ရခိုင်က DMG သတင်းသမားတွေ ရဲစခန်းမှာ လာရောက်စစ်ဆေးခံ

ဇန်နဝါရီ ၂၆ -၂၀၂၁
ထက်အောင်စိုင်း(VOM)

တပ်မတော်က တရားလိုလုပ်ပြီး အမှုဖွင့်ထားတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေအခြေစိုက် DMG သတင်းဌာနက သတင်းသမားနှစ်ဦးဟာ အမှုဖွင့်ခံရတဲ့ ရဲစခန်းမှာ ဒီကနေ့ ညနေ ၅ နာရီလောက်က လာရောက်စစ်ဆေးမှုခံယူခဲ့ပါတယ်။

လက်ရှိအချိန်ထိ စစ်တွေမြို့မ အမှတ်(၂)ရဲစခန်းမှာ အမှုကို စစ်ဆေးခံနေရတာပြီး စစ်ဆေးခံရတဲ့ သတင်းသမားတွေကတော့ DMGသတင်းဌာနက ဒု-တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံနဲ့ သတင်းထောက် မနှင်းနွယ်တို့ ဖြစ်ပါတယ်။

သူတို့နှစ်ဦးကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့က တပ်မတော်မှ ဗိုလ်မှူး ဘုန်းမြင့်ကျော်က ဆက်သွယ်ရေးဥပဒေပုဒ်မ – ၆၆ (ဃ)နဲ့ စစ်တွေ အမှတ်(၂)ရဲစခန်းမှာ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ ရက်စွဲနဲ့ ကျောက်တော်မြို့နယ်၊ မာလာကျေးရွာက စပါးတွေကို တပ်မတော်က ယူဆောင်သွားတယ်လို့ ကျေးရွာသားတွေကပြောကြောင်း DMGသတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းနဲ့ပတ်သတ်ပြီး တပ်မတော်က အမှုဖွင့်တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်တွေ #DMGသတင်းထောက်နှစ်ဦး #လာရောက်စစ်ဆေးခံ

Related posts

Leave a Comment

VOM News

FREE
VIEW