သစ်တင်တဲ့ကား တိမ်းမှောက် လူ ၄ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ

ဇန်နဝါရီ ၅-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အနောက်ဘက်၊ ဖြူးချောင်းဆည်အဆင်းလမ်းပေါ်မှာ ဒီကနေ့ မနက်အစောပိုင်းက သစ်တင်လာတဲ့ ကားတစ်စင်းတိမ်းမှောက်ရာကနေ အမျိုးသား ၄ ဦး သေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖြူးမြို့မရဲစခန်းကနေ သိရပါတယ်။

” အခင်းဖြစ်နေရာမှာ သေဆုံးတာ ၄ ဦးဖြစ်ပြီး ယာဉ်မောင်းအပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရပေမယ့် မစိုးရိမ်ရဘူး။ ဣတ္ထိပါလတောင်တက်လမ်းအတိုင်း ဆင်းလာချိန် မှောက်တာပါ”လို့ ဖြူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အသက် (၂၃နှစ်) အရွယ် အမျိုးသား မောင်းလာတဲ့ ယာဉ်ပေါ်မှာ အသက် ၁၉ နှစ် ကနေ အသက် ၅၆ နှစ်အရွယ်ကြား သစ်လုပ်သားနဲ့ ယာဉ်နောက်လိုက် ၉ ဦးလိုက်ပါလာပြီး ပျဉ်းကတိုးသစ် တန်ချိန်သုံးတန်ကျော် တင်ဆောင်လာတဲ့ ဖောကာအပြာရောင်ဟာ အဆင်လမ်းမှာတိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူတွေအနက် အသက် (၄၃ နှစ်) အမျိုးသား ၊ အသက် (၃၆ နှစ်)အမျိုးသား၊ အသက် (၅၂နှစ်)အမျိုးသားနဲ့ အသက် (၃၈ နှစ်)အမျိုးသားတို့ပေါက်ပြဲဖူးယောင်ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တာဖြစ်တယ်လို့ ဖြူးမြို့နယ်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

အမှုနဲ့ပတ်သက်လို့ ယာဉ်မောင်းနင်သူကို ဖြူးမြို့မရဲစခန်းမှ ယာဉ်(ပ) ၁/၂၀၂၁၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၀၄(က)/၃၃၇/၃၃၈ တို့နဲ့အ
မှုဖွင့်ထားတယ်လို့ သိရပါတယ်။

#voiceofmynmar #VOM #ဖြူး #သစ်တင်ကားမှောက် #လူလေးဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW