တောင်ငူမှာ ဆန္ဒပြပွဲ ဆက်လုပ်ဖြစ်

ဖေဖော်ဝါရီ ၂၃ -၂၀၂၁
သတင်း+ဓါတ်ပုံ KS

တောင်ငူမှာ နှစ်ငါးလုံးအ ထွေထွေသပိတ်အပြီး ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင် ရေးဆန္ဒ ဖေါ်ထုတ်မှုတွေဆက်ဖြစ်ခဲ့ပါတယ်။

ဆန္ဒ ဖေါ်ထုတ်ပွဲကို CDM လုပ်နေသော ပညာ ရေးဌာနမှ ဆရာ၊ဆရာမများ၊ တောင်ငူတက္ကသိုလ် ဗကသများအဖွဲ့ချုပ်နှင့် တက္ကကျောင်းသားများ ၊ ပြည်သူများ နှင့် တောင်ငူဂီတချစ်သူများ ပါဝင်ခဲ့ပြီး အင်အား ၁ထောင်ကျော်ခန့်ရှိပါတယ်။

သပိတ်စစ်ကြာင်းတွေဟာ တောင်ငူမြို့တွင်းလှည့်လည် ဆန္ဒ‌ ဖေါ်ထုတ်ခဲ့ပြီး ၊ တောင်ငူတက္ကသိုလ် ဗကသအဖွဲ့ချုပ်နဲ့ တက္ကသိုလ် ကျောင်းသားတွေက လမ်းမကျယ်မှာ အထိုင်သပိတ်ပြုလုပ်ပြီး ၁၁ မှာ လူစုခွဲမှာဖြစ်ပါတယ်။

#voiceofmyanmar #VOM #တောင်ငူ

တောင်ငူမှာ ဆန္ဒပြပွဲ ဆက်လုပ်ဖြစ်

Related posts

Leave a Comment

VOM News

FREE
VIEW