မန်းတိုင်းဝန်ကြီးချုပ် အပါအဝင် ဝန် ကြီးတွေရဲ့ ရုံးချိန်းနေ့ ဖြစ်တဲ့အတွက် မြို့နယ်တရားရုံးရှေ့မှာ ဆန္ဒပြနေ

မန္တလေး၊ မတ်- ၅- ၂၀၂၁
ရှိုင်းအောင်(VOM)

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ ပုဒ်မ – ၁၉ နဲ့ တရားစွဲဆိုခံ ထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် အပါ အဝင် ဝန်ကြီးတချို့ကို စစ်ဆေးမယ်လို့ သိရတဲ့အတွက် ပြည်သူလူထုက အောင်မြေသာစံမြို့နယ်တရားရုံးရဲ့ အရှေ့မှာ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

မန္တလေးတိုင်း ဝန်ကြီးချုပ်အပါအဝင် တချို့ ဝန်ကြီးတွေကိုလည်း NLD ပါတီရဲ့ ထုတတ်ပြန်ချက် စာစောင်တွေနဲ့ပတ်သက်ပြီး မြို့ နယ်တရားရုံးအသီးသီးမှာ ၅၀၅ (ခ) နဲ့လည်း တရားစွဲဆိုထားတာ ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အောင်မြေသာစံမြို့နယ်တရားရုံးက တရားခုံ တွေရဲ့ တံခါးတွေ သော့ခတ်ထားပါတယ်။

ပုဒ်မ – ၅၀၅(ခ) နဲ့ပါ တရားစွဲဆိုခံထားရတဲ့ ဝန်ကြီး ချုပ် ဒေါက်တာဇော်မြင့်မောင်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကလည်း အောင်မြေသာစံ မြို့နယ်တရားရုံးမှာ ဗီဒီယို ကွန်ဖရန်းစင်းနဲ့ စစ်ဆေးခဲ့ပါတယ်။

#VOM #voiceofmyanmar #Mandalay #ဒေါက်တာဇော်မြင့်မောင် #မန္တလေးတိုင်း #ဝန်ကြီး #ဝန်ကြီးချုပ်

Related posts

Leave a Comment

VOM News

FREE
VIEW