ရခိုင်က မဟာမြတ်မုနိဘုရားကြီးမှာ အခုရက်ပိုင်း ဘုရားဖူးသူတွေ များပြားလာ

ဒီဇင်ဘာ ၁၆-၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်း စစ်ပွဲတွေဟာ ဒီဇင်ဘာလကစပြီး ရပ်တန့်နေတာကြောင့် ကျောက်တော်မြို့နယ်ရဲ့ ဓညဝတီမြို့ဟောင်းနယ်မြေအတွင်းက မဟာမြတ်မုနိ ဘုရားကိုလာဖူးတဲ့ ဘုရားဖူးခရီးသည်တွေ များပြားလာပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာက မဟာမြတ်မုနိဘုရားသို့လာ ရောက်ဖူးမျှော်တဲ့ဦးမောင်သိန်းချေက ” အရင်ကတော့ ဒီကို ဘုရားဖူးလာရတာ အခက်အခဲ အနည်းနဲ့ အများရှိပါတယ်။ ဌာနဆိုင်ရာ (၄) ခု (၅) လောက်က စစ်ဆေးပြီးမှ လာရပါတယ်။ အခုကတော့ ဒီ (၁၂) လ ပိုင်းမှာ နည်းနည်းပါးပါး လွတ်လပ်တဲ့အတွက်နဲ့ လာရောက်ခြင်း ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်၊ ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာတွေ စည်ကားသိုက်မြိုက်စွာနဲ့ ဆက်တိုက်ဆက်တိုက် တိုးတက်မြင့်မား သွားစေလိုတယ် ” လို့ ပြောပါတယ်။ ဘုရားဖူးခရီးသည်တွေကတော့ ရခိုင်ပြည်နယ်အတွင်း သာသနာ့အမွေထက် ဗုဒ္ဓအမွေအနှစ်ဖြစ်လို့ တန်ဖိုးထားမှုတွေနဲ့ လာရောက်ဖူးမမျှော်ရတာဖြစ်တယ်လို့ ပြောပါတယ်။…

Read More

ဟဲဟိုးလေဆိပ်ကို လေယာဉ်တွေ စတင်ဆိုက်ရောက်

ဒီဇင်ဘာ ၁၆-၂၀၂၀ နေနန်းနွယ်(VOM) ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဟဲဟိုးလေဆိပ်မှာ ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့ကစတင်ကာ လေယာဉ်တွေ စတင်ဆိုက်ရောက်တော့မှာဖြစ်ပြီး ဟဲဟိုးလေဆိပ် Departure- 2 လေဆိပ်ထွက်ခွာဆောင် ၂မှာလည်း လေယာဉ်တွေ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်ပါတယ်။ “ရှမ်းပြည်နယ်အတွင်းကို ဝင်လာတဲ့ ခရီးသည်တွေက ၃၆ နာရီအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပေးထားတဲ့ Covid-19 ရောဂါပိုးကင်းရှင်းကြောင်း ထောက်ခံချက်နဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က သတ်မှတ်ထားတဲ့ တောင်ကြီးမြို့၊ BH Hotelမှာ Hotel Quarantine ၇ ရက်ထိုင်ရမည်ဖြစ်ပါတယ်၊ အဲ့ဒီ ခရီးသည်တွေကို ဟဲဟိုးလေဆိပ်ကနေ BH Hotelကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက စီစဉ်ထားတဲ့ မော်တော်ယာဉ်နဲ့ ပို့ဆောင်သွားမှာဖြစ်ပါတယ်၊ ရှမ်းပြည်နယ်အတွင်းကနေ အခြားဒေသတွေကို လေယာဉ်နဲ့ သွားမယ်ဆိုရင် ခရီးသည်တွေက လေယာဉ်လက်မှတ်ပြပြီး စဝ်စံထွန်းဆေးရုံ၊ အေးသာယာတိုက်နယ်ဆေးရုံ၊ ကလောမြို့အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်‌တွေမှာ တစ်ဦးကို…

Read More

ကောလဟာလတွေနဲ့ သတင်းအမှားတွေကို သတိထားဖို့

သတင်းမှန်၊ မှား သတိထားဖို့ အချက်များ ” Covid-19 ကာလမှာ ကောလဟာလတွေနဲ့ သတင်းအမှားတွေကို သတိထားဖို့ အရမ်းအရေးကြီးပါတယ်..” ကိုဗစ် ၁၉ နှင့်ပတ်သက်၍ အများပြည်သူ စိုးရိမ်ထိတ်လန့်စေသည့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုရ (ဒေသန္တရအမိန့်) လူမှုကွန်ယက်စာမျက်နှာတွင် လူများ၏ အကြောက်တရားကို အခြေခံပြီး စိတ်ဝင်စားမှု များများရအောင် လုပ်ကြံဖန်တီးဖြန့်ဝေသည့် သတင်းအမှားများ ယခုလို ကပ်ရောဂါဘေးကာလတွင် အများအပြား ရှိနေတာကြောင့် ဖန်တီးဖြန့်ဝေသူများကို အရေးယူနိုင်မည့် ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားပါတယ်။ သတင်းမှားတွေကနေ ရောဂါကာကွယ်ရေးအသိလွဲမှားကာ ရောဂါကူးစက်ခံရနိုင်တာကြောင့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုဘဲ မိမိနှင့် ပတ်ဝန်းကျင်ကို COVID 19 ဘေးမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ သတင်းတစ်ပုဒ်ကို မျှဝေတော့မယ်ဆိုရင် သတင်းရေးသူကို စိစစ်ပါ။ ခေါင်းစဉ်တစ်ခုတည်းကိုပဲ မဖတ်ပါနဲ့။ သတင်းကို အစအဆုံးဖတ်ပါ။ သတင်းထုတ်ဝေတဲ့ နေ့စွဲကို စစ်ပါ။ အလားတူဖြစ်ရပ်ကို…

Read More

လောင်းကစားလုပ်ငန်းတွေကို ဒေသခံအချို့နဲ့ ရာအိမ်မှူး/ဆယ်အိမ်မှူးတွေက ပူးပေါင်းလုပ်ကိုင်နေ

ဒီဇင်ဘာ ၁၆-၂၀၂၀ သူရိန်(VOM) ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာ တရားမဝင်လောင်းကစားလုပ်ငန်း‌တွေကို ဒေသခံအချို့နဲ့ ကျေးရွာ ရာအိမ်မှူး/ဆယ်အိမ်မှူး‌တွေကပါ ပူးပေါင်းလုပ်ကိုင်နေကြတဲ့အတွက် ဖမ်းဆီးရေးလုပ်ငန်းတွေမှာ အခက်အခဲရှိနေတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်က ပြောပါတယ်။ ” ကျေးရွာတွေမှာရှိတဲ့ နှစ်လုံးထီ၊ သုံးလုံးထီ၊ ချဲ၊ ဖဲတွေကို တင်းတင်းကြပ်ကြပ် အရေးယူပေးဖို့ တင်ပြဖူးပါတယ်။ တင်ပြခဲ့တော့ ဒီနေရာမှာ ဖြစ်နေတာက ရာအိမ်မှူး/ဆယ်အိမ်မှူးတွေရှိတယ်လေ၊ ၁၀ အိမ် တစ်ယောက်၊ အိမ် ၁၀၀ တစ်ယောက်ရှိတယ်လေ။ အဲ့ဒီပုဂ္ဂိုလ်တွေနဲ့ လောင်းကစားသမားတွေနဲ့က ပေါင်းပြီးတော့ အကြံအဖန်တွေလုပ်နေကြတော့ တော်ရုံတန်ရုံသွားဖမ်းတော့ မိတာလည်းရှိတယ်၊ မမိတာလည်းရှိတယ်”လို့ဝါးခယ်မမြို့နယ် အမှတ်-၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်က ပြောပါတယ်။ ဒီလောင်းကစားဝိုင်းတွေရှိနေတာက အောက်ခြေအုပ်ချုပ်ရေးအဖွဲ့အစည်းတွေဖြစ်တဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး ၊ဆယ်အိမ်မှူးတွေက ပူးပေါင်းလုပ်ကိုင်နေတာဖြစ်ပြီး အခုလိုမျိုး လုံးဝမရှိအောင်ဆောင်ရွက်ပေးဖို့လိုသလို ပြည်သူတွေဘက်ကလည်း ပူးပေါင်းပါဝင်ဖို့လိုတယ်လို့ ဦးဌေးအောင်ကပြောပါတယ်။ ”ဘာဖြစ်လို့ မမိတာလည်းဆိုတော့ ဟိုက…

Read More

တပ်မတော်နဲ့ နိုင်ငံတော်ကို အားကိုးချင်တယ်ဆိုတဲ့ ရခိုင်ကစစ်ဘေးဒုက္ခသည်တွေ

ဒီဇင်ဘာ ၁၆-၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးကြရတဲ့အထဲမှာ မြောက်ဦးမြို့နယ်က ပြည်သူတွေလည်းပါဝင်ပြီး အပြစ်မဲ့ပြည်သူ သောင်းနဲ့ချီ စစ်ဘေးရှောင်ဘဝကို ရောက်ခဲ့ကြရပါတယ်။ ပြည်တွင်း စစ်ရေပဋိပက္ခတွေအတွင်းမှာ ကျေးရွာတွေမီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် ရွာလုံးကျွတ်နီးပါး မီးလောင်တိုက်ထဲပါသွားတဲ့ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာက ဒေသခံတွေဟာလည်း လက်ရှိမှာ စစ်ပွဲတွေရပ်နေပေမယ့် နေအိမ်တွေ မီးရှို့ခံရတဲ့အထဲပါသွားလို့ နေရပ်ပြန်ဖို့ ခက်ခဲနေကြတယ်လို့ ပြောပါတယ်။ မြောက်ဦးမြို့နယ်၊ အောက်သားကန်ကျေးရွာက စစ်ဘေးသင့်ပြည်သူတစ်ဦးဖြစ်တဲ့ ဒေါ်ကြည်ကြည်ဌေးကတော့ ” လက်ရှိမှာ တိမ်ညိုစစ်ဘေးရှောင်စခန်းမှာ ခိုလုံနေရတယ်၊ စစ်ပွဲတွေရပ်နေပေမယ့် နေအိမ်တွေမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှု ဒဏ်တွေကြောင့် ပျက်စီးမှုတွေရှိနေလို့ မပြန်နိုင်သေးဘူး၊ ဒေသတည်ငြိမ်အေးချမ်းပြီး လုံးဝငြိမ်းချမ်းသွားမှ ရွာပြန်ဖို့ ဆန္ဒရှိတယ်၊ ပြည်သူတွေအနေနဲ့ တပ်မတောနဲ့ နိုင်ငံတော်ကို အားကိုးချင်တယ်”လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ (၂) သိန်း (၃) သောင်းနီးပါးရှိကြောင်း အရပ်ဖက်စာရင်းတွေအရသိရပြီး…

Read More

တတိယ လွှတ်တော်သက်တမ်းမှာ မပါတော့တဲ့ ကိုယ်စားလှယ်တွေ ဧည့်ရိပ်သာကနေဖယ်ပေးဖို့ အကြောင်းကြား

ဒီဇင်ဘာ ၁၆-၂၀၂၀ ကိုထွန်း(VOM) တတိယအကြိမ်လွှတ်တော်သက်တမ်းမှာ ပြန်လည်ရွေးချယ်ခြင်းမခံရတော့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ စည်ပင်ဧည့်ရိပ်သာကနေ ဒီဇင်ဘာ(၂၂) ရက်နေ့ နောက်ဆုံးထားဖယ်ရှားပေးဖို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အကြောင်းကြားလာတယ်လို့ သိရပါတယ်။ ပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ်ပေါင်း (၁၀၆)ဦးဟာ တတိယအကြိမ်လွှတ်တော်သက်တမ်းမှာ ပါဝင်ခြင်းမရှိတော့တဲ့အတွက်ဒီဇင်ဘာ (၁၇)နေ့ကနေ (၂၂)ရက်နေ့အတွင်း စည်ပင်ဧည့်ရိပ်သာက ပစ္စည်းတွေပြောင်းရွှေ့ပေးဖို့ မေတ္တာရပ်ခံစာပို့ထားတာဖြစ်ပြီး အတင်းအကြပ်ပြောင်းရွှေ့ခိုင်းတာမဟုတ်ကြောင်း ရွေးချယ်ခြင်းမခံရတော့တဲ့ ကိုယ်စားလှယ်အသိုင်းအဝိုင်းကနေ ကြားသိရပါတယ်။ ပြောင်းရွှေ့ရမည့်ကိုယ်စားလှယ်(၁၀၆)ဦးမှာ စည်ပင်ဧည့်ရိပ်သာမှာနေထိုင်ပေမယ့်လည်း ၂၀၂၀ရွေးကောက်ပွဲမှာ ဝင်မပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ဝင်ရောက်ယှဉ်ပြိုငိပေမယ့်လည်း အနိုင်မရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ ဒေသတွေက ကိုယ်စားလှယ်တွေပါဝင်ကြောင်း သိရပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း အကြောင်းကြားစာများပေးပို့ထားပေမယ့် အခုချိန်က ခရီးသွားလာလို့မကောင်းတဲ့အတွက် ပစ္စည်းတွေလာသိမ်းဖို့မလွယ်သေးလို့ ဘယ်လိုစီစဉ်ပေးမလဲဆိုတာကို စောင့်နေပါတယ်လို့ “ရခိုင်အမျိုးသားပါတီ၊ ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေကပြောပါတယ်။ ပထမအကြိမ်လွှတ်တော်သက်တမ်းကာလကစပြီး နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာ NLD၊ ကြံ့ခိုင်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်တွေ ၊တပ်မတော်သားလွှတ်တော်ကိုယ်စားတွေမှအပ ကျန်တဲ့နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်တွေဟာ နေပြည်တော်စည်ပင်ဧည့်ရိပ်သာ(၂)မှာ နေထိုင်ကြပြီး တစ်ရက်သတ်မှတ်ကြေး(၅၂၅၀)ပေးသွင်းရတယ်လို့…

Read More

ထီလက်မှတ်ကို အစိမ်းနုရောင် နဲ့ ပြောင်းထုတ်မယ်

ဒီဇင်ဘာ ၁၅-၂၀၂၀ ယဉ်ပပထွန်း (VOM) ၂၀၂၁ ခုနှစ် ဇန်နဝါ ၊ ဖေဖော်ဝါရီ နဲ့ မတ်လ အဲ့ဒီ ၃လမှာ ရောင်းချပေးမယ့် ထီလက်မှတ်တွေရဲ့ အောက်ခံအရောင်ကို အစိမ်းနုရောင်နဲ့ ပြောင်းလဲထုတ်ဝေသွားမှာဖြစ်ပါတယ်လို့ ဒီနေ့မှာပဲ အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်ထားတာဖြစ်ပါတယ် ။ “ကျွန်တော်တို့ကို ဝါဇီဘက်က ဒီလိုတွေ ရိုက်နှိပ်ထုတ်ဝေထားတယ်လို့ အကြောင်းကြားလာတာပါ ။ ဒါကြောင့် ဒီကံစမ်းတဲ့ပြည်သူတွေသိအောင်လို့ ကျွန်တော်တို့က ထုတ်ပြန်ပေးတာပါ။ တခြားဘာအကြောင်းအရာမှတော့မရှိပါဘူး ။ ဟိုဘက်ကနေထုတ်ပြန်တဲ့အတွက် ဒီလောက်ပဲ ပြောလို့ရတာပါ“လို့ အောင်ဘာလေသိန်းဆုဌာနခွဲက ညွှန်ကြားရေးမှူး ဦးညီညီလှှိုင်က ပြောပါတယ် ။ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၊ ဖေဖော်ဝါရီ နဲ့ မတ်လ ၁ ရက်နေ့မှ စတင်ရောင်းချမယ့် ၂၄ ၊ ၂၅ ၊ ၂၆ ကြိမ်မြောက် အောင်ဘာလေထီစာအုပ်တွေရဲ့ လုံခြုံမှုအရည်အသွေးပိုမိုကောင်းမွန်ရန်…

Read More

၂၀၂၀ ခုနှစ်မှာ ထောင်ချခံရတဲ့ သတင်းသမားအရေအတွက် စံချိန်တင်

နယူးယောက်၊ ဒီဇင်ဘာ-၂၀၂၀ မျိုးဆက် (VOM) ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအပေါ် အစိုးရတွေရဲ့ တုံ့ပြန်မှုတွေနဲ့ လူထုအုံကြွမှုတွေမှာ သတင်းထောက်တွေရဲ့ သတင်းရယူတာတွေအပေါ် သက်ဆိုင်ရာအစိုးရတွေရဲ့ ဖိနှိပ်မှုတွေကြောင့် ၂၀၂၀ ခုနှစ်အတွင်းမှာ ထောင်ချခံခဲ့ရတဲ့ သတင်းထောက်အရေအတွက် စံချိန်တင်ခဲ့တယ်လို့ သတင်းသမားကာကွယ်ရေးကော်မတီက ဒီဇင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ဒီဇင်ဘာ ၁ ရက်နေ့အထိ ထောင်ကျနေတဲ့ သတင်းသမားဦးရေဟာ ၂၇၄ ဦးထက်မနည်းရှိနေပြီး ယမန်နှစ်က ၂၅၀ ဦးသာရှိခဲ့ပါတယ်။ ဒီအရေအတွက်ဟာ နယူးယောက်အခြေစိုက် ဂျာနယ်လစ်ကာကွယ်ရေးကော်မတီက ၁၉၉၀ပြည့်နှစ် အစောပိုင်းကာလတွေမှာ အချက်အလက်တွေစတင် ပြုစုကတည်းက စံချိန်တင်အရေအတွက်ဖြစ်ပါတယ်။ သတင်းသမားတွေဖမ်းဆီးခံရတဲ့ ဖြစ်ရပ်အများစုကတော့ ဆန္ဒပြမှုတွေနဲ့ နိုင်ငံရေးတင်းမာမှုတွေကြောင့်ဖြစ်ပြီး တရုတ်၊ တူရကီ၊ အီဂျစ်၊ ဆော်ဒီအာရေဗျတို့မှာ ဖမ်းဆီးမှုတွေ အများဆုံးဖြစ်ပွားခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာလည်း အာဏာရှင်ခေါင်းဆောင်တွေဟာ သတင်းသမားတွေကို ဖမ်းဆီးခြင်းအားဖြင့် သတင်းတွေကိုထိန်းချုပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အကျဉ်းထောင်ထဲမှ…

Read More

ရန်ကုန်ကနေ လေယာဉ်စီးမယ့် ခရီးသွားတွေကို ကိုဗစ်ပိုးရှိ၊မရှိ စတင်စစ်ဆေးပေး

ဒီဇင်ဘာ ၁၅-၂၀၂၀ သိင်္ဂီထွန်း (VOM) ရန်ကုန်တိုင်းကနေ လေယာဉ်လိုက်ပါစီးနင်းမယ့် ခရီးသည်တွေကို ဒီကနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီး ကိုဗစ်ပိုးရှိ၊မရှိ ဓါတ်ခွဲနမူနာစစ်ဆေးမှုကို နေရာနှစ်ခုမှာ လုပ်ဆောင်ပေးနေပြီဖြစ်ပါတယ်။ ကျောက်တံတားမြို့နယ် ၊ ဆူးလေဘုရားလမ်းရှိ Tourist Burma အဆောက်အဦး နဲ့ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းက ဒေသန္တရကျန်းမာရေးဌာနမှာ ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးပေးနေတာဖြစ်ပါတယ်။ “အမတို့ သားအမိက ဟဲဟိုးကိုသွားမှာ အလုပ်ကိစ္စပေါ့။ လက်မှတ်ဖြတ်ပြီးပြီဆိုတော့ ဆေးစစ်ဖို့ သွားနေတာပါ၊ ဆေးစစ်ခ ကုန်ကျစရိတ်က မိမိဘာသာကုန်ကျခံရတယ်လို့ သိရတယ်။ ဟိုရောက်ရင် Qဝင်ရမလား ၊မဝင်ရဘူးလားဆိုတာတော့ မသိရသေးဘူး။ hotel ကွာရန်တင်း ပဲနေရမလား တစ်ခုခုပေါ့”လို့ လေယာဉ်နဲ့ခရီးသွားမယ့် ဒေါ်သန္တာစိုးကပြောပါတယ်။ ကိုဗစ်ပိုးရှိမရှိ ဆေးစစ်မယ့်သူတွေကို ဝယ်ယူထားတဲ့ လေယာဉ်လက်မှတ်နှင့်အတူ နိုင်ငံသားစိစစ်ရေးကဒ်ပြား (သို့မဟုတ် ) အခြားသက်သေခံအထောက်အထားနဲ့ (၆)လအတွင်းရိုက်ကူးထားတဲ့ ဓါတ်ပုံ(၁)ပုံ ယူဆောင်လာမှသာ စစ်ဆေးပေးမှာဖြစ်ပါတယ်။လေယာဉ်ခရီးစတင်မထွက်ခွာမီ…

Read More

သထုံမှာ သစ်သီးကားတိမ်းမှောက်ပြီး အခြားယာဉ်၂ စီးကိုဆင့်တိုက်၊တစ်ဦးသေဆုံး ၃ဦးဒဏ်ရာရ

ဒီဇင်ဘာ ၁၅-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျိုက္ကော်ရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်လမ်းပေါ် မှာ မနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့ ညပိုင်းက သစ်သီးတင်ကား တိမ်းမှောက်ပြီး အခြားယာဉ် ၂ စီးကို ဆင့်တိုက်ရာကနေ အမျိုးသား တစ်ဦး သေဆုံးကာ၊ လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သထုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ ” ည ၇ နာရီ ၁၅ မိနစ်လောက်မှာဖြစ်ပွားခဲ့တာပါ။ အခင်းဖြစ်နေရာမှာ သစ်သီးကားစပါယ်ယာသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၃ ဦးမှာ တစ်ဦး စိုးရိမ်ရတယ်”လို့ သထုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဖြစ်စဉ်ကတော့ ရန်ကုန်- မော်လမြိုင်ကားလမ်းအတိုင်း သထုံဘက်ကနေ ဘီးလင်းဘက်ကို အမျိုးသား ၃ဦး မောင်းနင်လိုက်ပါလာတဲ့ သစ်သီးတင် မစ်ဆူဘီရှီအမျိုးအစား (၆) ဘီးယာဉ်ဟာ အခင်းဖြစ်နေရာအရောက် အရှိန်လွန်တိမ်းမှောက်ပြီး တစ်ဘက်လမ်းကြောပေါ်ရောက်ရှိခဲ့တာကြောင့် မျက်နှာချင်းဆိုင်ကလာတဲ့…

Read More
VOM News

FREE
VIEW