အိန္ဒိယမှာ လယ်သမားသောင်းပေါင်းများစွာ ထွန်စက်တွေမောင်းနှင် ဆန္ဒပြနေ

ဒေလီ၊ ဇန်နဝါရီ-၂၆-၂၀၂၁
မျိုးဆက် (VOM)

အိန္ဒိယသမ္မတနိုင်ငံထူထောင်တဲ့ နှစ်ပတ်လည်နေ့မှာ ဆန္ဒပြလယ်သမားသောင်းပေါင်းများစွာဟာ မြို့တော်ဒေလီမှာ လယ်ထွန်စက်တွေမောင်းနှင်ဆန္ဒပြမှုစတင်နေကြပါတယ်။

သူတို့ဟာ မြို့တော်နယ်နမိတ်နားမှာ လအတန်ကြာဆန္ဒပြနေကြပြီး အစိုးရကမကြာသေးမီက ဆောင်ရွက်ခဲ့တဲ့ လယ်ယာကဏ္ဍပြုပြင်ပြောင်းလဲမှုတွေကို ပြန်လည်ရုပ်သိမ်းဖို့ တောင်းဆိုနေကြပါတယ်။

ဇန်နဝါရီ ၂၆ ရက်မှာကျင်းပမယ့် သမ္မတနိုင်ငံထူထောင်ခြင်း အခမ်းအနားကို အနှောက်အယှက်မဖြစ်စေပဲ လယ်သမားတွေ လယ်ထွန်စက်တွေစုဖွဲ့မောင်းနှင်ဆန္ဒပြမှုကို အာဏာပိုင်တွေက ခွင့်ပြုပေးထားပါတယ်။

လယ်ယာကဏ္ဍပြုပြင်ပြောင်းမှုတွေကို ဆိုင်းငံပေးထားမယ်လို့ အိန္ဒိယ အစိုးရကကမ်းလှမ်းခဲ့ပေမယ့်လည်း လယ်သမားတွေကတော့ ဒီကိစ္စကို အပြီးတိုင်ဖျက်သိမ်းဖို့ ဆန္ဒရှိနေကြပါတယ်။

ဒီနေ့ပြုလုပ်တဲ့ဆန္ဒပြပွဲဟာ လအတန်ကြာဆန္ဒပြမှုတွေထဲ့ နောက်ဆုံးတစ်ခုဖြစ်ပြီး လယ်သမားတွေရဲ့ ဆန္ဒပြမှုတွေဟာ အိန္ဒိယမှာဖြစ်ဖူးသမျှထဲမှာ အကြာရှည်ဆုံးဖြစ်ဖွယ်ရှိပါတယ်။

Ref: BBC
Photo: Getty Images

 

Related posts

✕
VOM News

FREE
VIEW