ဇန်နဝါရီ ၂၃ -၂၀၂၁ ဖြူဖြူ(VOM) မန္တလေးခရိုင်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပေါ်မှု တဖြည်းဖြည်းကျဆင်းလာတဲ့အတွက် ကုသရေးစင်တာ ၅ ခုကို ပြန်ပိတ်တော့မယ်လို့ မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနကနေ သိရပါတယ်။ “ ၇ မြို့နယ်လုံးဟာ လုံးဝကိုကျဆင်းလာပါပြီ။ အဲ့ဒီလို ကျဆင်းလာတာကြောင့် ပြည်သူလူထုကို အခြေပြုပြီးဖွင့်ထားတဲ့ (အသွားအလာကန့်သတ်ထားရှိတဲ့စင်တာ ၁၄ နေရာမှာလည်း ၅ ခုလောက်လည်း ပိတ်ထားပြီးဖြစ်ပါတယ်”လို့ မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန ဦးစီးမှူးဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။ မန္တလေးတိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာတွေကို လက်ခံကုသပေးနေတဲ့ဆေးရုံနဲ့ စင်တာ ၄၇ နေရာရှိတဲ့အထဲက ကုတင်-၁၀၀ဆံံ့ တိုင်းရင်းဆေးရုံ၊ ပုသိမ်ကြီးဆေးရုံထဲက ကိုဗစ်ကုသရေးစင်တာ၊ MSG ကုသရေးစင်တာ၊ သူနာပြုတက္ကသိုလ်မှာဖွင့်ထားတဲ့ အနံ့ပျောက်လူနာကုသရေးဌာနနဲ့ ကုတင်-၅၀ဆံံ့ ဇီးပင်ကြီးဆေးရုံတို့ကို ပြန်ပိတ်သိမ်းဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို တင်ပြထားတာဖြစ်တယ်လို့ ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။ ရောဂါဖြစ်ပွားမှုကျဆင်းလာပေမယ့် ပေါ့ပေါ့ဆဆမနေကြဖို့၊ ကျန်းမာရေးလမ်းညွှန်ချက်နဲ့အညီ…
Read MoreMonth: January 2021
ကူးစက်မြန် သန္ဓေပြောင်းဗိုင်းရပ်စ်သစ် လူသေဆုံးမှုကို ပိုမိုဖြစ်ပေါ်စေဖွယ်ရှိ
လန်ဒန်၊ ဇန်နဝါရီ-၂၃-၂၀၂၁ မျိုးဆက် (VOM) ဗြိတိန်မှာ ကူးစက်မှုတွေဖြစ်ပေါ်နေတဲ့ သန္ဓေပြောင်း ကိုရိုနာဗိုင်းရပ်စ်ဟာ လူသေဆုံးမှုကို ပိုမိုဖြစ်ပေါ်နိုင်တယ်ဆိုတဲ့ ကနဦးသက်သေအထောက်အထားတွေမှာ တွေ့ရှိရတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။ ဒါပေမယ့် သေဆုံးသူအရေအတွက်နဲ့ပတ်သက်ပြီး မရေရာမှုတွေများစွာရှိနေဆဲဖြစ်ပြီး လက်ရှိ ကာကွယ်ဆေးတွေဟာ အဲ့ဒီသန္ဓေပြောင်းဗိုင်းရပ်စ်အပေါ် ထိရောက်မှုရှိဖို့ မျှော်လင့်နေကြပါတယ်။ ဗိုင်းရပ်စ်အမျိုးအစားသစ် သို့မဟုတ် မူလဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေရဲ့ သေဆုံးမှုနှုန်းကို နှိုင်းယှဉ်တဲ့ အချက်အလက်တွေကို ပညာရှင်တွေက သုံးသပ်မှုတွေပြုနေပါတယ်။ သန္ဓေပြောင်းဗိုင်းရပ်စ်သစ်ဟာ လက်ရှိမှာတော့ ဗြိတိန်နိုင်ငံတစ်ဝန်းမှာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်မှုတွေဖြစ်ပွားနေပါတယ်။ လန်ဒန်နဲ့ နိုင်ငံအရှေ့တောင်ဘက်မှာ ပထမဆုံးတွေ့ရှိခဲ့ရတဲ့ ဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ ပိုမိုလျှင်မြန်စွာ ကူးစက်နိုင်သလို သေဆုံမှုနှုန်း ပိုမိုမြင့်မားစေတဲ့ သက်သေအထောက်အထားအချို့ကို တွေ့ရှိရတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ အဲ့ဒီသန္ဓေပြောင်း ဗိုင်းရပ်စ်မျိုးစိတ်သစ်ရဲ့ အကျိုးသက်ရောက်မှုကြောင့် အမျိုးသားကျန်းမာရေး စောင့်ရှောက်မှုစနစ်ဟာ ပြင်းထန်တဲ့ ဖိအားတွေအောက်ရောက်ရှိနေရတယ်လို့ ဘောရစ်ဂျွန်ဆင်က ပြောဆိုပါတယ်။ Ref :…
Read Moreအထည်ချုပ်စက်ရုံ အလုပ်သမားခေါင်းဆောင်တစ်ဦး သံတုတ်နဲ့အရိုက်ခံရ
ဇန်နဝါရီ ၂၃ -၂၀၂၁ သိင်္ဂီထွန်း(VOM) ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ကော်မတီဥက္ကဋ္ဌပိုင်တဲ့ Unique HTT အထည်ချုပ်စက်ရုံက အလုပ်သမားခေါင်းဆောင်တစ်ဦး အလုပ်ကနေအပြန် စက်ရုံလမ်းထောင့်မှာ သံတုတ်နဲ့အရိုက်ခံခဲ့ရတာကြောင့် ဦးခေါင်းပိုင်းထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့ ဇန်နဝါရီ ၂၂ ရက် ညနေ ၄ နာရီ ၄၀ မိနစ်လောက်မှာ အလုပ်သမားခေါင်းဆောင်တွေ စက်ရုံကနေ အလုပ်ပြန်ချိန် စက်ရုံလမ်းထောင့်မှာ တစ်ကိုယ်လုံးအကာအကွယ်ယူထားတဲ့ လူနှစ်ယောက်ဟာ သံတုတ်ကိုင်ဆောင်ပြီး ရိုက်နှက်ကာ ထွက်ပြေးသွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ “မနေ့က ညနေမှာ အရိုက်ခံရတာပါ။ အရင်က ၇နှစ် ၈ နှစ်လောက်မှာတောင် ဒါမျိုးမကြုံခဲ့ရဘူး။ အခု အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုဖြစ်ပွားပြီးတဲ့အခါကျမှ ဒါမျိုးဖြစ်တယ်။ မနေ့က စက်ရုံမှူးက အလုပ်သမားအနည်းငယ်ခေါ်ပြီးအစည်းအဝေးကို အလှည့်ကြပြုလုပ်တယ်။အဲ့ဒီမှာ သူက သူတို့တရုတ်ပြည်မှာဆိုရင် အလုပ်သမားခေါင်းဆောင်တွေကို လူမိုက်ငှါးပြီး သတ်ခိုင်းလို့တောင်ရတယ်လို့ ခြိမ်းခြောက်စကားမျိုးသွယ်ဝိုက်သောနည်းနဲ့ပြောတယ်လို့ အလုပ်သမားတွေကပြန်ပြောပြတယ်။ ဒီတော့ အလုပ်သမားတွေက အခုလို…
Read Moreကျောက်ဆည်မြို့မရဲစခန်းက အချုပ်တရားခံ ၁၄ ဦးနဲ့ ရဲတစ်ဦးမှာ ကိုဗစ်ပိုးတွေ့
ဇန်နဝါရီ ၂၃ -၂၀၂၁ သက်ထားခင်(VOM) ကျောက်ဆည်မြို့မရဲစခန်းမှာ ချုပ်ထားတဲ့ အချုပ်တရားခံတွေကို ဒီကနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းက ကိုဗစ်ပိုး ရှိ-မရှိစစ်ဆေးလိုက်ရာကနေ အချုပ်တရားခံ ၁၄ ဦးနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ ကျောက်ဆည်မြို့မရဲစခန်းကနေ သိရပါတယ်။ “လောလောဆယ်တော့ ၁၅ ဦး တွေ့ပါတယ်၊ ဘယ်သူကနေ ကူးမှန်းတော့ မသိသေးဘူး၊ အချုပ်တရားခံတွေကိုတော့ ကျောက်ဆည်မြို့နယ်ထဲမှာရှိတဲ့ ရဲကင်းစခန်းတွေ့မှာ သီးခြားချုပ်ထားတယ်၊ ရဲတပ်ဖွဲ့ဝင်ကိုတော့ ဆေးရုံပို့ထားပါတယ်”လို့ ကျောက်ဆည်မြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကျောက်ဆည်မြို့မရဲစခန်းမှာ ပြစ်မှုအမျိုးမျိုးနဲ့ ချုပ်ထားတဲ့ အချုပ်တရားခံ ၁၁ ဦးကို အိုးဘိုထောင်ကို ပို့လိုက်ချိန် ထောင်ကနေ ကိုဗစ်ပိုးရှိ-မရှိစစ်ဆေးလိုက်ရာ အချုပ်တရားခံနှစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့အတွက် အချုပ်သား ၁၁ ဦးစလုံး ရဲစခန်းကိုပြန်လည်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ အချုပ်သား ၁၁ ဦးကို သီးခြားစီထားရှိခဲ့ပြီး လိုက်ပါပို့ဆောင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်…
Read Moreရုရှားနိုင်ငံထုတ် Pantsir-S1 လေကြောင်းရန်ကာကွယ်ရေးစနစ်ကို မြန်မာ့တပ်မတော် ဝယ်ယူမယ်
မော်စကို၊ ဇန်နဝါရီ ၂၃-၂၀၂၁ မျိုးဆက် (VOM) မြန်မာစစ်ဘက်ဟာ ရုရှားနိုင်ငံရဲ့ Pantsir-S1 လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ Orlan-10E မောင်းသူမဲ့လေယာဉ်တွေ ဝယ်ယူဖို့ သဘောတူခဲ့တယ်လို့ ရုရှားအခြေစိုက် TASS သတင်းဌာနက ဖော်ပြထားပါတယ်။ ဒီလိုဝယ်ယူမှုနဲ့ပတ်သက်ပြီး ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoigu ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အကြား သဘောတူခဲ့ကြတာဖြစ်ပါတယ်။ ရုရှားနဲ့ မြန်မာစစ်ဘက်တို့အကြား ၂၀၀၁ ခုနှစ်ကစပြီး နှစ်ဘက်အကျိုးရှိစေမယ့် စစ်ရေးနည်းပညာဆိုင်ရာ ပူးပေါင်ဆောင်ရွက်မှုတွေကို မြှင့်တင်ခဲ့ကြပြီး ရုရှားဟာ မြန်မာစစ်ဘက်ကို MiG-29 လေယာဉ် အစင်း ၃၀ ၊ Yakolev-130 တိုက်ပွဲဝင်လေ့ကျင့်ရေး ဂျက်လေယာဉ် ၁၂ စင်း၊ Mi-24 နဲ့ Mi-35P ရဟတ်ယာဉ် ၁၀ စင်း၊ Pechora-2M လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ ရေဒါတွေ၊ သံချပ်ကာယာဉ်တွေနဲ့ အမြောက်တွေကို ရောင်းချခဲ့ပါတယ်။ ဒါ့အပြင်…
Read Moreမင်္ဂလာဒုံ UECကန့်ကွက်ပွဲကို ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်တွေနဲ့ အမျိုးသားရေးသမားတွေ လာရောက်ဝန်းရံ
ဇန်နဝါရီ ၂၃ -၂၀၂၁ အေးချမ်းသူ(VOM) မင်္ဂလာဒုံမြို့နယ် ၊ ဗိုလ်ခြံမှတ်တိုင်အနီး ၊ ပြည်လမ်းမပေါ်မှာ ဒီကနေ့မနက်ပိုင်းကပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်UECကန့်ကွက်ပွဲကို ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေနဲ့ အမျိုးသားရေးသမား ၃၀၀ နီးပါး လာရောက်ဝန်းရံခဲ့ကြပါတယ်။ ကန့်ကွက်ပွဲဦးဆောင်သူ ဦးကျော်မိုးက “တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ လိုသလို၊ မှန်မှန်ကန်ဆုံးဖြတ်ပေးဖို့လည်းလိုပါတယ်၊ ကျွန်တော်တို့ပြည်သူတွေတောင်းဆိုနေတာ အနိူင်အရှုံးရလဒ်ကို တောင်းဆိုနေတာမဟုတ်ပါဘူး၊ ဒီမိုကရေစီအရ တရားမျှတမှုကို တောင်းဆိုနေတာ”လို့ ပြောပါတယ်။ UECကန့်ကွက်ပွဲမှာ “ဒီမိုကရေစီပျက်သုဉ်းမည့်လုပ်ရပ်များ အလိုမရှိ “၊ ” ပြည်သူ့ရဲများ ပြည်သူကိုစောင့်ရှောင့်ပေးပါ”၊ ” ပြည်ထောင်စုလွှတ်တော်အတွင်း တရားဥပဒေစိုးမိုးရေးဆောင်ရွက်ပေးပါ”၊ “မီဒီယာများ အမှန်တရားကိုဖော်ထုတ်ပေးပါ”စတဲ့ ကြွေးကြော်စာသားတွေကိုင်ဆောင်ကာ ကြွေးကြော်သံတွေနဲ့ ဆန္ဒဖော်ထုတ် ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီကန့်ကွက်ပွဲကို ပြည်ခိုင်ဖြိုးပါတီမှ ပုဇွန်တောင်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးမင်းသန်း၊ မရမ်းကုန်းလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးသီဟနဲ့ ပါတီဝင်များ၊ အမျိုးသားရေးသမားတွေအပါအဝင် အင်းအား ၃၀၀ ခန့် လာရောက်ဝန်းရံခဲ့ကြပါတယ်။ ဒီကနေ့ ကန့်ကွက်ပွဲဦးဆောင်သူ ဦးကျော်မိုးဟာ…
Read Moreပုဏ္ဏားကျွန်းက စစ်ဘေးရှောင်စခန်းမှာ ဆန်ရိက္ခာအခက်အခဲဖြစ်ပေါ်နေ
ဇန်နဝါရီ ၂၃ -၂၀၂၁ ထက်အောင်စိုင်း (VOM) စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စက်မှုဇုန်ကွင်း စစ်ဘေးရှောင်စခန်းမှာ အစိုးရကထောက်ပံ့ပေးတဲ့ ရိက္ခာဆန် မရောက်ရှိတာဟာ တစ်လလောက်ကြာနေပြီဖြစ်တာကြောင့် ဆန်ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ စခန်းတာဝန်ရှိသူတွေနဲ့ စစ်ဘေးရှောင်တွေပြောပြချက်အရ သိရပါတယ်။ လက်ရှိမှာ စစ်ဘေးရှောင်တွေအနေနဲ့ အဓိကဆန်ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့အပြင် ဆီ၊ ဆား၊ ငရုတ်၊ ကြွက်သွန် တွေလည်း မရှိတော့ဘူးလို့ ပြောပါတယ်။ စက်မှုဇုန်ကွင်း စစ်ဘေးရှောင်စခန်းက ဒေါ်စန်းဝင်းရွှေကတော့” စားရသောက်ရတာတွေကလည်း အခက်အခဲ အကျပ်အတည်းခံပြီး စားနေရတယ်။ ဆန်ကလည်း အရင်ကဆိုရင် အစိုးရဆီကရတယ်၊ အခု မရောက်တော့ဘူး။ ဒီလအတွက် လုံးဝမရောက်သေးဘူး။ ရိက္ခာတွေမရောက်တော့ အပြင်မှာ အငှားလိုက်လို့ကျရင်ရတယ်။ မကျတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်မျှဝေစားသောက်ကြရတယ်”လို့ ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နဲ့ အနီးအနားမှာတည်ရှိတဲ့ အဲဒီ စစ်ဘေးရှောင်စခန်းဟာ ပြည်နယ်အစိုးရအစီအစဉ်နဲ့ ဆောက်လုပ်ထားတာဖြစ်ပြီး လက်ရှိမှာ စစ်ဘေးရှောင်တွေရဲ့စားဝတ်နေရေးအခက်အခဲတွေကို အစိုးရက ဖြေရှင်းမပေးနိုင်သေးတာ…
Read Moreချောက်ထဲကျဖို့ လက်တလုံးအလိုမှာ ကယ်ဖို့ပြင်မလား တွန်းချမလား စဉ်းစားခန်း
မန္တလေး- ဇန်နဝါရီ ၂၃-၂၀၂၁ ဆွေလင်းထွန်း+နေလင်း(VOM) အချိန်သည်ကား ဒီမိုကရေစီဘိုးအေနိုင်ငံကြီး အမေရိကန်ရဲ့ ရွေးကောက်ပွဲရလာဒ်တွေကြေငြာအပြီး ဒုတိယအကြိမ် သမ္မတဖြစ်လိုသော်လည်း ဒေါ်နယ်ထရန့်လိုလားသူတွေက အမျိုးမျိုးကန့်ကွက်၊ လွှတ်တော်ကိုဝင်စီးပြီးနောက် ထရန့်တယောက် အားမတန်လို့ မာန်လျှော့ပြီး ထွက်တော်မူဖို့ အိမ်ဖြူတော်ကနေ စီးတော်ရဟတ်ယာဉ်ပေါ်အတက် နောက်ဆုံးနုတ်ဆက်ခြင်း တာ့တာ့ဘိုင့်ဘိုင်လုပ်နေချိန်။ အနောက်ခြမ်းက ဒီမိုကရေစီဘိုးအေကြီးရဲ့ ရွေးကောက်ပွဲနဲ့ ရှေ့နောက်ကျင်းပခဲ့တဲ့ ရွှေမြန်မာနိုင်ငံမှာလည်း နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲပြီးကတည်းက မဲရလာဒ် အငြင်းပွားမှုတွေကြောင့် ရှင်းလင်းပွဲတွေ၊ တရားအပြိုင်အဆိုင်စွဲတာတွေ ၊ ဆန္ဒပြပွဲတွေ နဲ့ ထောက်ခံပွဲမျိုးစုံ မြို့အတော်များများမှာလုပ်နေချိန် အဖမ်းခံပွဲ၊ လူဖမ်းပွဲတွေ လည်း တပြိုင်တည်းဖြစ်နေချိန် ။ အခြားတဖက်မှာတော့ ၂၀၂၀ နိုဝင်ဘာ ၈ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရခဲ့တဲ့ အနိုင်ရပါတီက NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အစိုးရဖွဲ့ဖို့ ဖေဖော်ဝါရီ ၁ရက်မှာ…
Read Moreမူဆယ်မှာ လ.ဝ.က ဝန်ထမ်းတစ်ဦး ကိုဗစ်ရောဂါနဲ့ ပထမဦးဆုံးသေဆုံး
ဇန်နဝါရီ ၂၃ -၂၀၂၁ အေးချမ်းသူ(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီး၊ အထူးကြပ်မတ်ကုသဆောင်မှာ ကြပ်မတ်ကုသခြင်းခံနေရတဲ့ လ.ဝ.က ဝန်ထမ်းတစ်ဦး မနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းက ကိုဗစ်ရောဂါနဲ့ သေဆုံးသွားတယ်လို့ မူဆယ်ပြည်သူ့ဆေးရုံကြီးကနေ သိရပါတယ်။ “သူမှာက နှလုံးသွေးအားနည်းရောဂါရယ်၊ ဆီးချိုရယ် ရှိတယ်။ တော်တော်ကုသထားရတာ၊ ဒီရက်ပိုင်းလေးမှာ သက်သာလာလို့ အောက်စီဂျင်တွေ လွှတ်သွားပြီပေါ့။ ကျွန်တော်တို့သတင်းပို့တာကို တင်ထားတဲ့အခြေအနေပေါ့။ ဒါပေမယ့် မနေ့ကတော့ ရုတ်တရက်ဖောက်လာတယ်။ ပြီးတော့ ကျွန်တော်တို့ ဘယ်လိုကုကု၊ ညနေ ၅ နာရီ ၄၅ လောက်မှာ ဆုံးသွားတယ်၊ မူဆယ်ခရိုင်မှာ ပထမဦးဆုံး ကိုဗစ်ရောဂါဖြင့်သေဆုံးခဲ့သူတစ်ဦးလည်းဖြစ်တယ်”လို့ မူဆယ်ဆေးရုံအုပ်ကြီး ဒေါက်တာဟန်နိုင်စိုးကVOMကိုပြောပါတယ်။ သေဆုံးအမျိုးသားဟာ အသက်၄၅နှစ်ခန့်ရှိပြီး မူဆယ်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ ဒေါက်တာဟန်နိူင်စိုးက VOMကိုအတည်ပြုပြောပါတယ်။ ကိုဗစ်ရောဂါနဲ့ သေဆုံးခဲ့တဲ့ လ.ဝ.က ဝန်ထမ်းအမျိုးသားကို…
Read Moreစစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကို ဂရိတ်ဝေါလ်ဦးတင်မောင်က မြေ(၁၂)ဧကကျော် လှူဒါန်း
ဇန်နဝါရီ ၂၃ -၂၀၂၁ မောင်တာရာ (VOM) စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကို ဂရိတ်ဝေါလ်ဂရု(ဖ်)ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးတင်မောင်က အစိုးရစက်မှုလက်မှုသိပ္ပံ(စစ်ကိုင်း)တည်ဆောက်ဖို့အတွက် မြေ(၁၂ ဒသမ ၃၅ )ဧက လှူဒါန်းခဲ့ပါတယ်။ စာချုပ်စာတမ်းနဲ့တကွ မြေယာလှူဒါန်းခြင်းအခမ်းအနားကို မနေ့ ဇန်နဝါရီ ၂၂ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းမြို့၊ မြို့တော်ခန်းမမှာ ကျင်းပခဲ့ပြီး အဲ့ဒီအခမ်းအနားကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ဝန်ကြီးတွေကိုယ်တိုင် တက်ရောက်လက်ခံရယူခဲ့ပါတယ်။ ”ကျွန်တော်တို့ စစ်ကိုင်းမြို့ဟာ တိုင်းမြို့တော်အဖြစ်ကနေ ရွေ့နှောသွားခဲ့သော်လည်း ပညာရေးမြို့တော်အဖြစ် ဖြစ်ချင်တဲ့ဆန္ဒအများကြီးရှိပါတယ်၊ အဲ့ဒီလို ရှိသလိုပဲ တက္ကသိုလ် ၅ ခု နဲ့ ကောလိပ် နှစ်ခုရှိတဲ့အပြင် အခု စက်မှုလက်မှုသိပ္ပံ(စစ်ကိုင်း)ကို ရပြီဖြစ်တဲ့အတွက် ဒီအိမ်မက်ကြီးက အကောင်အထည်ဖော်လာတော့မှာပါ။ ဒီကျောင်းရခဲ့တာက ပညာရေးဝန်ကြီးဌာနက ချပေးခဲ့တာဖြစ်ပါတယ်၊ ပိုပြီးသေချာအောင် အကြောင်းကြောင့်ကြောင့် ကတိကဝတ်ပျက်မသွားအောင် ကျွန်တော်က ပြည်သူ့လွှတ်တော်မှာ မေးခွန်းမေးမြန်း တင်ပြတောင်းခဲ့ပါတယ်”လို့ စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်…
Read More