မြောက်ဥက္ကလာ ကန်သာယာသပိတ်ကို ဖြိုခွဲပြီး လူနှစ်ဆယ်ကျော်ဖမ်းဆီး

ရန်ကုန်၊ မတ် ၁၀-၂၀၂၁
အေးချမ်းသူ(VOM)

မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာပန်းခြံရှေ့မှာ ဒီနေ့ မတ်လ ၁၀ရက်နေ့ မနက်ပိုင်းက ပြုလုပ်တဲ့ ဆန္ဒပြပွဲကို စစ်တပ်နှင့်ရဲက မျက်ရည်ယိုဗုံး၊ အသံဗုံးတွေအသုံးပြု ဖြိုခွင်းပြီး လူနှစ်ဆယ်ကျော်ဖမ်းဆီးထားကြောင်း ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးကနေ သိရပါတယ်။

“အခုကလေးတွေကို ကန်သာယာပန်းခြံထဲမှာ ဒူးထောက်ခိုင်းပြီး ပါးတွေနားတွေရိုက်နေတယ် နှစ်ဆယ်ကျော်တယ် ဖမ်းမိသွားတာ” လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးရသူအများစုဟာ ကျောင်းသားလူငယ်တွေဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ရက်နေ့ကလည်း မြောက်ဥက္ကလာပမြို့နယ်သပိတ်ကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့လို့ လူအသေအပျောက်အများအပြား ရှိခဲ့ပါတယ်။
#VoiceOfMyanmar #VOM #မြောက်ဥက္ကလာ #ကန်သာယာသပိတ် #ဖမ်းဆီး #ဖြိုခွဲ

Related posts

Leave a Comment

VOM News

FREE
VIEW