တောင်ကိုရီးယားမှာ ကလေးမွေးဖွားမှုနှုန်းထက် သေဆုံးမှုနှုန်း မြင့်မားနေ

ဆိုးလ်၊ ဇန်နဝါရီ-၄-၂၀၂၁ မျိုးဆက် (VOM) ကမ္ဘာပေါ်မှာ ကလေးမွေးဖွားမှုနှုန်း အနိမ့်ဆုံးဖြစ်နေတဲ့ တောင်ကိုရီးယားနိုင်ငံမှာ ၂၀၂၀ ခုနှစ်အတွင်း ကလေးမွေးဖွားနှုန်းထက် သေဆုံးမှုနှုန်းက ပထမဆုံးအကြိမ်အဖြစ် စံချိန်တင် မြင့်မားနေပါတယ်။ လွန်ခဲ့တဲ့နှစ်မှာ ကလေးမွေးဖွားမှု ၂၇၅၈၀၀ ဦးရှိခဲ့ပြီး ၂၀၁၉ ခုနှစ်ကထက် ၁၀ ရာခိုင်နှုန်းကျဆင်းသွားကာ သေဆုံးသူအရေအတွက်ကတော့ ၃၀၇၇၆၄ ဦးရှိခဲ့ပါတယ်။ အဲ့ဒီကိန်းဂဏန်းတွေအရ တောင်ကိုရီးယား ပြည်ထဲရေးဝန်ကြီးဌာနဟာ သူရဲ့မူဝါဒတွေကို အခြေခံကျကျ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတာကို ပြသနေပါတယ်။ လူဦးရေကျဆင်းမှုဟာ နိုင်ငံတစ်ခုအတွက် ကြီးမားတဲ့ဖိအားတွေကို ဖြစ်ပေါ်စေပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ ပင်စင်လစာလိုအပ်ချက်လိုမျိုးတွေက အများပြည်သူအသုံးစရိတ်အပေါ် ဖိအားဖြစ်စေတဲ့အပြင် စီးပွားရေးအပေါ် တိုက်ရိုက်ဆိုးကျိုးသက်ရောက်လာနိုင်ပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်ကတော့ မိသားစုတွေကို ထောက်ပံံ့ငွေပေးတာမျိုးအပါအဝင် ကလေးမွေးဖွားမှုနှုန်း နိမ့်ကျနေတာကို ကိုင်တွယ်ဖြေရှင်းဖို့ ရည်ရွယ်တဲ့မူဝါဒအချို့ကို လွန်ခဲ့တဲ့လက ကြေညာခဲ့ပါတယ်။ Ref: BBC Photo:AFP #voiceofmyanmar #VOM #ဆိုးလ်

Read More

မိုးကုတ်မြို့နယ်မှာ မြေထပ်ပြိုပြန်လို့ လူတစ်ဦးသေဆုံး

ဇန်နဝါရီ ၄-၂၀၂၁ ကိုတိုးကြီး (VOM) မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ မနေ့ ဇန်နဝါရီ ၃ရက်နေ့ နဲ့ ဒီကနေ့ ဇန်နဝါရီ ၄ရက်နေ့ ၂ရက်ဆက်တိုက် မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး မြေပိသေဆုံးသူ ၂ ယောက်နဲ့ ဒဏ်ရာရသူ ၁ ယောက်ရှိခဲ့တယ်လို့ သိရပါတယ် မိုးကုတ်မြို့နယ်အနောက်ပိုင်း ကျောက်ဆင်အုပ်စုကျေးရွာ ၊ ဘော်မားကျေးရွာ ၊ ဘော်မား ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ထဲမှာ ဒီကနေ့မနက် ၁၀ နာရီ အချိန်က ကျောက်တွင်း မြေပြိုကျလို့ ကျောက်တူးဖော်နေသူ လူတစ်ယောက် မြေပိသေဆုံးခဲ့တယ်လို့ မြတ်စေနာမွန် လူမှုကူညီရေး အဖွဲ့ကနေ သိရပါတယ်။ “ဒီမနက် သေဆုံးသူက မောင်မင်းထွန်း (ခ)အာကာ အသက် ၂၁ နှစ် ဆိုသူဖြစ်တယ်၊ DB ရုပ်အလောင်းကို ပါရမီလူမှုကူညီက သွားထုတ်တာဆိုတော့ ဒဏ်ရာရသူ ရှိ၊မရှိ အတိအကျ မသိရသေးဘူး “လို့…

Read More

ငြိမ်းစုစီဥပဒေ ဖျက်သိမ်းပေးရေး တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သူ ဖမ်းဆီးခံရ

ဇန်နဝါရီ ၄-၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ ဒီကနေ့မနက်ပိုင်းက ငြိမ်းစုစီဥပဒေ ဖျက်သိမ်းပေးရေးအတွက် နိူင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့ရာ ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ နိူင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ ကိုအောင်ချိုဦးက ” ဒီဥပဒေက မရှိသင့်ပါဘူး၊ ဒီမိုကရေစီခေတ်မှာ လူတိုင်းမှာ လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်ရှိရမယ်။ ဒါကြောင့် ဒီဥပဒေကို ဖျက်သိမ်းပေးသင့်တယ်”လို့ ပြောပါတယ်။ ငြိမ်းစုစီဥပဒေမတင်ဘဲ ဆန္ဒဖော်ထုတ်ခဲ့တဲ့ နိူင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်ချိုဦးကို ကျောက်တံတားမြို့မရဲစခန်းမှ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ကိုအောင်ချိုဦးဟာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် ဒီဇင်ဘာ ၇ရက်နေ့ကလည်း ဝန်ကြီးချုပ်နာမည်အသုံးချကာ ကိုယ်ကျိုးစီးပွားရှာနေတဲ့ ကိုယ်စားလှယ်အချို့ကို အရေးယူပေးဖို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ချိန် ကျောက်တံတားရဲစခန်းက ဖမ်းဆီးခဲ့ပြီး ပြန်လည်လွှတ်မြောက်လာသူတစ်ဦးလည်းဖြစ်ပါတယ်။ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်သူ နိူင်ငံရေးအကျဉ်းသားဟောင်းဦးအောင်ချိုဦးဟာ ၂၀၀၆ ခုနှစ်မှာ အရေးပေါ်အက်ဥပဒေနဲ့ဖမ်းဆီးခံခဲ့ရပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၃ရက်နေ့မှာ ပြန်လည်လွှတ်မြောက်လာသူတစ်ဦးဖြစ်ပါတယ်။ #voiceofmyanmar #VOM #ရန်ကုန် #ငြိမ်းစုစီဥပဒေ #ဆန္ဒဖော်ထုတ်သူ #ဖမ်းဆီးခံရ

Read More

အိမ်သာကျင်းတူးရာက မြေပြိုကျလို့ လူ ၁ ယောက်သေဆုံး ၂ ယောက် ဒဏ်ရာရ

ဇန်နဝါရီ ၄-၂၀၂၁ ကိုတိုးကြီး (VOM) မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ်- ၁၁ ရပ်ကွက်၊ ၁၆ လမ်းက လူနေအိမ်တစ်လုံးမှာ မနေ့ ဇန်နဝါရီ ၃ ရက်နေ့ ညနေပိုင်းက အိမ်သာကျင်း တူးရာကနေ မြေပြိုကျပြီး လူ ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ပခုက္ကူမြို့နယ် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ” အိမ်သာ ဆားဗစ်ကျင်း တူးတဲ့နေရာမှာပါ၊ မြေပြိုကျပြီး ကျင်းထဲမှာ အမျိုးသား ၃ ယောက် ပိတ်မိနေတာဖြစ်တယ်၊ အဲ့ဒီထဲက ၂ ယောက်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ကျန် ၁ ယောက်ကတော့ သေဆုံးပြီးမှ ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်တယ်”လို့ ပခုက္ကူမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလွင်ကိုလတ်က ပြောပါတယ်။ အိမ်သာကျင်းအသစ် တူးဖော်တဲ့အခါ အပေါ်ယံမြေလွှာဟာ တည်ငြိမ်မှုမရှိဘဲ မြေပွဖြစ်နေတဲ့အတွက် မြေအနက်…

Read More

တပ်မတော်က အာဏာသိမ်းလိုက်ပြီလို့ facebook live လွှင့်တဲ့ အမျိုးသမီးကို အမှုဖွင့်

ဇန္နဝါရီ ၄ ၊ ၂၀၂၁ ကိုတိုးကြီး (VOM) ဇန္နဝါရီ ၃ ရက် ညအချိန် ၇ နာရီ ၄၅ မိနစ်မှာ တပ်မတော်က အာဏာသိမ်းလိုက်ပြီလို့ အင်တာနက် စာမျက်နှာ လူမှုကွန်ယက် facebook ပေါ်မှာ live ထုတ်လွှင့်ခဲ့သူ အမျိုးသမီး တစ်ယောက်ကို ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် ဒလမြို့နယ် ဒလမြို့မရဲစခန်းကအမှုဖွင့် အရေးယူလိုက်တယ်လို့ သိရပါတယ်။ “အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ တရားလိုပြုလုပ်တိုင်တန်းသူ ရဲ့ တိုင်တန်းချက်အရ အမှုဖွင့်ရတာဖြစ်တယ် ၊ (ပ)၁၀ /၂၀၂၁ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၈ (က) နဲ့ဖြစ်တယ် “လို့ ဒလမြို့မရဲစခန်းက အမှုစစ် ရဲအရာရှိတစ်ယောက်က ပြောပါတယ်။ ဒလမြို့ ကျန်စစ်သားရပ်ကွက် ပုဂံလမ်းမှာနေထိုင်တဲ့ ဦးရွှေမျှား (ပဲ့နင်း အငြိမ်းစား)ဆိုသူက တရားလို ပြုလုပ်ပြီး တစ်ရပ်ကွက်တည်းနေ…

Read More

နိုင်ငံသားအထောက်အထားမဲ့သူ ၁၉ ဦးနဲ့ အခကြေးငွေယူ သယ်လာသူ ၂ ဦးကို ဖမ်းမိ

ဇန်နဝါရီ ၄-၂၀၂၁ ‌ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ၊ သံလွင်တံတားအနီးမှာ မနေ့ ဇန်နဝါရီ ၃ ရက် မနက်ပိုင်းက တရားမဝင် နိုင်ငံသားအထောက်အထားမဲ့သူ ၁၉ ဦးနဲ့ အခကြေးငွေယူ သယ်ဆောင်လာသူ၂ ဦးကို ဖမ်းမိခဲ့တယ်လို့ ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ ” ရခိုင်ဘက်က လာကြတယ်လို့ စစ်ဆေးသိရှိရတယ်။ ကျိုက်မရောဘက်သွားမယ်လို့သိရပြီး နိုင်ငံသားအထောက်အထားမဲသူကိစ္စက လ.ဝ.ကနဲ့သက်ဆိုင်ပေမယ့် ပို့ပေးသူ နှစ်ဦးကိုတော့ ရဲက အမှုဖွင့်မယ်”လို့ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးကပြောပါတယ်။ သံလွင်တံတား(မော်လမြိုင်) မုတ္တမဘက်ခြမ်းမှာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေက မော်တော်ယာဉ်တွေကို စစ်ဆေးနေချိန် ရန်ကုန်ဘက်ကနေ မော်လမြိုင်မြို့ဘက်ကို ယာဉ်မောင်း လှဝင်း (၄၁ နှစ်)မောင်းနှင်လာတဲ့ စူပါကာစတန် မော်တော်ယာဉ်နဲ့ ယာဉ်မောင်း မျိုးဇင် (၃၂ နှစ်) မောင်းနှင်လာတဲ့ ပရိုဘောက်စ်ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ရာကနေ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ စစ်ဆေးရာမှာတော့…

Read More

မီး ဆော့ကစားရာကနေ ကလေးငယ်(၂)ဦး မီးလောင်သေဆုံး

ဇန်နဝါရီ ၄-၂၀၂၀ မောင်တာရာ (VOM) စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ဆပ်ပြာကျင်းရွာမှာ မနေ့ ဇန်နဝါရီ ၃ ရက်နေ့ နေ့လယ် ၂ နာရီကျော်က ကလေးငယ်(၂)ဦး မီးဆော့ကစားရာကနေ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဲ့ဒီကလေးငယ်(၂)ဦးလည်း မီးလောင်သေဆုံးသွားတယ်လို့ စစ်ကိုင်းခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ မီးလောင်သေဆုံးတဲ့ ကလေးငယ်(၂)ဦးဟာ မြင်းမူမြို့နယ်၊ ဆပ်ပြာကျင်းရွာမှာနေတဲ့ အသက် (၅)နှစ်အရွယ် ယောင်္ကျားလေး နဲ့ အသက်(၄)နှစ်အရွယ် ယောင်္ကျားလေးတို့ဖြစ်ပြီး သူတို့နှစ်ဦးဟာ ဆပ်ပြာကျင်းကျေးရွာက ကိုချစ်ဝင်းပိုင်ဆိုင်တဲ့ နွားစာတဲမှာ မီးဆော့ကစားရာကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး အနီးရှိ နေအိမ်ကို မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ မှုခင်းမှတ်တမ်းတွေအရ သိရပါတယ်။ ” နွားတင်းကုတ်မှာ ကလေးတွေက မီးနဲ့ ဆော့ကစားနေတယ် ထင်ပါတယ်၊ နွားတင်းကုတ်ကို မီးကအရင်လောင်ပြီးမှ အိမ်ကိုကူးတာပေါ့၊ကလေးနှစ်ယောက်ကလည်း ကြောက်လန့်ပြီး အိမ်ထဲဝင်သွားတယ် ထင်ပါတယ်၊ ကုတင်အောက်မှာ သူတို့ရဲ့ သေဆုံးနေတဲ့ ခန္ဓာကိုယ်တွေ တွေ့ပါတယ်၊ ကြောက်ပြီးမထွက်တာနဲ့အိမ်ပါမီးကူတော့…

Read More

ပြည်တွင်းစစ် အဆုံးသတ်ရေးနဲ့ ကျောင်းသားတွေ မတရားဖမ်းဆီးမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှုပြုလုပ်

ဇန်နဝါရီ ၃-၂၀၂၁ ဆွေလင်းထွန်း(VOM) ပြည်တွင်းစစ် အမြန်ဆုံး အဆုံးသတ်ရေး၊ ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရဲစေဖို့ ထောင်နဲ့ ခြိမ်းခြောက်ပြီး မတရားဖမ်းဆီးနေတာတွေကို ဆန့်ကျင်ကြောင်းနဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးအတွက် ဆန့်ကျင်လှုပ်ရှားမှုတစ်ခုကို မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ဒီနေ့ ဇန်နဝါရီ ၃ရက်နေ့ နေ့လယ်ပိုင်းက မိတ္ထီလာမြို့ ခရိုင်တရားရုံးရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ အဝေးသင်တာဝန်ခံ ကိုနေရဲစိုးက “ပြည်တွင်းစစ်က ရခိုင်ပြည်နယ်နဲ့ တခြားဒေသတွေမှာလည်း ဖြစ်နေတယ်။ အပြစ်မဲ့ပြည်သူတွေ ကလေးတွေသေနေတာတွေကို ကျနော်တို့ကျောင်းသားတွေက ဆန္ဒပြတဲ့အခါကျတော့ ကျနော်တို့ကျောင်းသားတွေကိုဖမ်းတယ်။ ရုံးထုတ်တာလည်းမရှိဘူး လေးလလောက်ရှိပြီ။ သက်သက်ဒါက ကျောင်းသားတွေမို့လို့ အနိုင်ကျင့်တယ်လို့ ကျနော်ကမြင်တယ်။ ဒါကို ငြိမ်မခံဘူးဆိုတာကို ပြတဲ့အနေနဲ့ ခုလှုပ်ရှားမှုကို လုပ်တာပါ”လို့ VOMကို ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ အစိုးရနှစ်ဆက်ပြောင်းလာပေမယ့် ဒီမိုကရေစီအစိုးရဖြစ်မလာဘူးဆိုတာကို လက်ရှိဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို ကြည့်ခြင်းဖြင့် သိနိုင်ကြောင်းနဲ့ နိုင်ငံမှာ…

Read More

မိုးကုတ်မှာ ကျောက်တွင်းမြေပြိုကျလို့ ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

ဇန်နဝါရီ ၃-၂၀၂၁ ကိုတိုးကြီး (VOM) မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ရှောလီဝိုင်းအုပ်စု၊ ဘရန်သျှို ငါးရန့်အင်း အထက်ဘက် ကျောက်မျက်လုပ်ကွက်တစ်ခုမှာ ဒီကနေ့ နေ့လယ်ပိုင်းက ကျောက်တွင်းမြေပြိုကျရာကနေ လူ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ မိုးကုတ်မြို့ မြတ်စေတနာ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။ “မြေပြိုကျပြီး တွင်းပိသွားတာပါ၊ တွင်းထဲမှာ ဗြုန်း(မြေ)တူးနေတဲ့ လူ ၂ ယောက် မြေပိတာဖြစ်တယ်၊ ၁ ယောက်လို့ ၁ ယောက် ဒဏ်ရာရတယ်”လို့ မြတ်စေတနာမွန် လူမှုကူညီရေးအသင်း အဖွဲ့ဝင် ကိုဖိုးလပြည့်က ပြောပါတယ်။ ကျောက်တွင်း မြေပြိုကျတဲ့နေရာကို ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးနိုင်ဖို့ မိုးကုတ်မြို့ပေါ်က လူမှုကူညီးရေးအဖွဲ့တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ အချိန်မီ ရောက်လာတဲ့အတွက် အသက်ရှင်လျက် ၁ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ကျန် ၁ ယောက်ရဲ့ ရုပ်အလောင်းကို ခက်ခက်ခဲခဲ…

Read More

အိန္ဒိယမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်မျိုးကို အတည်ပြုပြီ

ဒေလီ၊ ဇန်နဝါရီ-၃-၂၀၂၁ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံဟာ ကာကွယ်ဆေး အကြီးအကျယ်ထိုးနှံမယ့် အစီအစဉ်တစ်ရပ်ကို ပြင်ဆင်နေချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနှစ်မျိုးကို အရေးပေါ်အသုံးပြုဖို့အတွက် တရားဝင်အတည်ပြုလိုက်ပါတယ်။ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ အရေးပေါ်အသုံးပြုဖို့အတွက် AstraZeneca နဲ့ Oxford University ထုတ်ကွယ်ဆေးနဲ့ ပြည်တွင်းအခြေစိုက် Bharat Biotech တို့ရဲ့ ကာကွယ်ဆေးတွေကို ခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။ ဒါဟာ ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ဖို့အတွက် အလှည့်အပြောင်းဖြစ်စေမယ့် ဆုံးဖြတ်ချက်ဖြစ်တယ်လို့ အိန္ဒိယဝန်ကြီးချုပ်မိုဒီက ပြောပါတယ်။ အိန္ဒိယနိုင်ငံဟာ အခုနှစ်အတွင်း ပြည်သူသန်း ၃၀၀ ကျော်ကို ကာကွယ်ဆေးထိုးနှံပေးဖို့ စီစဉ်ထားပါတယ်။ နိုင်ငံအတွင်းမှာ လက်ရှိအချိန်ထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀ ဒသမ ၃ သန်းရှိနေပြီး ကမ္ဘာပေါ်မှာ ကူးစက်မှုအမြင့်ဆုံးနိုင်ငံတွေထဲမှာ ဒုတိယအဖြစ် ရပ်တည်နေပါတယ်။ ရောဂါကြောင့် သေဆုံးသူဟာလည်း တစ်သိန်းခွဲနီးပါးထိရှိနေပါတယ်။လူဦးရေး ၁ ဒသမ ၃ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံမှာ…

Read More
VOM News

FREE
VIEW