ညောင်ဦးရွှေစည်းခုံစေတီက ဘုရားငွေတွေ သိမ်းခံရတာမဟုတ်ဘဲ မြန်မာ့စီးပွားရေးဘဏ်မှာပဲရှိနေဆဲ

ဖေဖော်ဝါရီ ၁၈ -၂၀၂၁
သိင်္ဂီထွန်း(VOM)

ညောင်ဦးရွှေစည်းခုံစေတီက ဘုရားရန်ပုံငွေ စုစုပေါင်း သိန်း ၇ဝဝဝ ကျော် ဓားပြတိုက်ခံရတယ်ဆိုတာ ကောလဟာလဖြစ်ပြီး ဘုရားငွေတွေကို မြန်မာ့စီးပွားရေးဘဏ်မှာ အပ်နှံထားတယ်လို့ ရွှေစည်းခုံဘုရားဂေါပကအဖွဲ့ ရုံးအဖွဲ့မှူးကနေ သိရပါတယ်။

“ဘုရားငွေတွေက လက်ရှိမှာ မြန်မာ့စီးပွားရေးဘဏ်မှာပဲ ငွေစာရင်းစာအုပ်ဖွင့်ပြီး အပ်ထားတယ်။ ဒီသတင်းကိုဖြန့်တဲ့သူတွေအနေနဲ့ သတင်းကို တိတိကျကျသေချာမှ တင်တာကောင်းမယ်လို့ ကျနော်ကတော့ပြောချင်ပါတယ်”လို့ ရွှေစည်းခုံဘုရားဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးသန်းမြင့်ဦးက ပြောပါတယ်။

ဒါကြောင့် ဘုရားရဲ့ ဘဏ္ဍာတော်ငွေတွေကို ဓားပြတိုက်ခံရခြင်းမရှိသလို လူပုဂ္ဂိုလ်အဖွဲ့အစည်းတစ်ခုခုကို လွှဲပြောင်းထုတ်ပေးခြင်း စတဲ့ဖြစ်စဉ်တွေ လုံးဝမရှိကြောင်း ရွှေစည်းခုံဘုရားဂေါပကအဖွဲ့ က ဒီကနေ့ဖေဖော်ဝါရီ ၁၈ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ရွှေစည်းခုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ထိန်းသိမ်ထားတဲ့ ဘဏ္ဍာဘော်ငွေတွေကို ခွင့်ပြုချက်ရရှိပြီးဖြစ်တဲ့ ဆောင်ငွေ ၅-သိန်းကျပ်က လွဲပြီး ကျန်ရှိငွေကြေးတွေကို မြန်မာစီးပွားရေးဘဏ်မှာသာ အပ်နှံထားခြင်းဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

လူမှုကွန်ယက်( FACEBOOK)မှာတော့ ပုဂံညောင်ဦးရွှေစည်းခုံဘုရား ရဲ့ အလှူငွေကျပ်သိန်း-၇၀၀၀ ကျော်ဟာ နေ့ခင်းကြောင်တောင်ဓားပြတိုက်ခံရတယ်ဆိုတဲ့ သတင်းထွက်ပေါ်နေတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပုဂံ #ရွှေစည်းခုံဘုရားပိုင်ငွေ #မြန်မာ့စီးပွားရေးဘဏ်မှာသာရှိ

Related posts

Leave a Comment

VOM News

FREE
VIEW