သတင်းမှားတွေထဲမှာ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) နဲ့ မဲရုံဝန်ထမ်းတွေ၊ NLD ပါတီအပါအဝင် နိုင်ငံရေးပါတီတွေကို ဦးတည်တိုက်ခိုက်တဲ့ သတင်းမှားတွေက အများဆုံးဖြစ်တာ တွေ့ရပါတယ်။   ရွေးကောက်ပွဲတာဝန်ရှိသူတွေအပေါ် တိုက်ခိုက်တဲ့ သတင်းမှားတွေ   UEC အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူဦးရေ ၃၇သန်းကျော်ရှိတယ်လို့ နိုဝင်ဘာ ၉ရက်နဲ့ ၁၀ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ အဆိုပါ UEC ရဲ့ ထုတ်ပြန်ချက်ကို အခြေခံပြီး…

Read More

မြန်မာအလုပ်သမား အများစုရှိတဲ့ မဟာချိုင် ပုစွန်ဈေးနဲ့အနီးတစ်ဝိုက်နေရာတွေကို ‌လော့ခ်ဒေါင်းချ

ဒီဇင်ဘာ ၂၁-၂၀၂၀ ကောင်းလက်ျာ(VOM) ထိုင်းနိုင်ငံမှာ Covid-19 ကူးစက်မြန်ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားလာတဲ့အပြင် ကူးစက်သူအများစုဟာ မြန်မာ‌ရွေ့‌ပြောင်းအလုပ်သမား‌တွေ ဖြစ်နေတာကြောင့် ဆမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်ရပ်ရှိ ပုစွန်ဈေးနဲ့အနီးတစ်ဝိုက် အဆောင်တွေကို ထိုင်းအစိုးရက ဒီဇင်ဘာ ၂၀ ရက်နေ့ကပဲ Lock Downသတ်မှတ်လိုက်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားကာကွယ်ရေးကွန်ရက်(MWRN)က ဦးသန်းဇော်ထိုက်က ပြောပါတယ်။ ” ဒီကနေ့လည်း ထိုင်းမှာ သုံးရာကျော် လေးရာနီးပါးတိုးတယ်။ မဟာချိုင်တစ်ခုထဲမှာ ၂ရက်ပေါင်း လူတစ်ထောင်ကျော် ပိုးတွေ့ထားပြီး မြန်မာလုပ်သားများတဲ့ ပုစွန်ဈေးနဲ့ အနီးကအဆောင်တွေကို Lock Down သတ်မှတ်လိုက်တာပါ”လို့ ဦးသန်းဇော်ထိုက်ကပြောပါတယ်။ ဆမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်ရပ်၊ ပုစွန်ဈေးနဲ့ စက်ရုံအလုပ်ရုံ လုပ်သားတွေကို ဒီဇင်ဘာ ၁၉ ရက်ကနေ ဒီဇင်ဘာ၂၀ ရက်နေ့ထိ နှစ်ရက်တာ စစ်ဆေးချက်တွေအရ Covid-19 ပို‌းတွေ့လူနာ ၁၀၀၀ ကျော်ရှိ‌နေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက်‌ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN)ကနေ စုံစမ်းသိရပါတယ်။ လက်တစ်လောမှာ Lock…

Read More

ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းခြင်းမရှိတဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးကို အမည်ပျက်စာရင်းသွင်းတော့မယ်

နေပြည်တော်၊ ဒီဇင်ဘာ- ၂၁- ၂၀၂၀ ကိုထွန်း(VOM)   နေပြည်တော် ပြည်ထောင်စုနယ်မြေ၊  ဇမ္ဗူသီရိမြို့နယ်ကနေ ပြည်သူပါတီကိုယ်စားပြုပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြည်သူ့ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိန်ဝင်းက ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကိုရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းခဲ့ခြင်း မရှိတာကြောင့် အမည်ပျက်ကိုယ်စားလှယ်အဖြစ် စာရင်းသွင်းဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စာရင်းတင်သွင်းလာတယ်လို့ သိရပါတယ်။   ပြည်သူ့ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိန်ဝင်းကိုဆက်သွယ်ပေမယ့် အဆက်သွယ်မရလို့ သူ့ရဲ့ ကိုယ်စားလှယ် ဦးအောင်ကြီးကိုမေးကြည့်တော့ “’ဦးစိန်ဝင်းကခရီးသွားနေပါတယ်၊ ရွေးကောက်ပွဲအသုံးစရိတ်စာရင်းတွေက သူ့ဆီပါသွားပါတယ်၊ ဒါကြောင့်သတ်မှတ်ရက်ကိုတင်သွင်းနိုင်ခြင်းမရှိတာပါလို့ ပြောပါတယ်။   ၂၀၂၀ ရွေးကောက်ပွဲမှာ နေပြည်တော်ပြည်ထောင်စုနယ်မြေကနေ  နိုင်ငံရေးပါတီအသီးသီးက ပြည်သူ့လွှတ်တော်အတွက်(၅၅)နေရာ၊အမျိုးသားလွှတ်တော်အတွက် (၁၁)နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ ရွေးကောက်ပွဲကော်မရှင်ကနေသိရပါတယ်။   ရွေးကောက်ပွဲကော်မရှင် နည်ဥပဒေ ၇၇ အရ ရွေးကောက်ပွဲအပြီး ရက်ပေါင်း(၃၀) အတွင်းမှာ ကိုယ်စားလှယ်တွေရဲ့ရွေးကောက်ပွဲကုန်ကျစရိတ်ကို ပုံစံ ၂၀ နဲ့ တင်သွင်းရမှာဖြစ်ပြီး စာရင်းတင်သွင်းခြင်းမရှိတဲ့…

Read More

ဂျပန်နိုင်ငံက တရုတ်ကိုတန်ပြန်ဖို့ စစ်အသုံးစရိတ် ဒေါ်လာ ၅၁ ဒသမ ၇ ဘီလီယံထိ စံချိန်တင်သုံးမယ်

တိုကျို၊ ဒီဇင်ဘာ-၂၁-၂၀၂၀ မျိုးဆက် (VOM) ဝန်ကြီးချုပ် ယိုရှီဟီဒီဆူဂါရဲ့ဂျပန်အစိုးရဟာ တရုတ်နိုင်ငံရဲ့ ကြီးထွားလာတဲ့ စစ်ရေးအင်အားကို တန်ပြန်ဖို့အတွက် ကိုယ်ပျောက်တိုက်လေယာဉ်နဲ့ သင်္ဘောဖျက် တာဝေးပစ်ဒုံးပျံတွေထုတ်လုပ်ရေး ရန်ပုံငွေအပါအဝင် စစ်ရေးအသုံးစရိတ် ကိုးနှစ်ဆက်တိုက်တိုးမြင့်မှုကို ဒီဇင်ဘာ ၂၁ ရက်မှာ အတည်ပြုလိုက်ပါတယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဟာ ဧပြီလမှစတင်မယ့် ဘဏ္ဍာရေးနှစ်အတွက် ဒေါ်လာ ၅၁ ဒသမ ၇ ဘီလီယံထိ ကာကွယ်ရေးအသုံးစရိတ်စံချိန်တင်ရရှိမှာဖြစ်ပြီး အခုနှစ်ထက် ၁ ဒသမ ၁ ရာခိုင်နှုန်း ပိုမိုများပြားပါတယ်။ ဝန်ကြီးချုပ် ဆူဂါဟာ အိမ်နီးချင်းတရုတ်နိုင်ငံအပါအဝင် အလားအလာရှိတဲ့ ရန်သူတွေကိုကာကွယ်ဖို့ ပိုမိုကောင်းမွန်တဲ့ စွမ်းရည်ရှိတဲ့ တိုက်လေယာဉ်၊ ဒုံးပျံနှင့်လေယာဉ်တင်သင်္ဘောသစ်တွေ တည်ဆောက်ဖို့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ အငြင်းပွားဖွယ်စစ်ရေးတိုးချဲ့မှုကို ဆက်လက်အကောင် အထည်ဖော်နေပါတယ်။ တရုတ်နိုင်ငံကလည်း သူ့ရဲ့ စစ်ရေးအသုံးစရိတ်ကို အခုနှစ်မှာ ၆ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ စီစဉ်နေပြီး…

Read More
VOM News

FREE
VIEW