ပုသိမ်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ထိပ်တိုက်တွေ့

ဖေဖော်ဝါရီ ၁၈-၂၀၂၁
AA

ဒီနေ့ ဖေဖော်ဝါရီ ၁၈ရက်နေ့ ပုသိမ်မြို့က အာဏာရှင်ဆန့်ကျင်ရေး မြို့တွင်းလှည့်လည်ဆန္ဒပြရာမှာ ရဲတပ်ဖွဲ့က လမ်းတစ်ချို့ကိုပိတ်ဆို့ထားခဲ့ပြီး မြကျွန်းသာအိမ်ရာလမ်းထိပ်မှာတော့ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေထိပ်တိုက်တွေ့ခဲ့တယ်လို့ သိရပါတယ်။

နောက်ပိုင်းမှာတော့ ဆန္ဒပြသူတွေဟာ လာရာလမ်းအတိုင်းပြန်လှည့်ခဲ့ကြပါတယ်။

ပုသိမ်မြို့မှာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတာ ဒီနေ့နဲ့ဆိုရင် ၁၃ရက်မြောက်နေ့ ရှိပြီဖြစ်ပြီး ဒီနေ့မှာ မဲရုံတာဝန်ကျဆရာ ၊ဆရာမတွေပါ ပါဝင်ခဲ့တာကို‌ တွေ့ရပါတယ်။

#VoiceOfMyanmar #VOM #ပုသိမ် #ဆန္ဒပြ #ရဲတပ်ဖွဲနဲ့ထိပ်တိုက်တွေ့

ပုသိမ်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ထိပ်တိုက်တွေ့

Related posts

Leave a Comment

VOM News

FREE
VIEW