ရွှေနဂါးဓာတ်မြေသြဇာ အပြီးပိတ်သိမ်းရေး Green Bike အဖွဲ့က စက်ဘီးစီး ကမ်ပိန်းပြုလုပ်

ဇန်နဝါရီ ၃-၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်ရှိ မြန်မာ့ရွှေနဂါးဓာတ်မြေသြဇာစက်ရုံ
မှ စွန့်ပစ်ပစွည်းတွေကြောင့် လေထုညစ်ညမ်းမှုနဲ့ သောက်သုံးရေကန်တွေ ညစ်ညမ်းမှုဖြစ်ပေါ်ခဲ့လို့ ကျေးရွာနေပြည်သူတွေ ဒုက္ခရောက်နေရတဲ့အတွက် Green Bikeစက်ဘီးစီးအဖွဲ့က ဒီကနေ့မနက်ပိုင်းမှာ ရန်ကုန်ကနေ တွံတေးအထိ စက်ဘီးစီးကာ ကမ်ပိန်းပြုလုပ်ခဲ့ပါတယ်။

Green Bikeအဖွဲ့မှ ဦးဆောင်သူ ကိုဟိန်းရာဇာက “သဘာဝပတ်ဝန်
းကျင်ထိန်းသိမ်းရေးနဲ့ ဓာတ်မြေသြဇာရဲ့ဆိုးကျိုးတွေ ပြည်သူတွေသိအောင်ရယ်၊ ရွှေနဂါးဓာတ်မြေသြဇာစက်ရုံ အပြီးပိတ်သိမ်းရေးရယ်ကို ရည်ရွယ်ပြီး ကမ်ပိန်းပြုလုပ်တာပါ”လို့ VOMကိုပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစတင်ပြီး တွံတေးမြို့နယ်၊ ထန်းတပင်ကျေးရွာမှာ တည်ရှိတဲ့ ရွှေနဂါးဓာတ်မြေသြဇာထုတ်လုပ်ရေးစက်ရုံကနေ စွန့်ပစ်ပစွည်းတွေကြောင့် အနီးရှိ ကန်ပတ်ကျေးရွာမှာ လေထုညစ်ညမ်းမှု၊ကျေးရွာရှိ သောက်သုံးရေကန်တွေ ညစ်ညမ်းမှုတို့ကြောင့် စက်ရုံပိတ်သိမ်းပေးဖို့ ရွာသားတွေက တောင်းဆိုခဲ့ကြတယ်လို့ ကန်ပတ်ရိုးကျေးရွာမှ ဦးကျော်ဇယျက VOMကိုပြောပါတယ်။

“ပြသာနာက စက်ရုံကထုတ်တဲ့ စွန့်ပစ်ပစွည်းတွေက အနံ့တောင်မခံနိူင်ဘူး။ ဘယ်လိုမှ နေလို့မရတာ၊ အခုဆို ရေကန်တွေပါ သုံးမရလို့ သောက်ရေဝယ်သုံးနေရတယ်”လို့ ဦးကျော်ဇေယျက ပြောပါတယ်။

ရွာသားတွေနဲ့ ရွှေနဂါးစက်ရုံပိုင်ရှင်တို့အကြား အခြေအနေတင်းမာလာတာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေ ၊မြို့နယ်တာဝန်ရှိသူတွေ ၊စက်ရုံပိုင်ရှင်၊ကျေးရွာပြည်သူတွေနဲ့ ဒီဇင်ဘာ ၂၉ရက်နေ့ကတွေ့
ဆုံခဲ့ပေမယ့် ထူးခြားမှုတစ်စုံတစ်ရာ မရရှိခဲ့ဘူးလို့ ကုလားတန်းသုံးအိမ်အုပ်စုကျေးရွာအုပ်ချုပ်ရေးမှူး ဦးမိုးက VOMကိုပြောပါတယ်။

“လက်ရှိအခြေအနေမှာတော့ ရေနမူနာ စစ်ထားတယ်၊ အဖြေတော့ မရသေးဘူး။ ပြည်သူ့ပါတီက ကိုရဲဝင်းထွဋ်တို့ ဆောင်ရွက်နေတာပါ။အဖြေရရင်တော့ တစ်မျိုးစဉ်းစားရမှာပေါ့”လို့ ဦးမိုးကပြောပါတယ်။

ရွှေနဂါးဓာတ်မြေသြဇာထုတ်လုပ်ရေးစက်ရုံက ထွက်လာတဲ့ စွန့်ပစ်ရေဆိုးတွေကို မြို့နယ်ကျန်းမာရေးနှင့်သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးမှ ဓာတ်ခွဲခန်းတစ်ခုကိုပေးပို့ထားရာ မြို့နယ်ကျန်းမာရေးက ထွက်
လာတဲ့အဖြေမှာ စက်ရုံဘက်ကရှိနေတာကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေးက အဖြေကိုသာစောင့်ဖို့လိုအပ်ကြောင်း ပြည်သူ့ပါတီမှ တိုင်းအတွင်းရေးမှုး ကိုရဲဝင်းထွဋ်က VOMကိုပြောပါတယ်။

“ဒီလိုစက်ရုံမျိုးက လိုင်စင်သက်တမ်းနဲ့ လည်ပတ်ရတာ။ အထူးသဖြင့် ဒေသခံ ပြည်သူလူထုရဲ့ သဘောထားမပါဘဲနဲ့ စက်ရုံတွေက လည်ပတ်ခွင့် မရှိဘူး။ ဒီလိုစက်ရုံမျိုးက အဆိပ်သင့်ပစ္စည်း၊ ဓာတုပစ္စည်းတွေ ထွက်ရှိတဲ့ စက်ရုံမျိုးတွေ၊ ဒေသခံသဘောထားမပါဘဲနဲ့ ဌာနဆိုင်ရာ အဆင့်ဆင့်နဲ့ ခွင့်ပြုလိုက်တဲ့ ဇစ်မြစ်ကို စစ်ဆေးဖော်ထုတ်သွားမှာပါ။ နိုင်ငံတော်မှာ ဥပဒေတွေ ရှိပါတယ်။ ဒီဥပဒေတွေအတိုင်း စိစစ်ဆောင်ရွက်ပြီး စက်ရုံပိတ်သိမ်းရေးကို ဆက်လက်ဆောင်ရွက်သွားမှာပါ”လို့ ကိုရဲဝင်းထွဋ်က ပြောပါတယ်။

ဒီကနေ့မနက်မှာတော့ Green Bike စက်ဘီးအဖွဲ့က စက်ဘီးစီးသူ ၄၅ဦးခန့်ဟာ အင်းစိန်ပန်းခြံကနေ စတင်ထွက်ခွာပြီး ပန်းဆိုးတန်းဆိပ်ကမ်းမှာ လူစုကာ ဒလကိုဇက်ဖြင့်ကူး၊ ဒလ ကနေ တွံတေးတံတားလမ်းဆုံး၊ တွံတေးတူးမြောင်းဘေးလမ်းအတိုင်းသွားကာ ရေဆိုးပြဿနာဖြစ်တဲ့ ကန်ပတ်ရိုးရွာကိုဝင်လေ့လာခဲ့သလို ဓာတ်မြေသြဇာအန္တရယ်နဲ့ပတ်သတ်တဲ့ အသိပညာတွေကို ရွာသားတွေအား ပြောပြခဲ့ကြတယ်လို့ သိရပါတယ်။

Photo – Green Bike
#voiceofmyanmar #VOM #တွံတေး #ရွှေနဂါးမြေသြဇာဖျက်သိမ်းရေး #စက်ဘီးစီးကမ်ပိန်း

Related posts

Leave a Comment

VOM News

FREE
VIEW