ဇန်နဝါရီ ၂၉ -၂၀၂၁ သိင်္ဂီထွန်း(VOM) အောင်ဘာလေ ထီလက်မှတ်တွေကို အစိုးရသတ်မှတ်တဲ့ဈေးထက် ပိုပြီးရောင်းချနေတဲ့ ထီလုပ်ငန်းရှင်တွေကို ထီဝယ်ခွင့်ပါမစ်ပြန်လည်သိမ်းဆည်းခြင်း၊ အာမခံပေးသွင်းထားတဲ့ငွေကို ဘဏ္ဍာငွေအဖြစ်သိမ်းဆည်းပြီး အရေးယူမှုတွေ လုပ်ဆောင်နေတယ်လို့အောင်ဘာလေသိန်းဆုဌာနခွဲ(ရန်ကုန်)ကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်မှာဆိုရင် ထီလက်မှတ်တွေကို စျေးတက်ရောင်းချခဲ့တဲ့ ထီလုပ်ငန်းရှင်တွေကို အရေးယူမှုအဖြစ် လုပ်ငန်းရှင် ၄၀၀၀ ကျော်နဲ့ သူတို့ Deposit တင်ထားတဲ့အာမခံငွေကျပ် သိန်းပေါင်း ၆၀၀၀ ကျော်ကို ဘဏ္ဍာငွေအဖြစ်သိမ်းခဲ့ပြီး ထီစာအုပ်ဝယ်ခွင့်ပါမစ် ၂၆၉၀၀၀၀ ကျော်ကို ပြန်လည်သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ “ထီဈေးတက်လို့ တိုင်ကြားတာတွေရှိတယ်။ ကျနော်တို့က စာချုပ်ပါစည်းကမ်းအတိုင်းအရေးယူပါတယ်။ သဘောတူစာချုပ်မှာ နိုင်ငံတော်သတ်မှတ်တဲ့ဈေးထက်ပိုရောင်းတာဖြစ်တဲ့အတွက် သူရဲ့အာမခံသွင်းထားတဲ့ deposit ငွေတွေကိုပြန်လည်သိမ်းဆည်းတယ်၊ သူတို့ရဲ့ထီဝယ်ယူခွင့်စာအုပ်ကိုပြန်သိမ်းတယ်။ ကျနော်တို့က တိုင်ကြားမှ အရေးယူတာမဟုတ်ဘူး၊ သတင်းကြားတာနဲ့အရေးယူတာပါ”လို့အောင်ဘာလေသိန်းဆုဌာနခွဲ(ရန်ကုန်) ညွှန်ကြားရေးမှူး ဦးညီညီလှိုင်ကပြောပါတယ်။ ထီလက်မှတ်တွေကို ဈေးတက်ပြီးရောင်းချမှုရှိ၊မရှိကို အောင်ဘာလေသိန်းဆုဌာနခွဲရုံးတွေအနေနဲ့ လစဉ်စစ်ဆေးမှုတွေပြုလုပ်မှုရှိနေတာကြောင့် လစဉ်အရေးယူမှုတွေရှိကြောင်း၊ ပြည်သူတွေအနေနဲ့လည်း…
Read MoreMonth: January 2021
တပ်မတော်က တစ်နိုင်ငံလုံး စစ်ရေးလှုပ်ရှားမှု ၁ လ ရပ်ဆိုင်းကြောင်း အပေါ် သဘောထားများ
ဇန်နဝါရီ ၂၉- ၂၀၂၁ ထက်အောင်စိုင်း (VOM) တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မြန်မာနိုင်ငံတစ်ဝန်းလုံးအတွင်း တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို (၁)လတိတိ ရပ်ဆိုင်းကြောင်း မနေ့ ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းက တရားဝင်ကြေညာလိုက်ပါတယ်။ တပ်မတော်အနေနဲ့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေ တိုးမြှင့်ရပ်ဆိုင်းပေးထားတဲ့ကာလတွေကို အရင်ကထက် ပိုမိုထိရောက်စွာနဲ့ အကျိုးရှိရှိအသုံချကာ ထာဝရငြိမ်းချမ်းရေးကိုရအောင် သက်ဆိုင်ရာ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေအနေ့နဲ့လည်း ဆွေးနွေးညှိနှိုင်းပြီး ဝိုင်းဝမ်းကြိုးပမ်းကြစေလိုတယ်လို့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နေကြတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေအနေနဲ့ တိုင်းရင်းသားတွေလိုလားတဲ့ ပြည်ထောင်စုငြိမ်းချမ်းသာယာရေး၊ လူမှုစီးပွားဖွံ့ဖြိုးရေး၊ ဒီမိုကရေစီလမ်းစဉ်ကို နည်းမှန်လမ်းမှန် လျှောက်လှမ်းနိုင်ရေးတို့အတွက်လည်း ဝိုင်းဝမ်းကြိုးပမ်းကြစေလိုတယ်လို့ တပ်မတော်ကထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ တပ်မတော်ဖက်က အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက်ဟာ ကောင်းမွန်းတဲ့အရာဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်(၄)ဖွဲ့မှာပါတဲ့ တအန်းအမျိုးသားလွှတ်မြောက်းရေးတပ်မတော် TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်ကပြောပါတယ်။ ” ဒီထုတ်ပြန်ချက်ကတော့ ကောင်းတာပေါ့။ လက်တလော လူထုခံစားနေရတဲ့ တိုက်ပွဲကြောင့်…
Read Moreလတ်တလောမြန်မာ့အရေးကို ကုလအကြီးအကဲ စိုးရိမ်၊ ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့တိုက်တွန်း
နယူးယောက်၊ ဇန်နဝါရီ ၂၉-၂၀၂၁ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး လွန်စွာစိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်ကို ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ဇန်နဝါရီ ၂၈ ရက်မှာ ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ပါဝင်နေသူတွေအနေနဲ့ သွေးထိုးလှုံ့ဆော်ဖို့စတဲ့ အပြုအမူတွေကို မလုပ်ကြဖို့နဲ့ ခေါင်းဆောင်မှုကို ပြသဖို့ ၊ ဒီမိုကရေစီစံနှုန်းတွေကို လိုက်နာဖို့နဲ့ နိုဝင်ဘာ ၈ ရက်ကကျင်းပတဲ့ ရွေးကောက်ပွဲရလဒ်ကို လေးစားလက်ခံဖို့ ကုသလမဂ္ဂအကြီးအကဲ ဂူတာရက်စ်က တိုက်တွန်းလိုက်တယ်လို့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို တရားဝင်သတ်မှတ်ထားတဲ့ ဥပဒေကြောင်းအရ ဖြေရှင်းဖို့ကိုလည်း ကုလအကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။ ငြိမ်းချမ်းရေး၊ အားလုံးပါဝင်တဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ လူသားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စတွေမှာ မြန်မာပြည်သူပြည်သားတွေရဲ့ မျှော်မှန်းလုပ်ဆောင်ချက်တွေကို ကုလသမဂ္ဂက ဆက်လက်ထောက်ခံသွားမယ်လို့ ဂူတာရက်စ်က ထပ်လောင်းအတည်ပြုခဲ့ပါတယ်။ Ref:…
Read Moreဘယ်လိုလူတွေ ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးလို့မရတာလဲ
ဇန်နဝါရီ ၂၉ -၂၀၂၁ ရန်အောင်ထွန်း(VOM) Covid-19 ကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်မိခင်တွေ၊ ဖျားနာနေသူတွေနဲ့ ၁၄ ရက်အတွင်း အခြားကာကွယ်ဆေး ထိုးထားသူတွေအနေနဲ့ ထိုးလို့ရမှာ မဟုတ်ဘူးလို့ မြစ်ကြီးနားဆေးရုံကနေ သိရပါတယ်။ မနေ့ ဇန်နဝါရီ ၂၈ ရက် မနက်ပိုင်းက မြစ်ကြီးနားဆေးရုံကြီးမှာ ကျန်းမာရေးဝန်ထမ်း ၅၈၂ ဦးကို Covid-19 ကာကွယ်ဆေး ထိုးပေးတဲ့အခါ သွေးတိုးနေလို့ ခဏနားရတာမျိုး ကြုံရပေမယ့် သွေးပေါင်ကျသွားအောင် ပြန်စောင့်ထိုးပေးခဲ့ရတယ်လို့ မြစ်ကြီးနားဆေးရုံအုပ်ကြီး ဒေါက်တာတင်လှက ပြောပါတယ်။ Covid-19 ကာကွယ်ဆေး ထိုးလို့မရနိုင်တဲ့သူတွေအကြောင်း မေးကြည့်တော့လည်း ကိုယ်ဝန်ဆောင်မိခင်၊ ဖျားနေသူနဲ့ အခြား ကာကွယ်ဆေးကို ၂ ပတ်အတွင်း ထိုးထားသူတွေ ထိုးလို့ရမှာမဟုတ်ဘူးလို့ ဒေါက်တာတင်လှက ပြောပါတယ်။ မြစ်ကြီးနားဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေကိုထိုးပေးတဲ့ ကာကွယ်ဆေးအရေအတွက်ကတော့ ၁၀ ဦးစာပါ ဆေးအလုံးပေါင်း ၅၈ လုံးကျော် အသုံးပြုခဲ့ပါတယ်။ မနေ့…
Read Moreရှမ်းပြည်နယ်၀န်ကြီးချုပ်ကို နိုင်လွတ်လုံနဲ့ တိုင်ကြား
ဇန်နဝါရီ ၂၈-၂၀၂၁ နေနန်းနွယ်(VOM) ရှမ်းပြည်နယ်၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကို ဒီကနေ့ တောင်ကြီးမြို့မရဲစခန်းမှာ လာရောက်တိုင်ကြားထားတယ်လို့ သိရပါတယ်။ “၀န်ကြီးချုပ်ကို နိုင်လွှတ်လုံနဲ့အမှုဖွင့်တာပါ၊ တာချီလိတ်က ဒေါ်နန်းခမ်းတစ်ပိုင်တဲ့မြေပေါ်မှာ မြေယာကျူးကျော်တယ်၊ ဒါကို ကျွန်တော်တို့က ၂၀၁၀ မှာ နိုင်ငံတော်သမ္မတအထိ တိုင်ကြားပါတယ်။ နိုင်ငံတော်သမ္မတကနေမှ ပြည်ထဲရေး၊ ပြည်ထဲရေးကနေ စ သုံးလုံး၊ စ သုံးလုံးက စစ်ဆေးပြီးမှ အထောက်အထားတွေ မှန်ကန်တယ်ဆိုတဲ့ကြောင်းကို သမ္မတကို ပြန်တင်ပြတယ်၊ တင်ပြတဲ့အခါမှာ ဒီမြေဟာ ကျူးကျော်ခံရတာမှန်ကန်တယ်၊ အောက်ခြေ၀န်ထမ်းတွေက ဒီဥပဒေနဲ့မညီတာကို ပေါင်းပြီးမှ လုပ်ထားတယ်ဆိုတဲ့ အကြောင်းပေါ့”လို့ အဲ့ဒီမြေပေါ်မှာ ၂၅ နှစ်ကြာနေထိုင်လာတဲ့ တိုင်ကြားသူ ခြံမန်နေဂျာ ဦးယောစုက ပြောပါတယ်။ သမ္မတနဲ့ ဌာနဆိုင်ရာအဆင့်ဆင့်က ရှမ်းပြည်နယ်၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်နဲ့ ပတ်သက်ပြီး မူလမြေပိုင်ရှင်နစ်နာဆုံးရှုံးမှုကို ဖြေရှင်းဆောင်ရွက်ပေးရန် ညွှန်ကြားခဲ့တယ်လို့ ဦးယောစုကပြောပါတယ်။ ” ၂၀၁၆ မှာ ညွှန်ကြားထားတယ်၊…
Read Moreစစ်ကိုင်းမြို့မှာ ဖခင်ဖြစ်သူက သမီးအရင်းကို အဓမ္မပြုကျင့်မှုဖြစ်ပွား
ဇန်နဝါရီ ၂၈ -၂၀၂၁ မောင်တာရာ (VOM) စစ်ကိုင်းမြို့နယ်၊ နောက်ကြည့်ကျွန်ကျေးရွာအုပ်စု၊ ရိပ်သာကျွန်းရွာမှာ မနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ ညဦးပိုင်းအချိန်ခန့်က ဖခင်ဖြစ်သူက အသက် ၁၃နှစ်အရွယ်သမီးအရင်းကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းနယ်မြေရဲစခန်းကနေ သိရပါတယ်။ ” ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ စိုးလှိုင်(၃၁)နှစ်ကို စစ်ကိုင်းနယ်မြေရဲစခန်းက (ပ) ၃ /၂၀၂၁၊ ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် ဖမ်းဆီးအရေးယူထားတယ်”လို့ နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်သန်းကပြောပါတယ်။ စစ်ကိုင်းမြို့နယ်၊ ရိပ်သာကျွန်းရွာကအသက်၁၃နှစ်အရွယ် သမီးဖြစ်သူဟာ မိခင်နဲ့အတူ စစ်ကိုင်းမြို့ ခုတင်၂၀၀ ဆံ့ပြည်သူ့ဆေးရုံကို ဒီကနေ့ ဇန်နဝါရီလ ၂၈ ရက် နေ့လယ်၁၂ နာရီကျော်အချိန်ခန့်က ရောက်ရှိလာပြီး ဖခင်ဖြစ်သူက အဓမ္မပြုကျင့်ကြောင်း ပြောပြကာ လာရောက်ပြသခဲ့ပါတယ်။ အဲ့ဒီသတင်းအရ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး မြို့နယ်ရဲမှူးနဲ့ နယ်မြေရဲစခန်းမှူးတို့သွားရောက်ပြီး မိခင်ဖြစ်သူ နဲ့ အဓမ္မပြုကျင့်ခံရသူကို…
Read Moreသင်္ဃန်းကျွန်းနဲ့အလုံမြို့နယ်မှာ တပ်ကိုထောက်ခံပြီး UECကိုကန့်ကွက်ကြောင်းဆန္ဒပြ
ဇန်နဝါရီ ၂၈ -၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့ရှိ သင်္ဃန်းကျွန်းမြို့နယ်နဲ့ အလုံမြို့နယ်မှာ တပ်မတော်ကိုထောက်ခံပြီး UEC ကိုကန့်ကွက်ကြောင်း ဆန္ဒပြပွဲကို ဒီကနေ့မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတို့မှာ ပြုလုပ်ခဲ့ကြပါတယ်။ တပ်မတော်ကို ဝန်းရံထောက်ခံပြီး UEC ကိုကန့်ကွက်ကြောင်း အလုံမြို့နယ်၊ သခင်မြပန်းခြံရှေ့မှာ ဒီကနေ့နေ့လယ် ၃နာရီက ဦးဆောင်သူဦးမြင့်စန်းအပါအ၀င် လူ၁၁ဦးတို့က ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲဦးဆောင်သူ ဦးမြင့်စန်းက “တပ်မတော်က သတင်းစာရှင်းလင်းပွဲမှာ ပြောသလို မီဒီယာရော ပါတီတွေတွေရော ပြည်သူတွေရော ကြိုက်တဲ့သူလာစစ်လို့ အာမခံပြီးပြောခဲ့တယ်၊ တပ်မတော်က စီစစ်ထားတဲ့မဲစာရင်းတွေကို တပ်မတော်လို UECက အာမခံပြီး စစ်ဆေးခိုင်းရဲလား၊ အခုလို UECကိုကန့်ကွက်ဆန္ဒပြရတာကလည်း မဲမသမာမှုတွေရှိနေပါလျက်နဲ့ တိုင်ကြားမှုတွေကိုမဖြေရှင်းဘဲ ရေငုံနှုတ်ပိတ်နေတဲ့အတွက် အခုလို ဆန္ဒဖော်ထုတ်ရတာဖြစ်တယ်”လို့ ပြောပါတယ်။ ဆန္ဒပြသူတွေဟာ တရားရေးဌာန အမှန်တရားဖော်ထုတ်ပေးရေး ဒို့အရေး၊ မီဒီယာများ အမှန်တရားဖော်ထုတ်ပေးရေး ဒို့အရေး၊ ပြည်ထောင်စုလွှတ်တော်အတွင်း တရားဥပဒေစိုးမိုးရေး ဒို့အရေးစတဲ့ စာသားတွေနဲ့…
Read MoreVoice Of Myanmar ရဲ့ သတင်းစုံလင် မြန်ပြည်တခွင် ဇန်နဝါရီ ၂၈ ညနေခင်းအစီအစဉ်
ဇန်နဝါရီ၊ ၂၈- ၁- ၂၀၂၁ (VOM) – ကိုဗစ်ကာကွယ်ဆေးကို နောက်လမှာ ပြည်သူထဲကနေ သတ်မှတ်အဆင့်လိုက် ထိုးခွင့်ရမယ် – ရန်ကုန်တိုင်းမှာ ကိုဗစ်ထောက်ပံ့ကြေး တစ်ကြိမ်မှမရဖူးတဲ့ ထပ်တိုးစာရင်းပါသူတွေကို တအိမ်ထောင် ၄သောင်းထောက်ပံ့ – တပ်မတော်ထောက်ခံပြီး UECကိုကန့်ကွက်ကြောင်း သဃ်န်းကျွန်းနှင့်အလုံမြို့နယ်တွေမှာ ဆန္ဒပြ – ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စာမျက်နှာ ၆ မျက်နာပါတဲ့ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ထုတ်ပြန်ချက်တခု ဒီနေ့ ညနေပိုင်းမှာထွက်လာ – နေရပ်ပြန်ဖို့ လမ်းစပျောက်နေတဲ့ ကျောက်တော်က စစ်ဘေးရှောင်တွေ – ဖာပွန်ခရိုင်အတွင်းက စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ နီးပါး စားနပ်ရိက္ခာလိုအပ်နေ – စစ်တွေမှာ နေအိမ် (၅) လုံးမီးလောင်၊ သိန်းပေါင်း (၈၀၀)ကျော်ဆုံးရှုံး – ရနောင်းက မြန်မာလုပ်သား ၁၆၀ ကို နေရပ်ပြန်ပို့ – ကရင်ရိုးရာဒုံးအကကို ယူနက်စကိုစာရင်းဝင်ဖို့ မျှော်လင့်ထား…
Read Moreကိုဗစ်ကာကွယ်ဆေးကို နောက်လမှာ ပြည်သူထဲက သတ်မှတ်အဆင့်လိုက် ထိုးခွင့်ရမယ်
မန္တလေး၊ ဇန်နဝါရီ-၂၈ – ၂၀၂၁ ရှိုင်းအောင်(VOM) အိန္ဒိယနိုင်ငံက ရောက်ရှိတဲ့ ကိုဗစ်ကာကွယ်ဆေး အလုံးရေတသိန်းခွဲ၊ ထိုးနိုင်တဲ့လူဦးရေ လူတသန်းခွဲစာကို ပထမဦးစားပေးစနစ်အနေနဲ့ ထိုးပေးမှာဖြစ်သလို ကျန်းမာရေးဝန်းထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကိုတော့ ဇန်နဝါရီ ၂၇ရက်ကစပြီး ထိုးပေးနေပြီဖြစ်ပါတယ်။ အဲလိုထိုးဖို့ နယ်တွေကိုလည်းပို့ပေးနေတာမှာ ဇန်နဝါရီ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက လေရှီးမြို့ကို ရောက်တဲ့ ကိုဗစ်ကာကွယ်ဆေးထည့်တဲ့ ဆေးပုံးမှာ Alarm Cross ပြနေလို့ အထက်အဆင့်ဆင့်ကို အကြောင်းကြားထားပေ မယ့် အကြောင်းမပြန်သေးလို့ ထိုးနှံတာတွေ မလုပ်သေးကြောင်း လေရှီးအုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းမှာ သတင်းထွက်ပေါ်နေပါတယ်။ အဲ့ဒီကိစ္စအပါအဝင် ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေ ၊ ကာကွယ်ဆေးထိုးပေးဖို့ အဆင့် အလိုက်သတ်မှတ်ထားပုံတွေ သိနိုင်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးကို VOM သတင်းထောက် ကိုရှိုင်းအောင်က…
Read Moreတရုတ်ဖိအားဒါဏ်ခံနေရတဲ့ အရှေ့တောင်အာရှနိုင်ငံတွေဘက်က အမေရိကန်ရပ်တည်မယ်
ဝါရှင်တန်၊ ဇန်နဝါရီ ၂၈-၂၀၂၁ မျိုးဆက် (VOM) နိုင်ငံတကာ ဥပဒေတွေကခွင့်ပြုထားတာထက်ကျော်လွန်နေတဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံရဲ့ ရေကြောင်းပိုင်ဆိုင်မှု တောင်းဆိုနေတာတွေကို အမေရိကန်က ပယ်ချလိုက်ပြီး တရုတ်ရဲ့ဖိအားကို တွန်းလှန်နေရတဲ့ အရှေ့တောင်အာရှနိုင်ငံတွေဘက်က ရပ်တည်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်းကင်က ပြောဆိုလိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တီအိုဒိုရိုလော့ဆင်နဲ့ တယ်လီဖုန်းဆက်သွယ်ပြောဆိုရာမှာ ဘလင်းကင်က ဒီလိုမှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ တောင်တရုတ်ပင်လယ်ပြင်အရေးမှာ တရုတ်နိုင်ငံရဲ့ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့အတူ ရပ်တည်သွားဖို့ ကတိပြုတယ်လို့ အမေရိကန်နိုင်ငံခြားဝန်ကြီး ဘလင်းကင်က ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံဟာ အဓိကကုန်သွယ်ရေကြောင်းလမ်းဖြစ်ပြီး စွမ်းအင်ပေါကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ်ပြင် တစ်ခုလုံးကို ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားပါတယ်။ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနဲ့ ထိုင်ဝမ်တို့ကလည်း တောင်တရုတ်ပင်လယ်အစိတ်အပိုင်းတွေကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားကြပါတယ်။ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ပြင်အတွင်း သူ့ရဲ့တည်ရှိမှုကို တိုးမြှင့်ဖို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကို အားသာချက်အဖြစ် အသုံးချနေတယ်လို့…
Read More