“အမှိုက်က စ ပြသာဒ်မီးလောင်သလိုပေါ့ UECက မဲစာရင်းကိစွနဲ့ပတ်သက်ပြီး ဖြေရှင်းခဲ့ရင် တပ်မတော်က အာဏာသိမ်းဖို့ အကြောင်းရှာ လို့မရတော့ဘူး” ဦးရဲထွန်း(သီပေါ)

ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁
အေးချမ်းသူ (VOM)

တပ်မတော်က အာ့ကြောင့်အာဏာရယူခဲ့လဲ။ ဒီဖြစ်စဉ်တွေဟာ ဘာကြောင့်ဖြစ်ခဲ့တာလဲ။ နောင်အနာဂတ်မှာ မြန်မာနိူင်ငံရဲ့အခြေအနေဟာ ဘယ်လိုတွေဖြစ်လာနိူင်လဲဆိုတာ နိူင်ငံရေးလေ့လာသူတစ်ဦးဖြစ်တဲ့ ဦးရဲထွန်း(သီပေါ)နဲ့ VOM သတင်းထောက် အေးချမ်းသူက ဆက်သွယ်မေးမြန်းထားပါတယ်။

 

VOM – လက်ရှိအခြေအနေတွေအရ အာဏာသိမ်းတာ အာဏာလွှဲပြောင်းယူတာဆိုတာတွေက အဓိက ဘာကြောင့် ဖြစ်လာရတယ်လို့ မြင်လဲ။

UYT – အကြောင်းအရင်းက နှစ်ချက်ရှိတယ်။ အခြေခံအကြောင်းအရင်းနဲ့ လတ်တလော အကြောင်းအရင်းနှစ်ချက်ရှိတယ်။ အခြေခံ အကြောင်းအရင်းတွေကတော့ တပ်ကလာတဲ့NLDနဲ့ပြိုင်ဘက် ပါတီတွေ ဒီတစ်ကြိမ်ရွေးကောက်ပွဲ မှာတော်တော်များများ ပါတီတွေက အရွေးမခံရဘူး။ အထူးသဖြင့် ပြည်မကို အခြေခံတဲ့ နိူင်ငံရေးပါတီကြီးတွေပေါ့။ ဦးရွှေမန်းပါတီ၊ ဒေါက်သက်သက်ခိုင်ပါတီ၊ ဦးသိန်းညွန့်
တို့ NDFတို့ တစညတို့ အဲ့လိုပါတီကြီးတွေက လုံးဝအရွေးမခံရဘူး။ တိုင်းရင်းသားပါတီတွေ တော်တော်များများလဲ အရွေးမခံရဘူး။

 

အဲ့မှာသူတို့အမြင်တစ်ခု ဘာတူလာလဲဆိုတော့ ပြည်ခိုင်ဖြိုးနဲ့ပေါ့။ NLDမှာ ဒေါ်အောင်ဆန်းစုကြည် ရှိနေသရွေ့ နိုင်ဖို့မလွယ်ဘူး။ လွှတ်တော်ထဲမှာ ပြည်သူလူထုကိုယ်စားပြုတဲ့ အလွှာပေါင်းစုံ မရောက်နိူင်တော့ဘူးဆိုတဲ့ အမြင်တူလာကြတယ်။ တချို့ပါတီတွေဆို ထုတ်ဖော်ပြောတာတောင်ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်အလွန်ကာလကို မျှော်မှန်းပြီးတော့ ပါတီ
တည်ဆောက်ရေးလုပ်နေတယ်။ ဝင်ရောက်ယှဉ်ပြိုင်တယ်ပေါ့ဗျာ အဲ့လိုပြောတယ်။

 

အဓိပ္ပါယ်က ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရှိ နေသရွေ့ကတော့ မနိုင်နိုင်ဘူး။ လွှတ်တော်ထဲမှာ နေရာမရနိုင်ဘူး ပြောရေးဆိုခွင့် မရနိူင်ဘူးဆိုတဲ့ဟာမျိုး ဝန်ခံတာပေါ့။ အဲ့ဒီဟာအောက်မှာ NLDကလည်း OICတို့လို နိုင်ငံခြားအထောက်အပံ့ ယူထားတယ်ဆိုတဲ့ဟာက ကျယ်ကျယ်ပြန့်ပြန့် အတိုက်အခံ နိုင်ငံရေးသမားတွေ လက်ခံထားတဲ့အမြင်ဖြစ်နေတယ်။ တရားဝင်ထုတ်ပြီး ပြောတာကတော့ ဦးဌေးအောင် ဒီပတ်သက် ဆက်စပ်မှုကိုတော့ နိုင်ငံရေးပါတီ တော်တော်များများက သံသယရှိကြတယ်။ ဆိုလိုတာကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေကို ချိုးဖောက်ထားတာရှိတယ် အရေးယူမခံရဘူးပေါ့။ အဲ့ဒါကတော့ အခြေခံအချက်ပေါ့။

 

၂၀၂၀ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ကိုင်ဆောင်ရွက်ချက်တွေက မျှတမှုမရှိဘူးဆိုတဲ့ အခြေခံပြီး အရေးယူပေးဖို့ တပ်ချုပ်နဲ့သွားတွေ့တဲ့အခါ တပ်ချုပ်ကို သူတို့က အားပေးအားမြောက်ပြုတဲ့စကားတွေပြောတာပေါ့နော်။ အစကတော့ ကျနော်တို့ ခန့်မှန်းတာကတော့ ရွေးကောက်ပွဲကိစွတွေမှာ မပါဘူးလို့ နေချင်တဲ့သဘောတွေ့ရပါတယ်။ သူ ပြောတဲ့ဆိုတဲ့ဟာတွေကြည့်ပြီးတော့။

သို့သော်လည်း အဲ့ဒီပါတီတွေက တောင်းဆိုပြီးတဲ့အခါမျိုးမှာ ရွေးကောက်ပွဲစာရင်းဇယားတွေကို တင်ပြတော့ USDP တို့က စတင်ဖော်ထုတ်တော့ ဒါကိုတွေစစ်ဆေးဖို့လိုတယ်ဆိုပြီး လုပ်တော့ အလွန်အမင်းဖောင်းပွ နေတဲ့ဟာတွေ တွေ့တဲ့အခါမှာ တပ်ကဒါကိုတောင်းတာပေါ့ဗျာ၊ စစ်ဆေးခွင့်ပြုဖို့မေတ္တာရပ်ခံတာပေါ့ဗျာ အဲ့ဒီမှာUECက ခေါင်းမာမာနဲ့ ငြင်းပယ်လိုက်တာက အာဏာသိမ်းဖို့လမ်းကို တဖြည်းဖြည်းနဲ့ ဦးတည်သွားစေတယ်လို့ ကျနော်ကတော့ သုံးသပ်တယ်။

 

VOM- အာဏာသိမ်းထားတဲ့ တစ်လအတွင်းမှာ နစအ ကောင်စီကအာဏာထိန်းနိုင်ပြီလို့ ထင်သလား။

UYT- အခုက ပိုင်ပိုင်နိုင်နိုင် ထိန်းနိုင်ပြီလို့ ယူဆလို့မရသေးပါဘူး။ ဘာကြောင့် အဲ့လိုပြောလဲဆိုတော့ အစိုးရရဲ့ ပြည်သူလူထုအပေါ် ဝန်ဆောင်မှုပေးတဲ့ ဌာနဆိုင်ရာတွေရှိတယ်။ ဥပမာ ဆေးရုံ၊ အုပ်ချုပ်ရေးပိုင်းကဆိုရင် စည်ပင်သာယာတို့ အဲ့ဌာနတွေက CDM လုပ်နေတဲ့ အခါကျတော့ သူတို့ရဲ့ယန္တရားက ကောင်းကောင်းမလည်ပတ်ဘူး။ အထူးသဖြင့် ဘဏ်တွေဆိုလည်း အခုတော်တော်လည်းရပ်သွားတာ ပုဂ္ဂလိကဘဏ်တွေပါ ပါသွားတဲ့အခါကျတော့ အဲ့မှာလည်း စီးပွားရေးနဲ့ပတ်သတ်ပြီး ဘဏ်တွေကလည်း အရေးကြီးတဲ့အခါကျတော့ စီးပွားရေးလည်ပတ်မှုတွေရော ပြည်သူလူထုအတွင်းမှာ ငွေပေးငွေယူကိစွတွေရော ရပ်ဆိုင်းသွားသလိုဖြစ်တော့ အစိုးရယန္တရား လည်ပတ်ဖို့အတွက် အခက်အခဲဖြစ်တာပေါ့ အဲဒါကြောင်မို့ ပိုင်ပိုင်နိုင်နိုင်တော့ မချုပ်ကိုင်နိုင်သေးဘူးလို့ သုံးသပ်တာပါ။

VOM- CDM တွေကြောင့် အာဏာရယူထားတဲ့ တပ်မတော်အတွက် အခက်အခဲဖြစ်စေလား။
UYT- ဖြစ်နိူင်တာပေါ့ဗျာ။ စပြီးCDMလုပ်တာက ပြည်သူ့ဝန်ဆောင်မှုဌာနဖြစ်တဲ့ ကျန်မာရေးဌာနပေါ့။ ပညာတက်တွေဖြစ်တဲ့အခါကျတော့ တိုက်ရိုက်ထိခိုက်တာကတော့ ပြည်သူလူထုပေါ့။ ပြည်သူ့ဆေးရုံကို အားကိုးတဲ့ ဆင်းရဲသားပြည်သူလူထုဖြစ်ပေမဲ့ အဲ့ဒီဂယက်က အခြားဌာနတွေကို ရိုက်သွားပြီး အစိုးရကို ဝင်ငွေရှာပေးတဲ့ဌာနတွေကိုပါ ထိခိုက်တာပေါ့။ အခုဆိုကျနော်ကြားနေရတာ အချို့နေရာတွေမှာဆိုရင် လျှပ်စစ်ကတော့မပြတ်ဘူး။ လျှပ်စပ်ကမပြတ်တောက်ပေမဲ့ မီတာခတွေ အချို့မြို့နယ်တွေမှာ ကောက်ခံတာမရှိဘူးလို့ ကြားရတယ်။ ဒါအစိုးရဝင်ငွေကို ထိခိုက်တာပေါ့။ နောက်တစ်ခါ နယ်စပ်ကုန်သွယ်ရေး တို့ဘာတို့မှာ အလုပ်မလုပ်ဘူး၊ CDMလုပ်တယ်ဆိုတဲ့ အခါကျတော့အစိုးရအတွက် ဝင်ငွေမရဘူးပေါ့ဗျာ။ အဲ့ဒါတွေက ထိခိုက်တာပေါ့။

 

VOM- CDMလုပ်တာ ရောအောင်မြင်နိုင်လား သုံးသပ်ပြောပြပေးပါအုံး။

UYT – CDMကိစွနဲ့ပတ်သက်ရင် ပြောရရင် ဒီလိုရှိတယ်။ဝန်ထမ်းတွေဘက်ကနေ အစိုးရကိုအကျပ်ကိုင်
နိုင်တာဖြစ်သလို အစိုးရဘက်ကလည်း ဝန်ထမ်းတွေကို ပြန်ပြီးတော့ အကျပ်ကိုင်နိုင်တာ ရှိတယ်လေ။ သူတို့ကအဲ့ဒါကို ထုတ်မသုံးသေးဘူး။ ဝန်ထမ်းစည်းမျဉ်းစည်ကမ်းအရပဲ လုပ်နေသေးတယ်။ ပြင်းပြင်းထန်ထန် အရေးမယူသေးဘူး။ ဒါပေမဲ့ နစအ ခေါ်တဲ့ အာဏာလွဲပြောင်းယူထားတဲ့ ကောင်စီအနေနဲ့က ဥပဒေတွေကို ပြဌာန်းနိုင်တယ်၊ ပြင်ဆင်နိုင်တယ်ဆိုတော့ သူက ဒါတွေကိုပြင်းပြင်းထန်ထန် အရေးယူချင်တယ်ဆိုရင် သူကလုပ်လို့ရတာပေါ့။ ဥပဒေပြဌာန်းပြီးတော့ ပြင်းပြင်းထန်ထန်လုပ်လာရင် ဝန်ထမ်းတွေက ဒီCDMလုပ်
ငန်းကိုရပ်ဆိုင်းတာ ဒါမှမဟုတ်ပြန်အလုပ်ဝင်တာ၊ ဒါမှမဟုတ်အလုပ်ပြုတ်တာ အဲ့ဒါမျိုးတွေဖြစ်
လာတယ်ဆိုရင် အစိုးရကပဲ အသာစီးပြန်ရသွားမယ်လို့ ကျနော်ကသုံးသပ်တယ်။

 

VOM – ၁၉၈၈တုန်းကနဲ့ အခု ၂၀၂၁ အာဏာသိမ်းတာ ဘယ်လိုကွာခြားမှုရှိလဲ။

UYT – ၈၈မှာကတော့ အရင်တစ်ပါတီစနစ်ကို မကြိုက်လို့ ပြည်သူလူထုကြီးတစ်ရပ်လုံးက ဆူပူအုံကြွပြီးတော့ စနစ်ကိုတွန်းလှန်တာပေါ့ အဲ့တုန်းက ပြည်သူလူထုရဲ့အခြေအနေက အလုပ်အကိုင်အခွင့်အလမ်း၊ ပြောရေးဆိုခွင့်တွေရော အကုန်လုံးပိတ်ဆို့ခံနေရတဲ့ အနေအထားကနေပြီးတော့ တွန်းလှန်တာ။ ပြောမယ်ဆိုရင် အရှေဥရောပတို့ တရုတ်ပြည်က တီရာမင် အရေးအခင်းတို့ ဆိုဗီယက်ယူနယံ ပြိုကွဲသွားတာတို့ထက် စောတယ်။ ကျနော်က အဲ့ဒီ ၈၈အရေးအခင်းကို ဆိုဗီယက်စနစ်ကြီးပြိုကွဲသွားတဲ့ ၈၉၊၉၀တစ်ဝိုက်က တော်လှန်ပုန်ကန်မှုတွေရဲ့ အော်လိုရာပေါ့ဗျာ၊ အာရုံဦးလို့တောင် တင်စားချင်တယ်။ ၈၈ကတော့ စောတယ် မအောင်မြင်ဘူး။ ဆိုရှယ်လစ်စနစ်လို့ သတ်မှတ်တာရှိသလို အတုအယောင်ဆိုရှယ်လစ်စနစ်လို့ သတ်မှတ်တာလည်းရှိတယ်။ နိုင်ငံတော်က စီပွားရေးကို ချုပ်ကိုင်ပြီး တစ်ပါတီ အာဏာရှင်စနစ် ကျင့်သုံးတာကတော့အတူတူပဲ။ အဲ့ဒါကို ပုန်ကန်ပြီး ဆူပူမှုတွေဖြစ်စေတဲ့အခါကျတော့ တပ်မတော်က အာဏာသိမ်းလိုက်ရတာ ဖြစ်တာပေါ့။ ၈၈က ဆူပူမှုဖြစ်လို့ အာဏာသိမ်းတာ။ လက်ရှိ ၂၀၀၈အခြေခံဥပဒေမှာလည်း အဲ့ဒီလိုအခြေအနေမျိုးတွေအတွက် တပ်မတော်အာဏာ လွဲပြောင်းယူဖို့အတွက် မှန်းပြီးတော့ ရေးထားတယ်။

 

၂၀၂၁မှာ ဖြစ်လာတဲ့အခြေအနေကကျတော့ အဲ့လိုမဟုတ်ဘူး။ ပြည်သူလူထုက တစ်ခဲနက် ထောက်ခံမဲပေးလိုက်တဲ့ ရွေးကောက်ပွဲက သူတို့နိုင်သင့်တာထက် ပိုပြီးတော့နိုင်အောင် တမင်ရည်ရွယ်ချက်ရှိရှိ ဖြစ်ကောင်းဖြစ်နိုင်တဲ့ မဲသမာမှုတွေ၊ မဲဖောင်းပွမှုတွေလုပ်တာ။ ဒါကိုကမ္ဘာကလည်းသိပါတယ်။ ီUECက တရားမျှတမှု မရှိတာကတော့ ကမ္ဘာကလည်းသိတယ်။ သို့သော် ပြည်သူတစ်ရပ်လုံးကတော့ လက်ရှိအာဏာရပါတီ NLDကိုထောက်ခံတာလည်း သေချာတယ်။ ရွေးကောက်ပွဲကော်မရှင်က တရားမျှတမှုမရှိဘူးဆိုတာ၊ ပြည်တွင်းကနိူင်ငံရေးလေ့လာသုံးသပ်သူတွေ နိုင်ငံရေးပါတီတွေအများစုက အဲ့လိုလက်ခံထားတာ။

 

အဲ့ဒီအပေါ်မှာ တပ်မတော်က ဒါကိုတပ်မက်ဖို့လိုတယ် ဆိုပြီးတော့ ၂၀၀၈မှာပြဌာန်းထားတဲ့အတိုင်းလုပ်တယ်။ အခြေအနေက မတူညီတဲ့အခါကျတော့ အခြေခံဥပဒေနဲ့ညီတယ်၊ မညီဘူးဆိုတာအ ငြင်းပွားမှုပေါ်လာတာပေါ့နော်။ ပေါ်လာတော့ အဲ့ဒီအပေါ်မှာ NLDကို အများစုထောက်ခံမဲပေးခဲ့တဲ့ ပြည်သူလူထုကြီးက မကျေမနပ်ဖြစ်ပြီး အာဏာသိမ်း(သို့) အာဏာလွဲပြောင်းယူတာကို မကျေနပ်လို့ ဆူပူအုံကြွတာ ၈၈နဲ့ပြောင်းပြန်ပေါ့ အဲ့ဒီဖြစ်စဉ်တွေက။ ဒါပေမဲ့ဒီဟာက ၂၀၀၈အခြေခံဥပဒေအရ ဆိုတဲ့အတွက်ကြောင့်မို့ သူက ၈၈ အာဏာသိမ်းတုန်းကလိုတော့ အခြေခံဥပဒေမရှိလို့ဆိုပြီး ၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီးတော့ အာဏာလွဲပေးတာ မလုပ်ခဲ့ဘဲနဲ့ ကြန့်ကြာသွားသလို မကြန့်ကြာနိုင်ဘူး။ သူက ၂၀၀၈အခြေခံဥပဒေကို ဆက်ပြီးတော့ထိန်းသိမ်းထားတယ်လို့ပြောတယ်။ သူအာဏာလွဲပြောင်းယူတဲ့ သက်တမ်းက အလွန်ဆုံးနှစ်နှစ်ပဲ၊ ပထမတစ်နှစ်ယူမယ်၊ နောက် ခြောက်လ၊ ခြောက်လ နှစ်ခါပေါ့။ ဒီထက်ပိုမယူနိူင်ဘူး။ ဒီထက်ပိုယူရင် အခြေခံဥပဒေက ပျက်စီးသွားမှာပေါ့။

 

VOM -ရှေ့ဆက်ပြီး တပ်မတော်နဲ့ NLDကြားမှာ ဘာတွေဖြစ်လာနိုင်မယ်လို့ မြင်လဲ။

UYT- အခုဖြစ်နေတဲ့ ထိပ်တိုက်တွေ့မှုတွေက တကယ်လို့ နစအ ကောင်စီကသာ နိုင်သွားမယ်ဆိုရင်၊ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေက တဖြည်းဖြည်းအရှိန်လျှော့သွားမယ်ဆိုရင်၊ သူတို့ကတိအတိုင်း တနှစ် ပထမတည်ငြိမ်အောင်လုပ်မယ်၊ ဒုတိယ ခြောက်လ သက်တမ်းတိုးပြီးတော့ ရွေးကောက်ပွဲလုပ်ပေးလိမ့်မယ်လို့ ကျနော်ကတော့ယုံတယ်။

ဘာကြောင့်လဲဆိုတော့ အခြေခံဥပဒေ၂၀၀၈ကို မဖျက်ချင်လို့။ ဒီအတိုင်းမဟုတ်ဘဲ နှစ်နှစ်ထက်ကျော်ပြီး အာဏာဆက်သိမ်းထားမယ်ဆိုရင် အခြေခံဥပဒေပျက်ပြီပေါ့ဗျာ။ အခြေခံဥပဒေနဲ့ မညီတော့ဘူးပေါ့ဗျာ။ အဲ့သလိုတော့အဖြစ်မခံနိုင်ဘူး၊ သူတို့ကတိအတိုင်း လုပ်မယ်ဆိုရင် NLDကို ဖျက်သိမ်းဖို့ အချက်အလက်ရှာနေတယ်။ NLDက နိုင်ငံခြား ထောက်ပံ့ငွေ လက်ခံတယ်ဆိုတဲ့အမှု ဦးဌေးအောင်တင်ထားတဲ့ အမှုနဲ့ အချက်အလက်ရှာနေတယ်။ အဲ့ဒါခိုင်မာမှုရှိရင် UECက အဲ့ဒါကိုလုပ်လိမ့်မယ်။ ဖျက်သိမ်းတဲ့အထိတော့ ရောက်သွားမှာပေါ့။

တကယ်လို့ အဲ့လိုမရောက်ဘူး ဆိုရင်တောင်မှ ကျနော်ခန့်မှန်းတာက နောက်ထပ်လုပ်ပေးမဲ့ ရွေးကောက်ပွဲကို NLDကပါမယ် မထင်ဘူး။ ဘယ်လိုဖြစ်သွားမလဲဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ NO Voteလုပ်သလို NLDက သပိတ်မှောက်လိမ့်မယ်လို့ ထင်တယ်။ ဘယ်လိုပြန်ဖြစ်သွားမလဲဆိုရင် အဲ့ဒီနောက်ပိုင်း အဲ့ဒီအစိုးရဟာ ၂၀၁၀မှာပေါ်လာတဲ့ အစိုးရလိုပဲ လွှတ်တော်ထဲမှာတော့ အများကြီးအ နိုင်ရမယ်မထင်ဘူး။ ကျန်တဲ့ပါတီတွေနဲ့မျှပြီး လွှတ်တော်အသစ် ပေါ်လာလိမ့်မယ်လို့ ထင်တယ်။

 

VOM – ရွေးကောက်ပွဲရလဒ်က ပျက်ပြယ်သွားပြီလို့ UECအသစ်က ပြောတယ်။ ဒီအပေါ်မှာရော ဘယ်လိုသုံးသပ်လဲ။

UYT- ဒီလိုရှိတယ်ဗျ။ အခြေခံဥပဒေ၂၀၀၈အရက အာဏာလွဲပြောင်းယူတဲ့ ကောင်စီအနေနဲ့က ရွေးကောက်ပွဲကော်မရှင်တို့ ဘာတို့ အသစ်ပြန်လည်ဖွဲ့စည်းခွင့်မပေးထားဘူး။ သူက အာဏာကြီး သုံးရပ်ဆိုတဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊တရားစီရင်ရေးဆိုတာ သူတို့က ရယူလိုက်တာမှန်တယ်။ နောက်တော့ နိုင်ငံတော်သမ္မတက လွှတ်တော်တွေခေါ်ပြီး အတည်ပြုချက်နဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ ရွေးကောက်ပွဲကော်မရှင်ခုံရုံးတို့ပါ အပါအဝင်ပေါ့။ တာဝန်တွေရပ်ဆိုင်းသွားပြီ ဆိုတာလည်းမှန်တယ်။ ဒါပေမဲ့ ယေဘူယျအားဖြင့် အရေးပေါ်ကာလမှာ ပြည်သူလူထုက ငြိမ်သက်သွားပြီး တာဝန်ဝတ္တရားတွေပြီးဆုံးသွားတဲ့အထိ တာဝန်ထမ်းဆောင်နိုင်တယ် ဆိုတယ်လို့ပဲ ပြဌာန်းထားတယ်။ ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းခွင့်တို့ ရွေးကောက်ပွဲ ပျက်ပြယ်ကြောင်း ကြေညာခွင့်တို့က ပြဌာန်းထားတာမတွေ့ရဘူး။ အဲ့လိုအခြေခံဥပဒေနဲ့မညီတဲ့ အဖွဲ့အစည်းတစ်ခုက ဒီလိုကြေညာလိုက်တာ အခြေခံဥပဒေနဲ့ညီမညီဆိုတာက မေးခွန်းထုတ်စရာဖြစ်မှာပေါ့။

VOM – တပ်မတော်ဘက်အနေနဲ့ NLDပါတီကို မတရားအသင်းကြေညာနိူင်တဲ့ အနေအထားအထိ လုပ်လာနိုင်လား။

UYT – နစအ ကောင်စီအနေနဲ့ တိတိကျကျ ပြောတာမရှိဘူး။ ကာကွယ်ရေးဦးစီးချုပ် ပြောလိုက်တာကို သတိထားမိတာက ရွေးကောက်ပွဲကော်မရှင် အသစ်ကို ဖွဲ့စည်းလိုက်တယ်။ ရွေးကောက်ပွဲ ကော်မရှင်အသစ်က ဆက်လက်ပြီးလုပ်ကိုင်သွားမယ်လို့ ပြောသွားတာ ကျနော်ခန့်မှန်းကြည့်တာကတော့ ၂၀၂၀ ရွေးကောက်ပွဲရဲ့ မဲစာရင်းတွေ ပထမဦးဆုံး စစ်ဆေးတာတွေလုပ်လိမ့်မယ် အခုချိန်ထိတော့ မဲမသမာမှုလုပ်တယ်ဆိုတာ အထောက်အထား အတိအကျတော့ မပြောနိူင်သေးဘူး။

မနေ့က ကျနော်ကြည့်တယ် မဲစာရင်းတွေ အကြီးအကျယ်လွဲမှားနေတာကို တွေ့တယ်။ မြေပြင်စာရင်းတွေနဲ့ ထုတ်ယူသွားတဲ့ မဲစာရင်းတွေ တိုက်ကြည့်တဲ့အခါမှာ လွဲမှားနေတာတွေ တွေ့တယ်။ အဲ့ဒါလောက်ပဲပြောနိုင်သေးတာ သူတို့ဘယ်လို မဲမသမာမှုလုပ်တယ်ဆိုတာ အခုချိန်ထိမထုတ်ပြန်နိုင်ဘူး။ အဲ့ဒါတွေကို သူတို့ထပ်လုပ်လိမ့်မယ်။ မနေ့ကတော့ တက်ရောက်လာတဲ့သူတွေက မဲမသမာမှု
လုပ်တဲ့အတွက် NLDကို ဘယ်လိုအရေးယူမှာလဲ ဆိုတာ တွန်းတာမျိုးတွေ၊ မေးတာမျိုးတွေရှိတယ်။ ဦးသိန်းစိုးဖြေသွားတာကတော့ ဥပဒေအရပဲသွားမယ်၊ ဥဒေအရဆိုရင် ရွေးကောက်ပွဲပြန်လုပ်ရင် သုံးနေရာအနည်းဆုံးပြိုင်ရမယ်။ မပြိုင်တဲ့ပါတီက ဥပဒေအရဖျက်သိမ်းခံရမယ်။

NLDက မပြိုင်ဘူးဆိုရင်တော့ ဥပဒေနဲ့ငြိပြီး သေချာပေါက်ဖျက်သိမ်းခံရမယ်။ နောက်တစ်ခုက ဦးဌေးအောင် တင်ထားတဲ့ နိုင်ငံခြား ရန်ပုံငွေ အထောက်အပံ့ယူထားတဲ့ကိစွကို စစ်ဆေးတာလည်း ထုတ်ပြန်တာ မတွေ့ရသေးဘူး။ ဒါပေမဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက နိုင်ငံခြားငွေတွေ စီးဝင်တာတွေ့တယ်လို့ ထုတ်ပြန်ပြောဆိုတာတွေ့ရတယ်။ အဲ့ဒီကငွေတွေက တစ်ဖက်လှည့်နဲ့ NLDကို စီးဝင်လားဆိုတဲ့ အ
နေအထားကို ဆက်ပြီးစစ်ဆေးမယ်လို့ ယူဆလို့ရတယ်။ အဲ့ဒီဥပဒေပြဌာန်းချက်နဲ့ ငြိစွန်းတာတွေ့ရင်
အဲ့ဒီအခြေအနေအောက်မှာလည်း NLD ဖျက်သိမ်းတာ ခံရနိုင်တယ်။

VOM – လက်ရှိအခြေအနေမှာ NLDပါတီအပေါ်မှာ ရောဘယ်လိုမြင်လဲ။

UYT – လက်ရှိအခြေအနေကတော့ ပြည်သူလူထုရဲ့ထောက်ခံမှုအမြင့်မားဆုံးရနေတဲ့ အချိန်မှာ အဖမ်း
မခံရဘဲနဲ့ ကျန်နေတဲ့သူတွေက တက်နိုင်သလောက် လှုပ်ရှားနေကြမှာပဲ။ ဥပမာ မနေ့က လုပ်တဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြောဆိုမှုတွေကို ဆန့်ကျင်စာထုတ်တာမျိုး၊ အခြေခံဥပဒေနဲ့မညီကြောင်း ထုတ်ပြန်တာမျိုး၊ CRPH ကော်မတီဖွဲ့ပြီးတဲ့အခါကျတော့ ကုလသမဂ္ဂကိုစေလွှတ်ပြီး အသိအမှတ်ပြုဖို့ ကြိုးစားတာမျိုး သူတို့လည်းတတ်နိုင်သလာက်တော့ လုပ်မှာပါ။

လုပ်တဲ့အခါမှာ အဓိကက ၂၀၂၀ ရွေးကောက်ပွဲ အခြေအနေပြန်ရဖို့ကတော့ တပ်မတော်ဘက်က လုပ်တဲ့အာဏာလွဲပြောင်းတဲ့ ရယူထားတဲ့ နစအ ကောင်စီက အလျှော့ပေးမလား၊ ရှုံးသွားမလား၊ဆန္ဒပြတဲ့သူတွေက နိုင်သွားမလားဆိုတာ သူတို့အပေါ်မှာ အများကြီးမူတည်တာပေါ့။

ဒါတွေကလည်း အခြေအနေအရပ်ရပ်နဲ့ သမိုင်းကြောင်းတွေ သုံးသပ်ကြည့်ရတာကတော့ သိပ်ပြီးမဖြစ်နိုင်ဘူး။ သိပ်ပြီးမလွယ်လှဘူး။ နိုင်ငံတကာမှာလည်း တော်တော်များများ အမေရိကန်တို့ အနောက်ဥရောပတို့ အဲ့ဒီနိုင်ငံတွေက ဆန့်ကျင်ကန့်ကွက် ပိတ်ဆို့နေပေမဲ့ စစ်ရေးအရ ဝင်ရောက်စွက်ဖက်တာမျိုးနဲ့ ထိထိရောက်ရောက် စီးပွားရေးအရ ပိတ်ဆို့တာမျိုး မလုပ်နိူင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ကိုထောက်ခံနေတဲ့ အိမ်နီးချင်နိုင်ငံတွေ တရုတ်၊ ရုရှား၊ စင်ကာပူ၊ အိန္ဒိယတို့ကလည်း ရှိနေတဲ့အခါကျတော့ နစအ လည်း ခက်ခက်ခဲခဲနဲ့ တစ်နှစ်ခွဲကာလကို ဖြတ်သန်းသွားလိမ့်မယ်လို့ ကျနော်ကတော့ အဲ့လိုထင်တယ်။

 

VOM – အခု NLDက လုပ်နေတဲ့ ကြားကာလ ပြည်သူအုပ်ချုပ်ရေး ဆိုတာကရော စင်ပြိုင်အစိုးရဖွဲ့တဲ့ သဘောဖြစ်နိုင်မလား။

UYT – ဖြစ်စေတာပေါ့ ဖြစ်စေတဲ့ အတွက်ကြောင့် ဒါကိုအစိုးရက ဖမ်းတာဆီးတာ စစ်ဆေးတာတွေလုပ်
လိမ့်မယ်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းတယ် ဆိုတာမျိုးက ကျနော်အတွေ့အကြုံအရ ကွန်မြူ
နစ်တွေက ဂျပန်နယ်ချဲ့ဆန့်ကျင်ရေး အဂ်လိပိနယ်ချဲ့ဆန့်ကျင်ရေးတို့ ရေရှည်တိုက်ပွဲလုပ်ချင်တဲ့အခါမှာ သူတို့ရဲ့ လွတ်မြောက်တဲ့ ဒေသမှာ လုပ်ကြတယ်။ အဓိကအားဖြင့် အစိုးရတစ်ရပ်ရဲ့ အာဏာဖြစ်တဲ့ တပ်၊ ရဲတပ်ဖွဲ့ တရားစီရင်ရေးတို့၊ အဲ့အဖွဲ့အစည်းတွေရှိတယ်။ အဲ့လိုရှိမှ အဲ့ဒီဒေသမှာ သူတို့ အာဏာကမြဲတာပေါ့နော်။ ဆိုလိုတာက ဝ နယ်လိုဟာမျိုးပေါ့။ အရင်ကွန်မြူနစ်ပါတီက သိမ်းထားပြီး အဲ့လိုအဖွဲ့အစည်းတွေ ထူထောင်ပြီးတော့ သူတို့အာဏာကို တည်ဆောက်တာပေါ့။ အဲ့တုန်းကတောင် စင်ပြိုင်အစိုးရထောင်ဖို့ စဉ်းစားကြသေးတယ်။ ကျနော်တို့လည်း အဲ့ဒီမှာကိုယ်တိုင်ပါနေတော့ သိပ်ပြီးတော့ မဖြစ်နိုင်ဘူးဆိုပြီးတော့ မလုပ်ခဲ့ဘူးပေါ့နော်။ ဗမာပြည်ကွန်မြူနစ်ပါတီက မြန်မာနိုင်ငံ စင်ပြိုင်အစိုးရတည်ထောင်ရင် အသိအမှတ်ပြုမယ့်သူက နည်းတယ်လေ။ ဒါပေမယ့် သေချာတာကတော့ သူတို့စိုးမိုးထားတဲ့တပ်မတော်က တပ်တွေ၊ ရဲတပ်ဖွဲ့တွေ မလာနိုင်တဲ့ နေရာတွေမှာတော့ သူတို့အာဏာက ခိုင်မာမှုရှိတာတော့ သေချာတယ်။ အခုက ဝ ဒေသက သက်သေလေ။ ဒီဘက်က အာဏာသက်ရောက်မှု လုံးဝမရှိဘူးပေါ့။

အခု NLDက ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး ထူထောင်တယ်ဆိုတာ ဟုတ်ပြီ ထူထောင်ပြီ၊ ဘယ်လောက်ကြာကြာလုပ်နိုင်မလဲ။ ဒါကိုဘယ်သူက ကြီးကြပ်မှာလဲ ဘယ်သူကအာမခံမှာလဲ။

ဆိုလိုတာက အဲ့အဖွဲ့အစည်းကို အသိအမှတ်ပြုတဲ့ ရဲတို့ တပ်တို့ တရားစီရင်ရေးတို့ ရှိပြီလား။ ကိုယ်ပိုင်ပေါ့။ မရှိသေးဘူး။ ဒီလူတွေကို ဖမ်းဆီးပြီးတော့ အရေးယူမယ်ဆိုရင် အစားထိုးမဲ့သူရှိလား။ ကာကွယ်မဲ့သူရှိလား။ မရှိသေးဘူးလေ။ ဒါကလည်း ရေရှည်ခံမဲ့သဘောမရှိဘူးပေါ့ဗျာ။

 

VOM – EUနဲ့USက စီးပွားရေးပိတ်ဆို့မှုတွေအပေါ် ဘယ်လိုမြင်လဲ။ မြန်မာပြည်ရဲ့ စီးပွားရေးအပေါ် သက်ရောက်မှုရှိလား။

UYT – အစိုးရအပေါ်တော့ ထိခိုက်မှုတွေရှိပါတယ်။ ဥပမာ ပြောရရင် အမေရိကန်က ဆန်ရှင် လုပ်တယ်ဆိုပါတော့။ တစ်ဦးချင်းရဲ့စီးပွားရေးတွေ သိပ်ချမ်းသာတဲ့ ဗိုလ်ချုပ်တွေရဲ့ စီးပွားရေးကို တိုက်ရိုက်ထိခိုက်မှုရှိသလို နိုင်ငံခြားလည်းမသွား၊ ငွေတွေဘာတွေမထားနိူင်တဲ့ ဗိုလ်ချုပ်တွေအတွက်ကတော့ သားသမီးတွေ မပို့နိုင်တဲ့ ဗိုလ်ချုပ်တွေအတွက်ကတော့ ဘာမှမထူးဘူးပေါ့ဗျာ။ ထူးပြီးတော့ သက်ရောက်မှုမရှိဘူးပေါ့ ဗျာ။ ဒါပေမဲ့ကျနော်တို့တိုင်းပြည်ရဲ့ ငွေအလွဲအပြောင်းကိစွတွေမှာ နယူးယောက်က ဘဏ်ကို ဖြတ်သန်းရတဲ့အခါကျတော့ အဲ့ကိစ္စမှာ တုံ့ဆိုင်းသွားတော့ ကျနော်တို့နိုင်ငံရဲ့စီးပွားရေး ကိစွတွေမှာပါ ထိခိုက်တာပေါ့။

အရောင်းဝယ်ကိစွတွေမှာပါ ထိခိုက်မယ်။ နောက်တစ်ခုက မြန်မာပြည်က ကုန်ပစွည်းတွေ သပိတ်မှောက်မယ်။ အထူးသဖြင့်အထည်ချုပ်လုပ်ငန်းတွေပေါ့ဗျာ အဲ့ဒါမျိုးတွေပေါ့။ စီးပွားရေးလုပ်ငန်းရှင်တွေ ထိခိုက်မှာဖြစ်သလို ပြည်သူလူထုကလည်း ဒုက္ခရောက်မှာပေါ့။

ပြည်သူတွေ အလုပ်လက်မဲ့ဖြစ်မယ်။ သန်းနဲ့ချီပြီး နိုင်ငံခြား ပြန်ထွက်ပြီးတော့ သူများဆီသွားကျွန်ခံရမယ် အဲ့လိုတွေဖြစ်မယ်။ သပိတ်မှောက်မှုတွေ ပြည့်ပြည့်ဝဝကြီး မသက်ရောက်တာကတော့ သူ့မှာ ကယ်မဲ့သူ၊ အားကိုးလို့ရတဲ့သူတွေကလည်း ရှိနေသေးတယ်။ ဥရောပEU နဲ့အမေရိကန်တို့က သပိတ်မှောက်ပေမဲ့ ရုရှား၊ တရုတ်တို့ အိမ်နီးချင်း စင်ကာပူတို့ အိန္ဒိယတို့ အဲ့လိုနိုင်ငံတွေ ထပ်ပြီးတော့ကုန်သွယ်လို့ရတယ်။ အရောင်းအဝယ်တွေ လုပ်လို့ရတယ်။ လုံးဝကြီး အကျပ်အတည်းမဖြစ်ဘူး။ တော်တော်လေးတော့
ခက်သွားမှာပေါ့ ။

အာဏာသိမ်းလိုက်တဲ့အတွက် တိုင်းပြည်ပုံရိပ်လည်း ကျဆင်းတယ်။ စီးပွားရေးအရလည်းထိခိုက်တယ်။ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အနှောင့်အယှက်ဖြစ်တော့ အများကြီး စိတ်မကောင်းဘူးပေါ့ဗျာ။ ဒါပေမဲ့ ဒီလိုဖြစ်မလာအောင် ကြိုပြီးတော့ ရှောင်နိုင်ရဲ့သားနဲ့ မရှောင်ခဲ့တဲ့ အတွက်လည်း တော်တော်ကို ဂရုဏာဒေါသ ဖြစ်တာပေါ့ဗျာ။ အမှန်က ဖြစ်တဲကိစွက ပြသာနာသေးသေးလေးပါ။ တကယ်က UEC အနေနဲ့ ရွေးကောကပွဲဆိုင်ရာ အချက်အလက်တွေကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ကြေညာပြီးတော့ အမှားတွေရှိတယ်ဆိုရင် တတိယအဖွဲ့ တဖွဲ့ဖွဲ့ပြီးတော့ စုံစမ်းစစ်ဆေးမယ်၊ စစ်ဆေးခွင့်ပြုမယ် စစ်ဆေးပြီးရင် အမှားတွေကို ဥပဒေအရအရေးယူမယ်။ စောစောစီးစီးကတည်းက လုပ်ခဲ့မယ်ဆိုရင် တပ်က အာဏာသိမ်းဖို့ အကြောင်းရှာလို့မရတော့ဘူး အကြောင်းပြချက်ပေးလို့မရတော့ဘူး။

ဒါပေမဲ့ သူက ခေါင်းမာပြီးတဲ့အခါကျတော့ မထုတ်ပြန်ဘူးလို့ပြောတဲ့အခါကျတော့ အခုလိုအာဏာသိမ်းခံရတာကို ကျနော်အနေနဲ့တော့ တော်တော်စိတ်မကောင်းဖြစ်မိတယ်။ တစ်တိုင်းပြည်လုံး ပြည်သူလူထုက ပေးဆပ်လိုက်ရတဲ့ဒုက္ခပေ့ါဗျာ။

Related posts

Leave a Comment

VOM News

FREE
VIEW