ဆန္ဒပြရာမှာ ဖမ်းဆီးခံထားရသူအချို့ကို လွှတ်ပေးပြီး ကျန်သူတွေကို ၅၀၅(က)နဲ့ အမှုဖွင့်

မတ် ၂-၂၀၂၁
ယဉ်ပပထွန်း(VOM)

ဆန္ဒပြရာမှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပြည်သူအချို့ကို ဒီနေ့ မတ်လ ၂ရက်နေ့ မနက် ၈နာရီ မိနစ် ၃၀ မှာ ရန်ကုန် အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် ၁၀ ဦး၊ တာမွေမြို့နယ် ၄၁ ဦး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ၂ ယောက်၊ မြောက်ဒဂုံမြို့နယ် ၇၁ ဦး၊ သာကေတမြို့နယ် ၂၀၇ဦး၊ တောင်ဥက္ကလာပမြို့နယ် ၄ဦး၊ ဗိုလ်တထောင်မြို့နယ် ၁၉ ဦး၊ မြောက်ဥက္ကလာပမြို့နယ် ၄ဦး၊ မရမ်းကုန်းမြို့နယ် ၁ ဦး၊ လှည်တန်း ၈၁ ဦး၊ စမ်းချောင်းမြို့နယ် ၁၈ ဦး၊ လှိုင်မြို့နယ်၃၄ ဦး၊ ကျောက်တံတားမြို့နယ် ၂၇ ဦး၊ ဗဟန်းမြို့နယ် ၃ ဦး၊ ကြည့်မြင့်တိုင်မြို့နယ် ၈ ဦး စုစုပေါင်း ၅၃၀ ဦးကို ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့လူတွေက စုစုပေါင်း လူဦးရေ ၆၀၀ ကျော်ဖြစ်ပြီး ကျန်တဲ့ အယောက် ၇၀နီးပါးကိုတော့ ပုဒ်မ၅၀၅(က)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရတဲ့ထဲမှာ ဆန္ဒပြပွဲတွေကို သတင်းရယူနေတဲ့ သတင်းထောက်တွေပါ ပါဝင်တာကို တွေ့ရပါတယ်။

ဒီနေ့ လွတ်မြောက်လာသူတွေကို YBS ကားတွေနဲ့ အင်းစိန်ထောင်ကနေ သက်ဆိုင်ရာ မြို့နယ် ရဲစခန်းကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။

#VoiceOfMyanmar #VOM #ဆန္ဒပြသူတွေ #ပြန်လွတ်မြောက်

Related posts

Leave a Comment

VOM News

FREE
VIEW