အင်းစိန်မှာ ငြိမ်းစုစီမတင်ဘဲ တပ်မတော်ထောက်ခံပွဲလုပ်သူတွေ ဖမ်းဆီးခံရ

ဇန်နဝါရီ ၁၉ -၂၀၂၁
အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်း၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(GTI)ရှေ့၊ ပလက်ဖေါင်း မြက်ခင်းပြင်မှာ ဒီကနေ့မနက်ပိုင်းက ငြိမ်းစုစီမတင်ဘဲ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တပ်မတော်က သတင်းထုတ်ပြန်မှုကို ထောက်ခံကြောင်းပြုလုပ်ခဲ့ရာ ဦးဆောင်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

“တပ်မတော်က ပြည်သူနဲ့တစ်သားတည်းရှိနေတယ်။ တပ်မတော်ရဲ့ထုတ်ပြန်ချက်တွေဟာ ဒီမိုကရေစီတည်တံ့ရေးကိုဦးတည်နေတယ်၊ တပ်မတော်ရဲ့ သဘောထားထုတ်ပြန်ချက်တွေကို ကြိုဆိုတဲ့အနေနဲ့ အခုလိုပြုလုပ်ရခြင်းဖြစ်တယ်”လို့ ဆန္ဒထုတ်ဖော်ပွဲကိုဦးဆောင်သူ ဦးသိန်းဦးက ပြောပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ ငြိမ်းစုစီမတင်တဲ့အတွက် အင်းစိန်မြို့မရဲစခန်းက ရဲမှူးတစ်ဦးနဲ့ ဆန္ဒထုတ်ဖော်သူတို့ စကားအချေအတင်ဖြစ်ခဲ့ကြပါတယ်။

အဲ့ဒီပွဲကို ဦးဆောင်ပြုလုပ်တဲ့ ဦးသိန်းဦး နဲ့ ဝန်းရံသူ ၁၆ ဦးဟာ ” ဒီမိုကရေစီ တည်တံ့ရေး၊ ပြည်သူ့ဆန္ဒကို ဦးစားပေးပါ၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေပါသည်”စတဲ့ စာသားပါ ဆိုင်းဘုတ်တွေကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပါတယ်။

ခွင့်ပြုချက်မတင်ဘဲ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဦးသိန်းဦးကို ငြိမ်းစုစီဥပေ
အရ အရေးယူဆောင်ရွက်ဖို့ အင်းစိန်မြို့မရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

မနေ့ ဇန်နဝါရီ ၁၈ရက်ကလည်း ငြိမ်းစုစီမတင်ဘဲ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းနဲ့ ပါရမီလမ်းထောင့်မှာ UECကိုကန့်ကွက်ကြောင်း ဆ
န္ဒပြခဲ့တဲ့ ဦးဆောင်သူ ဒေါ်မြင့်ကြည်ကို မရမ်းကုန်းမြို့မရဲစခန်းက ငြိမ်းစုစီပုဒ်မ -၁၉နဲ့ အမှုဖွင့်ထားတယ်လို့ မရမ်းကုန်းမြို့မရဲစခန်းကနေ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #တပ်ထောက်ခံပွဲ #ရဲကဖမ်း

Related posts

Leave a Comment

VOM News

FREE
VIEW