စစ်ကိုင်းမြို့မှာ ပစ်ခတ်ဖြိုခွင်းမှုတွေ ရှိပေမယ့်လည်း ဆက်လက်ချီတက်ဆန္ဒပြ

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၁။
MTY

စစ်ကိုင်းမြို့မှာ ဆန္ဒပြမယ့်လူထုကို သေနတ်ပစ်ဖောက် ဖြိုခွင်းမှုရှိပေမယ့်လည်း လူထုမှ ဆက်လက်ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ စစ်အာဏာရှင် မလိုမရှိကြောင်း ချီတက်ဆန္ဒပြမယ့် စုရပ်ဖြစ်တဲ့ မရှိခဏစေတီတော်မှာ ရဲတပ်ဖွဲ့တွေရောက်ရှိလာပြီး သေနတ်သုံးချက် ပစ်ဖောက်ကာ လူစုလူဝေးကို ဖြိုခွင်းခဲ့ပေမယ့်လည်း လူထုမှာ စစ်ကိုင်းတောင်ရိုးလမ်းဘက်ကို ချီတက်ပြီး ဆက်လက်ဆန္ဒပြခဲ့ပါတယ်။

ဒါအပြင် မြို့တွင်းမှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြတဲ့သူတွေကို လိုက်လံဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပြီး ဖမ်းဆီးခံရသူ အချို့လည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #vom #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW