သမ္မတရွေးကောက်ပွဲ ရှုံးနိမ့်မှု ဒေါ်နယ်ထရန့် ပထမဆုံးအကြိမ်ဝန်ခံ၊ အာဏာလွှဲပြောင်းရေး ဆောင်ရွက်မယ်

ဝါရှင်တန်၊ ဇန်နဝါရီ ၈-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ထောက်ခံသူတွေက ကွန်ဂရက်ကိုဝင်ရောက်စီးနှင်းမှုအပေါ် ကမ္ဘာ့နိုင်ငံတွေက ပြစ်တင်ရှုတ်ချပြီးနောက် တစ်ရက်အကြာမှာတော့ အာဏာလွှဲပြောင်းရေး အစီအစဉ်အတိုင်း ဆောင်ရွက်သွားမယ်လို့ သမ္မတဒေါ်နယ်ထရန့်က ကတိပြုလိုက်ပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်မှုအဖြစ် ဒေါ်နယ်ထရန့်က သူ့ရဲ့ တွစ်တာအကောင့်ပိတ်ခံထားရခြင်းမှ ပြန်လည်အသုံးပြုချိန်မှာ ထုတ်ဖော်ရေးသားခဲ့ပါတယ်။

ရာထူးကနေ ဆင်းဖို့ ၁၃ ရက်အလိုမှာ ရာထူးကနေ ဖယ်ရှားဖို့ ထိပ်တန်းဒီမိုကရက်တစ်တွေက တောင်းဆိုနေချိန် ဒေါ်နယ်ထရန့်က အာဏာလွှဲပြောင်းရေးနဲ့ပတ်သက်ပြီး မှတ်ချက်ပြု ပြောဆိုလိုက်တာဖြစ်ပါတယ်။

မစ္စတာထရန့်ရဲ့ မှတ်ချက်ဟာ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲရှုံးနိမ့်မှုကို ပထမဆုံးအကြိမ် လူသိရှင်ကြားဝန်ခံလိုက်တာဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်နေကြပါတယ်။

ဒီမိုကရက်တစ်ကိုယ်စားပြု ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အနိုင်ရရှိမှုနဲ့ပတ်သက်ပြီး အသိအမှတ်ပြုဖို့ ဒေါ်နယ်ထရန့်က နိုဝင်ဘာလမှာ ငြင်းဆိုထားပြီး ဂျိုးဘိုင်ဒင်ရဲ့ အနိုင်ရရှိမှုဟာ ရွေးကောက်ပွဲမသမာမှုကြောင့်လို့ ပြောဆိုခဲ့ပါတယ်။

Ref : BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW