ကိုဗစ် ကာကွယ်ဆေးထိုးပြီးရင် ဘာတွေ ဆောင်ရန် ရှောင်ရန် လိုအပ်မလဲ ?

နေပြည်တော်-ဇန်နဝါရီ ၂၆-၂၀၂၀
ကိုလတ် (VOM)

ဒီကနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၂ မှာ ပြုလုပ်ခဲ့တဲ့ လွှတ်တော်တက်ရောက်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေ၊ သတင်းမီဒီယာသမားတွေနဲ့ လွှတ်တော်အထောက်အကူပြုအဖွဲ့တွေကို ကိုဗစ် ပိုးရှိမရှိ စစ်ဆေးမှုလုပ်ခဲ့ပြီး ကျွမ်းကျင်သူတွေက ရှောင်ရန်ဆောင်ရန်တွေကို ရှင်းပြခဲ့ပါတယ်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန နေပြည်တော် တိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးက ကိုဗစ်ကာကွယ်ဆေးထိုးပြီးရင်လည်း ဆောင်ရန် ရှောင်ရန်တွေ လိုက်နာရမှာဖြစ်ပြီး အလုံးစုံ ရောဂါကင်းစင်စေတဲ့ ဆေးမျိုးတော့ မဟုတ်ဘူးလို့ ပြောပါတယ်။

“ကာကွယ်ဆေးထိုးပြီးရင်တော့ ကျွန်တော်တို့ပုံမှန် ရောဂါကာကွယ်ဆေး (၆) မျိုးထိုးသလိုပါပဲ။ အဲ့တော့ သတိထားပြီးနေရပါတယ်။ ဖျားလို့ရှိရင် နောက်ပြီး ခန္ဓာကိုယ်မှာယားယံတာတို့ ကိုက်ခဲတာတို့ဒါမျိုးဖြစ်ရင် ချက်ချင်းဟိုဟာဖြစ်တယ်။ ပထမဆုံးတစ်ရက်ကတော့ အိပ်ရေး၀၀ အိပ်ရပါတယ်။ ရေများများသောက်ရပါတယ်။ အစားကိုပုံမှန်လေးစားပေးရပါတယ်။ ကာကွယ်ဆေးတွေရဲ့ သဘောကတော့ အရက်တို့ ဆေးလိပ်တို့နဲ့ အဲ့ကာလမှာတော့ ရှောင်ထားတာတော့အကောင်းဆုံးပါပဲ။ ဒီကာကွယ်ဆေးက ကိုရိုနာဗိုင်းရပ်စ်အတွက် ကိုယ်ခံအားကိုတက်စေဖို့အတွက် ကျွန်တော်တို့ထိုးတာဖြစ်ပါတယ်”လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

အဲ့ဒီကာကွယ်ဆေးကို နှစ်ကြိမ်ထိုးနှံရမှာဖြစ်ပြီး ထိုးပြီး နောက်ပိုင်းမှာတော့ ကိုယ်ခံအားရှိလာကာ ရောဂါဝင်ရောက်မှုကို အတော်အတန် အဟန့်အတား ဖြစ်စေနိုင်မှုမျိုးသာဖြစ်တယ်လို့ လည်းဆိုပါတယ်။

#voiceofmyanmar #VOM #နေပြည်တော် #ကိုဗစ်ကာကွယ်ဆေး

Related posts

Leave a Comment

VOM News

FREE
VIEW