ဖလမ်းမြို့မှာ အိမ် ၆ လုံး မီးလောင်၊ လူ ၂ ဦးသေဆုံး

ဇန်နဝါရီ ၁၂ -၂၀၂၁
ကိုတိုကြီး (VOM)

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ဖာထောက်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ဖလမ်းနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းအောက်ဘက်၊ ဟားခါးမြို့အထွက်လမ်းမှာ ဒီကနေ့မနက် ၄ နာရီ ၃၀ မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

“မီးစတင်လောင်တာက ဒီမနက် ၄ နာရီ မိနစ် ၂၀ လောက်မှာဖြစ်တယ် ၊ မီးစတင်လောင်ကျွမ်းရတာက အပူပေးစက်ဟီတာက အပူလွန်ကဲပြီး ကူးစက်လောင်တာဖြစ်တယ် ၊ နေအိမ် ၅ လုံးက မီးလောင်ပျက်စီးတယ် နေအိမ် ၁ လုံးကတော့ မီးကူးဆက်မှုမရှိအောင် ဖျက်လိုက်တယ်”လို့ ချင်းပြည်နယ်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစာရုံမန်းက ပြောပါတယ်။

မီးစတင်လောင်တဲ့ နေအိမ်မှာ အသက် ၇၉ နှစ်အရွယ် အမျိုးသမီးကြီး ၁ ဦးနဲ့ အသက် ၅၀ ဝန်းကျင် မသန်စွမ်းအမျိုးသမီးကြီး ၁ ဦးတို့နေထိုင်ပြီး အဲ့ဒီအမျိုးသမီး ၂ ဦးစလုံးဟာ မီးလောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီမီးလောင်ကျွမ်းမှုကို ချင်းပြည်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းက သွားရောက်ပြီး ကူညီထောက်ပံ့ပေးတာတွေပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၉ ရက်ညပိုင်းကလည်း ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်မှာ နေအိမ် ၃ လုံး မီးလောင်ခဲ့ပြီး အသက် ၃၆ နှစ်အရွယ် အမျိုးသား ၁ ဦး မီးလောင်သေဆုံးခဲ့တဲ့ဖြစ်စဉ်လည်းဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

Photo – ဖလမ်းမီးသတ်တပ်ဖွဲ့
#voiceofmyanmar #VOM #ဖလမ်း #အိမ်ခြောက်လုံးမီးလောင် #လူနှစ်ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW