အမေရိကန်တစ်ဝန်းမှာ လက်နက်ကိုင်ဆန္ဒပြမှုတွေ ဖြစ်လာနိုင်တယ်လို့ FBI သတိပေး

ဝါရှင်တန်၊ ဇန်နဝါရီ ၁၂-၂၀၂၁
မျိုးဆက် (VOM)

ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင် ကျမ်းသစ္စာကျိန်ဆိုခြင်းမပြုမီ ရက်ပိုင်းအတွင်း အမေရိကန်တစ်ဝန်းမှာ လက်နက်ကိုင်ဆန္ဒပြမှုတွေ ဖြစ်ပွားလာနိုင်တယ်လို့ FBI က သတိပေးပြောဆိုလိုက်ပါတယ်။

ဂျိုးဘိုင်ဒင်ဟာ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ဝါရှင်တန်ဒီစီ၌ သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်ပြီး လက်နက်ကိုင်အုပ်စုတွေဟာ ပြည်နယ် ၅၀ ရှိ လွှတ်တော်တွေနဲ့ ဝါရှင်တန်ဒီစီမှာ စုဝေးဖို့ စီစဉ်ထားတယ်လို့ FBI ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမေရိကန်လွှတ်တော်ပြင်ပမှာ ကျမ်းသစ္စာကျိန်ဆိုဖို့အတွက် ကြောက်ရွံ့နေမှာမဟုတ်ဘူးလို့ မစ္စတာဘိုင်ဒင်က ဇန်နဝါရီ ၁၁ ရက်မှာ သတင်းထောက်တွေကိုပြောပါတယ်။

သူနဲ့အတူ ရွေးကောက်ခံဒု-သမ္မတ ကာမာလာဟားရစ်တို့ဟာ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်နေတဲ့ သမ္မတဒေါ်နယ်ထရန့်ကိုထောက်ခံသူအစွန်းရောက်တွေ လွှတ်တော်ကို ဝင်ရောက်စီးနှင်းခဲ့ပြီး သီတင်းနှစ်ပတ်အကြာမှာ အဲ့ဒီအဆောက်အအုံပြင်ပမှာ ကျမ်းသစ္စာကျိန်ဆိုဖွယ်ရှိနေပါတယ်။

ဇန်နဝါရီ ၂၀ ရက်မှာပြုလုပ်မယ့် ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် အထူးစစ်ဆင်ရေးတွေကိုစတင်ဖို့ အမေရိကန်ထောက်လှမ်းရေးဌာနကို ညွှန်ကြားထားတယ်လို့ အမိမြေလုံခြုံရေးဌာန ယာယီအကြီးအကဲ ချဒ်ဝုဖ်က ပြောဆိုပါတယ်။

Ref ; BBC
Photo:Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW