မောင်တောမှာ တစ်ဖက်နိုင်ငံက ဒုက္ခသည်တွေ ခိုးဝင်မှုရှိနေဆဲ

ဇန်နဝါရီ ၂၇ -၂၀၂၀ ထက်အောင်စိုင်း(VOM) ရခိုင်ပြည်နယ်အတွင်း ပြီခဲ့တဲ့ရက်ပိုင်းက တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေပြီး ခိုးဝင်မှုတွေ ဆက်ရှိနေတယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အခုလိုမျိုး တစ်ဖက်နိုင်ငံကနေ မောင်တောခရိုင်အတွင်း ခိုးဝင်မှုတွေ ရှိနေတဲ့အပေါ် ဒေသခံတွေအနေနဲ့ အလွန်စိုးရိမ်မှုတွေရှိနေကြောင်း မောင်တောမြို့နယ်တောင်ပိုင်း၊ အောင်သုခရွာကဒေသခံ ကိုကျော်ဆန်းမင်းက ပြောပါတယ်။ ” အဲ့ဒီ ခိုးဝင်တာက လက်ရှိ ရှိနေတာလား။ နဂိုကတည်းက မောင်တောဖက်က ထွက်ပြေးသွားတဲ့လူတွေ ပြန်ဝင်လာတာလား ပြောဖို့ခက်ပါတယ်။ နဂိုကတည်းက ကျနော်တို့မှာ စိုးရိမ်နေရတာ။ အခုလို တစ်ဖက်နိုင်ငံက ခိုးဝင်မှုတွေရှိနေတယ်ဆိုတော့ ဒေသခံတွေအနေနဲ့ စိုးရိမ်မှုက (၃)ဆလောက်တောင် တိုးပါတယ်။ ခိုးဝင်လာတာတွေကိုတော့ လုံခြုံရေးဆိုင်ရာ ဌာနဆိုင်ရာတွေအနေနဲ့ ထိထိရောက်ရောက်တားဆီးစေချင်တယ်”လို့ မောင်တောဒေသခံ ကိုကျော်ဆန်းမင်းက ပြောပါတယ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိတဲ့ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ နယ်စပ်ခြံစည်းရိုးတစ်လျှောက် လုံခြုံရေးဆောင်ရွက်နေချိန် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့က…

Read More

ရခိုင်က DMG သတင်းသမားတွေ ရဲစခန်းမှာ လာရောက်စစ်ဆေးခံ

ဇန်နဝါရီ ၂၆ -၂၀၂၁ ထက်အောင်စိုင်း(VOM) တပ်မတော်က တရားလိုလုပ်ပြီး အမှုဖွင့်ထားတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေအခြေစိုက် DMG သတင်းဌာနက သတင်းသမားနှစ်ဦးဟာ အမှုဖွင့်ခံရတဲ့ ရဲစခန်းမှာ ဒီကနေ့ ညနေ ၅ နာရီလောက်က လာရောက်စစ်ဆေးမှုခံယူခဲ့ပါတယ်။ လက်ရှိအချိန်ထိ စစ်တွေမြို့မ အမှတ်(၂)ရဲစခန်းမှာ အမှုကို စစ်ဆေးခံနေရတာပြီး စစ်ဆေးခံရတဲ့ သတင်းသမားတွေကတော့ DMGသတင်းဌာနက ဒု-တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံနဲ့ သတင်းထောက် မနှင်းနွယ်တို့ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့က တပ်မတော်မှ ဗိုလ်မှူး ဘုန်းမြင့်ကျော်က ဆက်သွယ်ရေးဥပဒေပုဒ်မ – ၆၆ (ဃ)နဲ့ စစ်တွေ အမှတ်(၂)ရဲစခန်းမှာ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ ရက်စွဲနဲ့ ကျောက်တော်မြို့နယ်၊ မာလာကျေးရွာက စပါးတွေကို တပ်မတော်က ယူဆောင်သွားတယ်လို့ ကျေးရွာသားတွေကပြောကြောင်း DMGသတင်းဌာနက…

Read More

Voice Of Myanmar ရဲ့ သတင်းစုံလင် မြန်ပြည်တခွင်ဇန်နဝါရီ ၂၆ ညနေခင်းအစီအစဉ်

ဇန်နဝါရီ၊ ၂၆- ၁- ၂၀၂၁ (VOM) – ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းစစ်ဆေးတွေ့ရှိချက်တွေကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ရှင်းလင်းပွဲပြုလုပ် – မဲ မသမာမှုတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမြန်ဆုံးစစ်ဆေးပေးဖို့ဆိုပြီး လူ ၃၀ ကျော်က ဆန္ဒပြ – ဦးဝီရသူကို ရုံးထုတ်စစ်ဆေးခွင့်မရမချင်း ဆန္ဒပြသွားမယ် – YDP ပါတီ တွဲဘက်အတွင်းရေးမှူး ဒေါ်မိုးမိုးခိုင်ကို အီလက်ထရောနစ်ဥပဒေနဲ့ ဖမ်းဆီး – ရခိုင်မှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးတော့မယ် – ကျောက်မဲက ပရဟိတအဖွဲ့ဝင် လူငယ်နှစ်ဦးသေနတ်နဲ့ ပစ်ခတ်ခံရ – ရွှေနဂါးဓာတ်မြေသြဇာစက်ရုံပိတ်သိမ်းရေးကိစ္စ ရန်ကုန်ဝန်ကြီးချုပ် ကိုယ်တိုင်ရှင်းပေးမယ် – အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ CID က ချမ်းမြသာစည်တရားရုံးမှာ ရမာန်ယူထားတဲ့အမှု တခြားတရားရုံးမှာ တရားစွဲ VOM သတင်းဌာနရဲ့ သတင်းတွေကို ဖေ့ဘုတ်ကနေကြည့်မယ်ဆိုရင် Voice of Myanmar လို့ ရှာဖွေကြည့်နိုင်သလို ယူကျုကနေ…

Read More

တရုတ်ရွှေတွင်းမှာ ပိတ်မိနေတဲ့ အလုပ်သမားတွေကို သေဆုံးလျှက်တွေ့ရှိ

ပေကျင်း၊ ဇန်နဝါရီ ၂၆-၂၀၂၁ မျိုးဆက်(VOM) တရုတ်နိုင်ငံ၊ ရှန်ဒေါင်းပြည်နယ်ရှိ ရွှေတွင်းမှာ သီတင်းနှစ်ပတ်ကြာပိတ်မိနေတဲ့ အလုပ်သမား ၁၁ ဦးကို ရှာဖွေတွေ့ရှိပြီးနောက် တစ်ရက်အကြာမှာ ပိတ်မိနေတဲ့ အခြားအလုပ်သမား ၉ ဦးကို သေဆုံးလျှက် ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အလုပ်သမားတွေသေဆုံးမှုနဲ့ပတ်သက်ပြီး ယန်တိုင်မြို့တော်ဝန်က အတည်ပြုခဲ့တယ်လို့ နိုင်ငံပိုင်စီစီတီဗီ သတင်းဌာနက ဖော်ပြပါတယ်။ လက်ရှိအချိန်မှာ အလုပ်သမားတစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး အခြားတစ်ဦးကတော့ သတိလစ်မေ့မျောကာ လွန်ခဲ့တဲ့သီတင်းပတ်က သေဆုံးခဲ့ပါတယ်။ အဲ့ဒီရွှေတွင်းမှာ ဇန်နဝါရီ ၁၀ ရက်နေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် ဝင်ပေါက်ပိတ်သွားပြီး အလုပ်သမားတွေပိတ်မိနေခဲ့တဲ့အတွက် သူတို့ထဲက ၁၁ဦးကို ဇန်နဝါရီ ၂၄ ရက်မှာ ကယ်တင်နိုင်ခဲ့ပါတယ်။ ဇန်နဝါရီ ၂၄ ရက်ကနေ ဒီကနေ့နေ့လယ်အထိ ကယ်ဆယ်ရေးသမားတွေဟာ ရှာဖွေတာတွေကို မရပ်မနားလုပ်ဆောင်ခဲ့ကြပြီး ကံအကြောင်းမလှစွာ သေဆုံးနေတဲ့ အလုပ်သမား ၉ ဦးရဲ့ အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ယန်တိုင်မြို့တော်ဝန်…

Read More

ရခိုင်မှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးတော့မယ်

ဇန်နဝါရီ ၂၆ -၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါကာကွယ်ဆေးရောက်ရှိနေတာဟာ ၃ရက်တာ ရှိနေပြီဖြစ်ကြောင်းနဲ့ ကာကွယ်ဆေး‌ရောက်ရှိနေတာနဲ့အညီမနက်ဖြန် ဇန်နဝါရီ ၂၇ရက်နေ့က စပြီး စတင်ထိုးနှံပေးသွားတော့မှာဖြစ်တယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က “ကျနော်တို့ကိုဗစ်ကာကွယ်ဆေးတွေထိုးဖို့ စီစဉ်နေတယ်။ မနက်ဖြန်ကစပြီး ထိုးဖို့စီစဉ်နေတယ်။ ကျန်းမာရေးဝန်ထမ်းတွေကို ပထမဦးစားပေး ထိုးသွားမှာပေါ့။ ဘာကြောင့်လည်းဆိုတော့ ကျန်းမာရေးဝန်ထမ်းတွေက လူနာတွေနဲ့ထိတွေ့နေရတယ်။ ေ ရာဂါကာကွယ်တားဆီးရေးအပိုင်းတွေမှာ လုပ်နေရတယ်။ ရခိုင်မှာကတော့ ဆရာတို့ ကျန်းမာရေးဝန်ထမ်းတွေအတွက် မှာထားတဲ့အရေအတွက်ကိုရထားတယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ၂၀ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောထားတာကလည်း ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုတွေကို ရှေ့တန်းက ကျန်းမာရေးဝန်ထမ်း၊ အဓိကကျတဲ့အစိုးရအဖွဲ့ဝင်တွေနဲ့ အမျိုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော်စတဲ့ ပြည်ထောင်စုအဆင့်လွှတ်တော်ကိုယ်စားလှယ်တွေကို အခုအပတ်အတွင်း ထိုးပေးသွားမှာဖြစ်တယ်လို့လည်း ပြောထားပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေးအမျိုးအစားသစ်ဟာ ဆေးနဲ့ပတ်သက်တဲ့ဝိသေသတွေ၊ အကြောင်းအရာတွေ၊ ကာကွယ်ဆေးထိုးတဲ့အခါဆောင်ရွက်ရမယ့်အချက်တွေ၊ နောက်ဆက်တွဲဖြစ်ပေါ်လာမယ့်ကိစ္စရပ်တွေ နဲ့ ဆက်စပ်ပြီး ဗဟိုအဆင့် မွမ်းမံဆရာဖြစ်…

Read More

အိန္ဒိယမှာ လယ်သမားသောင်းပေါင်းများစွာ ထွန်စက်တွေမောင်းနှင် ဆန္ဒပြနေ

ဒေလီ၊ ဇန်နဝါရီ ၂၆-၂၀၂၁ မျိုးဆက် (VOM) အိန္ဒိယသမ္မတနိုင်ငံထူထောင်တဲ့ နှစ်ပတ်လည်နေ့မှာ ဆန္ဒပြလယ်သမားသောင်းပေါင်းများစွာဟာ မြို့တော်ဒေလီမှာ လယ်ထွန်စက်တွေမောင်းနှင်ဆန္ဒပြမှုစတင်နေကြပါတယ်။ သူတို့ဟာ မြို့တော်နယ်နိမိတ်နားမှာ လအတန်ကြာဆန္ဒပြနေကြပြီး အစိုးရကနေ မကြာသေးမီက ဆောင်ရွက်ခဲ့တဲ့ လယ်ယာကဏ္ဍပြုပြင်ပြောင်းလဲမှုတွေကို ပြန်လည်ရုပ်သိမ်းဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။ ဇန်နဝါရီ ၂၆ ရက်မှာကျင်းပမယ့် သမ္မတနိုင်ငံထူထောင်ခြင်း အခမ်းအနားကို အနှောက်အယှက်မဖြစ်စေဘဲ လယ်သမားတွေ လယ်ထွန်စက်တွေ စုဖွဲ့မောင်းနှင်ဆန္ဒပြမှုကို အာဏာပိုင်တွေက ခွင့်ပြုပေးထားပါတယ်။ လယ်ယာကဏ္ဍပြုပြင်ပြောင်းမှုတွေကို ဆိုင်းငံပေးထားမယ်လို့ အိန္ဒိယ အစိုးရက ကမ်းလှမ်းခဲ့ပေမယ့်လည်း လယ်သမားတွေကတော့ ဒီကိစ္စကို အပြီးတိုင်ဖျက်သိမ်းဖို့ ဆန္ဒရှိနေကြပါတယ်။ ဒီနေ့ပြုလုပ်တဲ့ဆန္ဒပြပွဲဟာ လအတန်ကြာဆန္ဒပြမှုတွေထဲ့ နောက်ဆုံးတစ်ခုဖြစ်ပြီး လယ်သမားတွေရဲ့ ဆန္ဒပြမှုတွေဟာ အိန္ဒိယမှာဖြစ်ဖူးသမျှထဲမှာ အကြာရှည်ဆုံးဖြစ်ဖွယ်ရှိပါတယ်။ Ref: BBC Photo: Getty Images #voiceofmyanmar #VOM #ဒေလီ

Read More

အိန္ဒိယမှာ လယ်သမားသောင်းပေါင်းများစွာ ထွန်စက်တွေမောင်းနှင် ဆန္ဒပြနေ

ဒေလီ၊ ဇန်နဝါရီ-၂၆-၂၀၂၁ မျိုးဆက် (VOM) အိန္ဒိယသမ္မတနိုင်ငံထူထောင်တဲ့ နှစ်ပတ်လည်နေ့မှာ ဆန္ဒပြလယ်သမားသောင်းပေါင်းများစွာဟာ မြို့တော်ဒေလီမှာ လယ်ထွန်စက်တွေမောင်းနှင်ဆန္ဒပြမှုစတင်နေကြပါတယ်။ သူတို့ဟာ မြို့တော်နယ်နမိတ်နားမှာ လအတန်ကြာဆန္ဒပြနေကြပြီး အစိုးရကမကြာသေးမီက ဆောင်ရွက်ခဲ့တဲ့ လယ်ယာကဏ္ဍပြုပြင်ပြောင်းလဲမှုတွေကို ပြန်လည်ရုပ်သိမ်းဖို့ တောင်းဆိုနေကြပါတယ်။ ဇန်နဝါရီ ၂၆ ရက်မှာကျင်းပမယ့် သမ္မတနိုင်ငံထူထောင်ခြင်း အခမ်းအနားကို အနှောက်အယှက်မဖြစ်စေပဲ လယ်သမားတွေ လယ်ထွန်စက်တွေစုဖွဲ့မောင်းနှင်ဆန္ဒပြမှုကို အာဏာပိုင်တွေက ခွင့်ပြုပေးထားပါတယ်။ လယ်ယာကဏ္ဍပြုပြင်ပြောင်းမှုတွေကို ဆိုင်းငံပေးထားမယ်လို့ အိန္ဒိယ အစိုးရကကမ်းလှမ်းခဲ့ပေမယ့်လည်း လယ်သမားတွေကတော့ ဒီကိစ္စကို အပြီးတိုင်ဖျက်သိမ်းဖို့ ဆန္ဒရှိနေကြပါတယ်။ ဒီနေ့ပြုလုပ်တဲ့ဆန္ဒပြပွဲဟာ လအတန်ကြာဆန္ဒပြမှုတွေထဲ့ နောက်ဆုံးတစ်ခုဖြစ်ပြီး လယ်သမားတွေရဲ့ ဆန္ဒပြမှုတွေဟာ အိန္ဒိယမှာဖြစ်ဖူးသမျှထဲမှာ အကြာရှည်ဆုံးဖြစ်ဖွယ်ရှိပါတယ်။ Ref: BBC Photo: Getty Images  

Read More

ကိုဗစ် ကာကွယ်ဆေးထိုးပြီးရင် ဘာတွေ ဆောင်ရန် ရှောင်ရန် လိုအပ်မလဲ ?

နေပြည်တော်-ဇန်နဝါရီ ၂၆-၂၀၂၀ ကိုလတ် (VOM) ဒီကနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၂ မှာ ပြုလုပ်ခဲ့တဲ့ လွှတ်တော်တက်ရောက်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေ၊ သတင်းမီဒီယာသမားတွေနဲ့ လွှတ်တော်အထောက်အကူပြုအဖွဲ့တွေကို ကိုဗစ် ပိုးရှိမရှိ စစ်ဆေးမှုလုပ်ခဲ့ပြီး ကျွမ်းကျင်သူတွေက ရှောင်ရန်ဆောင်ရန်တွေကို ရှင်းပြခဲ့ပါတယ်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာန နေပြည်တော် တိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးက ကိုဗစ်ကာကွယ်ဆေးထိုးပြီးရင်လည်း ဆောင်ရန် ရှောင်ရန်တွေ လိုက်နာရမှာဖြစ်ပြီး အလုံးစုံ ရောဂါကင်းစင်စေတဲ့ ဆေးမျိုးတော့ မဟုတ်ဘူးလို့ ပြောပါတယ်။ “ကာကွယ်ဆေးထိုးပြီးရင်တော့ ကျွန်တော်တို့ပုံမှန် ရောဂါကာကွယ်ဆေး (၆) မျိုးထိုးသလိုပါပဲ။ အဲ့တော့ သတိထားပြီးနေရပါတယ်။ ဖျားလို့ရှိရင် နောက်ပြီး ခန္ဓာကိုယ်မှာယားယံတာတို့ ကိုက်ခဲတာတို့ဒါမျိုးဖြစ်ရင် ချက်ချင်းဟိုဟာဖြစ်တယ်။ ပထမဆုံးတစ်ရက်ကတော့ အိပ်ရေး၀၀ အိပ်ရပါတယ်။ ရေများများသောက်ရပါတယ်။ အစားကိုပုံမှန်လေးစားပေးရပါတယ်။ ကာကွယ်ဆေးတွေရဲ့ သဘောကတော့ အရက်တို့ ဆေးလိပ်တို့နဲ့ အဲ့ကာလမှာတော့ ရှောင်ထားတာတော့အကောင်းဆုံးပါပဲ။ ဒီကာကွယ်ဆေးက…

Read More

ရွှေနဂါးဓာတ်မြေသြဇာစက်ရုံပိတ်သိမ်းရေးကိစ္စ ရန်ကုန်ဝန်ကြီးချုပ် ကိုယ်တိုင်ရှင်းပေးမယ်

ရန်ကုန်၊ ဇန်နဝါရီ ၂၆-၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်တိုင်း တွံတေးမြို့နယ် ကံပတ်ရိုးကျေးရွာမှာရှိတဲ့ ရွှေနဂါးဓာတ်မြေသြဇာစက်ရုံပိတ်သိမ်းရေးအတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင်ဖြေရှင်းပေးမယ်လို့ ဇန်နဝါရီ၂၆ ရက်ဒီနေ့မနက်ပိုင်း တိုင်းဒေသကြီးအစိုးရရုံးရှေလာကြတဲ့ ကျေးရွာသားတွေနဲ့ တွေ့ဆုံချိန်မှာ ကတိပေးပြောကြားခဲ့တာပါ။ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက”ညီလေးတို့ပြန်ကြပါ ကိုဗစ်ကာလမှာ အခုလိုလူစုလူဝေးနဲ့တောင်းဆိုတာမကောင်းပါဘူး မနက်ဖြန်အစ်ကို ကိုယ်တိုင်စောစောလေး လာရောက်ဖြေရှင်းပေးပါမယ်”လို့ ကတိပေးပြောကြားခဲ့ပါတယ်။ တွံတေးမြို့နယ် ကံပါတ်ရိုးကျေးရွာဒေသခံ ဦးရဲထွဋ်ဝင်းဦးဆောင်တဲ့ ကျေးရွာသား၁၇ဦးတို့ဟာ ဒီနေ့ ဇန်နဝါရီ ၂၆ရက် မနက် ၈နာရီခွဲခန့်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဂိတ်အမှတ်(၄)မှာ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ရဖို့ သွားရောက်တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ “အခုတော့ အဆင်ပြေသွားပါပြီ ဝန်ကြီးချုပ်ကိုယ်တိုင် လာပြီးရှင်းပေးလို့ ကတိပေးပြောတယ်။ အခြားဝန်ကြီးတွေနဲ့ ဌာနဆိုင်ရာတွေလည်းပါတာပေါ့ “လို့ ပြည်သူ့ပါတီရဲ့ တိုင်းအတွင်းရေးမှုး ဦးရဲထွဋ်ဝင်းက ပြောပါတယ်။ ကံပါတ်ရိုးကျေးရွာ အရှေ့ဘက်မှာရှိတဲ့ ရွှေနဂါးဓာတ်မြေသြဇာစက်ရုံကနေထွက်တဲ့ အနံဆိုးတွေဟာ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ဆိုပြီး အစိုးရအဖွဲ့ကနေ ဖြေရှင်းဆောင်ရွက်ပေးဖို့ ဒေသခံတွေစုပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးကို လာပြီးတောင်းဆိုကြတာဖြစ်ပါတယ်။…

Read More

ကျောက်မဲက ပရဟိတအဖွဲ့ဝင် လူငယ်နှစ်ဦးသေနတ်နဲ့ ပစ်ခတ်ခံရ

ဇန်နဝါရီ ၂၆၊၂၀၂၁ အေးချမ်းသူ(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ M2Kစားသောက်ဆိုင်မှာ ဇန်နဝါရီလ ၂၅ရက်နေ့ည၉နာရီခွဲက 5star ပရဟိတအဖွဲ့က လူငယ်နှစ်ဦးကို အမည်မသိသူနှစ်ဦးကနေ သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ သိရပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ပတ်သတ်ပြီး ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ကျောက်မဲမြို့နယ် တာဝန်ခံ ဒေါ်ရီရီဆွေက “ကျွန်မတို့ဆီမှာ အဲ့လိုပစ်တာက ခဏခဏပဲ ညကဆိုင်ကယ်နဲ့လူနှစ်ယောက်လာတယ် လူမသိဘဲရမ်းပစ်တယ် ကျွန်မအထင်ပေါ့နော် ဟုတ်ချင်မှလည်းဟုတ်မယ်၊ အခုအပစ်ခံရတဲ့ ကလေးတွေက ဆယ်လီဖြစ်တယ် 5starအဖွဲ့က သူတို့ကိုလုပ်လိုက်ရင် ပြည်သူတွေကြောက်သွားမယ်လို့ ထင်ပြီးပစ်တာနေမှာ” လို့ VOMကိုပြောပါတယ်။ မြို့ခံ အမျိုးသား ၄ ဦး ကျောက်မဲမြို့ ရပ်ကွက် ၈၊ နယ်မြေ ၂ က M2K စားသောက်ဆိုင်ရှေ့ အပြင်ဝိုင်းမှာ ထိုင်ပြီး စားသောက်နေတုန်းမှာ ကျောက်မဲကြီးဘက်ကနေ အောင်ဆန်းလမ်းအတိုင်း မြို့တွင်းဘက်ကို မောင်းနှင်လာတဲ့ ဆိုင််ကယ်တစ်စီးရောက်လာပြီး ဆိုင်ကယ်ပေါ်ပါ…

Read More
VOM News

FREE
VIEW