မတ် ၃-၂၀၂၁
TG(VOM)
ဒီနေ့ မတ်လ ၃ရက်နေ့ မနက် ပြည်မြို့ဆန္ဒပြမှုကို ရဲနဲ့စစ်တပ်က သေနတ်ပစ်ဖောက် ဖြိုခွဲခဲ့ပြီး ပြည်က DVB သတင်းထောက်ကိုမင်းညိုကို ရိုက်နှက်ပြီး ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။
မျက်မြင်တွေ့ရှိသူတစ်ဦးက “သေနတ်နဲ့ ပစ်တော့ ပြေးကြချိန်မှာ ကိုမင်းညိုက အကို့နောက်မှာကျန်ခဲ့တယ်။ အဲ့အချိန် မှာသူ့ကို ရိုက်နှက်ပြီးဖမ်းခေါ်သွားတယ်”လို့ ပြောပါတယ်။
ပြည်မြို့နာရီစင်မှာ စုရပ်လုပ်ပြီး ဆန္ဒပြဖို့လူစုခဲ့ရာ ရဲနဲ့စစ်တပ်က ဆန္ဒပြ သူတွေကို သေနတ်ပစ်ဖောက် ဖြိုခွင်းခဲ့တာဖြစ်ပြီး ပိတ်မိနေသူတချို့လည်း ရှိနေတယ်လို့သိရပါတယ်။
လက်ရှိမှာ ကိုမင်းညိုအိမ်ကို စစ်တပ်က လာရောက်ဝိုင်းထားတာကို တွေ့ရပါတယ်။
#VoiceOfMyanmar #VOM #ပြည် #DVBသတင်းထောက် #ရိုက်နှက်ဖမ်းဆီးခံရ #ကိုမင်းညို