အာဏာသိမ်းယူမှု အလိုမရှိကြောင်း ဘားအံမှာ ထိုင်သပိတ်ဆန္ဒပြ

ဘားအံ-ဖေဖေါ်ဝါရီ-၂၃-၂၀၂၁
ခွန်ခမ့်သူ(VOM)

အာဏာသိမ်းယူမှုကို အလိုမရှိကြောင်း ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကန်သာယာ (ညဈေး)မှာ ဖေဖော်ဝါရီ ၂၃ ရက် မနက် ၉ နာရီခန့်က လူဦးရေ ၃၀၀ ခန့်ဟာ ထိုင်သပိတ်ပြုလုပ်ကာ ဆန္ဒပြခဲ့ကြပါတယ်။

“စစ်အာဏာရှင်စနစ်က လက်တွေ့တောင် ပြောပြစရာတောင်မလိုပါဘူး။ လူတိုင်း ကြုံတွေ့ခံစားနေရတယ်။ ဘိုးဘွားခေတ်တုန်းကလိုမျိုး မကျရောက်စေချင်တော့ဘူး။ ကိုယ်တွေလို နောက်မျိုးဆက်ထိ မခံစားစေချင်တော့ဘူး။ ဒါကြောင် စစ်အာဏာရှင်စနစ်ကို မကြိုက်ဘူး။ မုန်းတယ် ” လို့ ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူက ပြောပါတယ်။

ဆန္ဒပြသပိတ်စစ်ကြောင်းဟာ နာရီစင်စုရပ်ကနေ အထက ၁ ကျောင်းလမ်းအတိုင်း ကန်သာယာ( ညဈေး)အထိ ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ စီးတန်းလှည့်လည်ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

သပိတ်စစ်ကြောင်းမှာ ဆရာ ဆရာမတွေ ကျောင်းသားကျောင်းသူတွေ၊ အင်ဂျင်နီယာတွေ၊ ဘဏ်ဝန်ထမ်းတွေ၊ မြို့ခံပြည်သူတွေ၊ အင်အား ၃၀၀ ကျော် ပါဝင်ဆန္ဒပြခဲ့ပါတယ်။

ထိုင်သပိတ်ဆန္ဒပြနေစဉ် ရဲတပ်ဖွဲ့ဝင်တွေက အသံချဲ့စက်အသုံးပြုပြီး လူစုခွဲပေးဖို့ ဟန့်တားတာတွေရှိပေမယ့် ဆန္ဒပြပွဲကိုပြီးဆုံးတဲ့အထိ တြွေးကြော်သံတွေနဲ့ ထိုင်သပိတ်ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြပွဲမှာ G-Z လူငယ်တေးဂီတအဖွဲ့က ကမ္ဘာမကြေဘူးစတဲ့ ဂုဏ်ပြုတေးသီချင်းတွေနဲ့ သီဆိုပေးခဲ့ပါတယ်။

#voiceofmyanmar #VOM #ဘားအံ

အာဏာသိမ်းယူမှု အလိုမရှိကြောင်း ဘားအံမှာ ထိုင်သပိတ်ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW