တရုတ်နိုင်ငံအရှေ့ပိုင်းမှာ ရေခဲမုန့်တွေထဲ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိ

ပေကျင်း၊ ဇန်နဝါရီ ၁၇-၂၀၂၁
မျိုးဆက် (VOM)

တရုတ်နိုင်ငံအရှေ့ပိုင်းက ရေခဲမုန့်ထုတ်ကုန်တွေမှာ ကိုရိုနာဗိုင်းရပ်စ်တွေကို စစ်ဆေးတွေ့ရှိခဲ့တာကြောင့် အဲ့ဒီအသုတ်က ရေခဲမုန့်တွေကို ပြန်လည်သိမ်းဆည်းခဲ့တယ်လို့ ထျန်ကျင်းမြို့တော် အစိုးရက ပြောပါတယ်။

မြို့တော်ပေကျင်းအနားက ထျန်ကျင်းမှာရှိတဲ့ The Daqiaodao Food Co., Ltd ကို လတ်တလောမှာ ပိတ်ထားပြီး ဝန်ထမ်းတွေကို ဗိုင်းရပ်စ်ကူးစက်မှုရှိ၊မရှိ စစ်ဆေးနေပါတယ်။

ဗိုင်းရပ်စ်တွေ့တဲ့ ရေခဲမုန့်ပုံးတွေနဲ့အတူ ထုတ်လုပ်ခဲ့တဲ့ မုန့်ပုံး ၂၉၀၀၀ ကတော့မရောင်းရသေးဘူးလို့ အစိုးရကပြောပါတယ်။

ထျန်ကျင်းမှာတော့ ရောင်းချနေတဲ့ မုန့်ပုံး ၃၉၀ ကိုရှာဖွေတွေ့ရှိခဲ့ပြီး ဒီရေခဲမုန့်တွေကို ရောင်းချခြင်းမပြုဖို့ အာဏာပိုင်တွေက သတိပေးမှုတွေပြုနေပါတယ်။

ရေခဲမုန့်မှာပါဝင်တဲ့ နို့မုန့်က နယူးဇီလန်နိုင်ငံကဖြစ်ပြီး ကျန်ပစ္စည်းတစ်မျိုးကတော့ ယူကရိန်းနိုင်ငံကလို့ မြို့တော်အစိုးရကပြောပါတယ်။

၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာ ဝူဟန်မြို့ကနေ ကိုရိုနာဗိုင်းရပ်စ်ကို တရုတ်အစိုးရက ပထမဆုံးအတည်ပြုပြီးနောက် ပြည်ပကနေတင်ပို့လာတဲ့ ပင်လယ်စာနဲ့ အခြားအစားအစာတွေမှာ ကိုရိုနာဗိုင်းရပ်စ်တွေကို တွေ့ရှိခဲ့တယ်လို့ တရုတ်နိုင်ငံက ပြောဆိုနေပြီး ဒီအပေါ်မှာ ပြည်ပကသိပ္ပံပညာရှင်တွေကတော့ သံသယရှိနေပါတယ်။

Ref : ABC News
Photo: iStock
#voiceofmyanmar #VOM #ပေကျင်း #ရေခဲမုန့် #ကိုဗစ်တွေ့

Related posts

Leave a Comment

VOM News

FREE
VIEW